Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ထိုင်းက မြန်မာအရေးနှင့်ပတ်သက်၍ အနောက်နိုင်ငံများနှင့် ထိပ်တိုက်မတွေ့လို

ဉာဏ်မောင်။ မတ် ၂၁၊ ၂၀၀၈

မြန်မာနိုင်ငံဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံမှ ကျင့်သုံးနေသော မူဝါဒများသည် အနောက်နိုင်ငံများနှင့် ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်လာလျှင် စစ်အစိုးရ၏ လုပ်ရပ် များကို ကန့်ကွက်မည်ဟု ဆိုသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး နော့ပဒွန်ပတ်တမာက ၀ါရှင်တန်အခြေစိုက် မဟာဗျူဟာလေ့လာရေး ဖိုရမ်တွင် ယမန်နေ့က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက “မြန်မာအရေးနဲ့ပတ်သက်ပြီး ငြိမ်ငြိမ်လေးနေပေမဲ့ တဖြည်းဖြည်းနဲ့ မြန်မာပြည်သူတွေအတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို အနီးစပ်ဆုံးဖြစ်အောင် ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ပြောင်းလဲသွားစေနိုင်ဖို့ရည်ရွယ်ပါတယ်” ဟုဆိုသည်။

မြန်မာနိုင်ငံတွင် လာမည့်မေလ ပြုလုပ်မည့် အခြေခံဥပဒေဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲနှစ်မျိုး စလုံးတွင် အထူးသဖြင့် ဒ်ါအောင်ဆန်းစုကြည် ရွေးကောက်ပွဲတွင် ပါဝင်ခွင့်၊ နိုင်ငံတကာ၏ ကြီးကြပ်မှုရရှိရန်တို့ကို ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့ သည်။

မြန်မာစစ်အစိုးရအနေနဲ့ ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို အမှန် တကယ်ဆက်လုပ် ဆောင်မည်ဆိုလျှင် အခြေခံဥပဒေဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲတို့တွင် အားလုံးပါဝင်နိုင်ရေး၊ ယုံကြည်မှုရရှိရေးတို့ကို မဖြစ်မနေလုပ်ကိုင်ဆောင်ရွက်ရမှာဖြစ်ပြီး ကုလသမဂ္ဂနှင့်လည်း ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထို့အပြင်၎င်းက “အမှန်တကယ်လဲ ထိုင်း၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကို သင်္ခန်းစာယူမယ် ဆိုရင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲဖို့အတွက် ပြင်ပကမဟုတ်ဘဲ ပြည်တွင်းကပဲ လုပ်ရပါလိမ့် မယ်”၊ “ပထမအဆင့်အနေဖြင့် မြန်မာအာဏာပိုင်တွေဟာ ထိုင်းနိုင်ငံမှာလုပ်ခဲ့တဲ့ တမျိုးသားလုံး အခြေခံဥပဒေဆန္ဒခံယူ ပွဲအတွေ့အကြုံကို ကျွန်တော်တို့ဆီမှာမေးမြန်ပြီး လေးစားလုပ်ကိုင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဆက်လက်ပြောသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကွန်ဒိုလီဇာရိုက်နှင့် တွေ့ဆုံစဉ် ၎င်းက  အထူးပြုပြောဆိုခဲ့သည် မှာ “အခုထိခိုင်ခိုင် မာမာရပ်တည်လာတဲ့ အမေရိကန်နဲ့ အာစီယံနိုင်ငံတွေရဲ့ တိုးတက်ကောင်း မွန်နေတဲ့ ဆက်ဆံရေးကို မြန်မာနိုင်ငံကိစ္စနဲ့ပတ်သက်ပြီး မထိခိုက်စေချင်ဘူး” အာစီယံနိုင်ငံ အနေနဲ့ လုပ်ပိုင်ခွင့်တွေမှာ တနိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခွင့် မရှိပါဘူး။ ဒါပေမဲ့ (ထိုင်းနိုင်ငံ)အနေနဲ့ အာစီယံဥက္ကဌ အသစ်အနေနဲ့ တာဝန်ထမ်းဆောင်တဲ့ အချိန်မှာတော့  မြန်မာနိုင်ငံနဲ့လည်း အပြုသဘောဆက်ဆံရေးတွေ အများကြီးလုပ်ရမှာပါ” ဟု ဆိုသည်။

ထိုင်းနိုင်ငံသည် လာမည့်ဇွန်လမှစတင်၍ အာစီယံ(၁၀)နိုင်ငံ၏ ဥက္ကဌတာဝန်ကို စင်္ကာပူနိုင်ငံထံ က လွှဲပြောင်းတာဝန်ယူရမည်ဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org