Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဝန်ကြီးချုပ်ဟောင်း သက်ဆင်အမှုကို တရားရုံးတင်ရန်ပြင်ဆင် 

ဉာဏ်မောင်။ မတ် ၃၁၊ ၂၀၀၈ 

ထိုင်းနိုင်ငံ စုံးစမ်းစစ်ဆေးရေးကော်မရှင် (ASC)က ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်လက် ထက်က ချေးငွေထုတ်ချေးရန် အာမခံမှုများနှင့်ပတ်သက်၍ တရားဥပဒေနှင့်အညီ စစ်ဆေးပြီး တရားရုံးသို့ တင်ပြမည်ဖြစ်သည်။ 

ထိုင်းနိုင်ငံဝန်ကြီးချုပ်တာဝန်ကိုထမ်းဆောင်ခဲ့စဉ်က မစ္စတာသက်ဆင်က ထိုင်းနိုင်ငံသွင်းကုန် ထုတ်ကုန်ဘဏ် (EXIM)မှ မြန်မာနိုင်ငံသို့ ချေးငွေဘတ် (၄)ဘီလီယံထုတ်ချေးရန် အာမခံမှုကို စုံစမ်းစစ်ဆေးမည် ဖြစ်သည်။ 

ထိုငွေချေးယူမှုသည် ပုဂ္ဂလိကအကျိုးစီးပွားသက်သက်သာဖြစ်ကြောင်းကို ASC အဖွဲ့ဝင်များက ထောက်ခံသဘောတူညီမှုရလျှင် (၁၄)ရက်အတွင်း ၎င်းအမှုကို တရားရုံးချုပ်သို့ ဆက်လက်ပေး ပို့သွားမည်ဖြစ်သည်။  

မြန်မာစစ်အစိုးရ ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်လက်ထက်က ရန်ကုန် MICT Park အတွက် လိုအပ်သော အင်တာနက်ဂြိုလ်တုစလောင်းပစ္စည်းများကို ထိုင်းနိုင်ငံဝန်ကြီးချုပ် ဟောင်း သက်ဆင်၏ဇနီးပိုင်ဆိုင်သော ကုမ္ပဏီမှ အကြွေးဖြင့်ဝယ်ယူနိုင်ရန် (EXIM)ဘဏ်မှ ငွေချေးခဲ့ပြီး ယခုအချိန်ထိ စစ်အစိုးရမှ ပြန်လည်ပေးချေခြင်း မရှိသေးပေ။  

ထို့အပြင် မစ္စတာသက်ဆင်၏ သမီးဖြစ်သူ ပင်သွန်တာ ရှင်နာဝပ်တရာ၏ ဘတ် (၂)ဘီလီယံခန့် တန်ဖိုးရှိသော ပိုင်ဆိုင်မှုများကို တားမြစ်ထားသောအမိန့်များကို မကြာမီရက်ပိုင်းအတွင်းတွင် ပယ်ဖျက်ပေးမည် ဖြစ်သည်။  

လက်ရှိ ဘန်ကောက်မြို့တော်ဝန် အပါရတ်ကိုဆာယိုဒင်ကလည်း စုံစမ်းစစ်ဆေးရေးကော်မရှင် က သူ့အား အရှက်ရစေရန် စွပ်စွဲထားသော စက်လှေများ သဘောင်္များနှင့် ပတ်သက်၍ သက် သေခံ အထောက်အထားများ ရှာဖွေ၍ ပြန်လည်ခုခံချေပမည် ဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org