|
မြန်မာစစ်တပ်အတွင်း
သဘောထားကွဲလွဲနေသည်ဟုဆို
ဉာဏ်မောင်။
မတ် ၂၆၊ ၂၀၀၈
မြန်မာစစ်တပ်အတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်သည့်အုပ်စုနှင့်
ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးဦးဆောင်သည့် အုပ်စုအကြား
သဘောထားကွဲလွဲနေသည်ဟု ဘန်ကောက်ပို့စ် သတင်းစာတွင် ယနေ့ဖော်ပြခဲ့သည်။
မြန်မာ့အရေးနှင့်ပတ်သက်၍ ရေးသားရာတွင် ထင်ရှားလှသူဆောင်းပါးရှင်
လယ်ရီရေဂင်၏ ဆောင်းပါးကို မနက်ဖြန်ကျရောက်မည့် စစ်အစိုးရ၏
(၆၃)နှစ်မြောက် တပ်မတော်နေ့အကြို ယနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာတွင်
ဖော်ပြခဲ့ခြင်းဖြစ်သည်။
အဓိကအားဖြင့် စစ်အစိုးရပြုလုပ်နေသည့် လမ်းပြမြေပုံနှင့်ပတ်သက်၍
စစ်တပ်အတွင်း မည်သည့်အုပ်စုမှ ထိန်းချုပ်မည်ဆိုသည့်အချက်ကို ထောက်ပြကာ
ဆောင်းပါးရှင်က ရေးသားခဲ့ ခြင်းဖြစ်သည်။
စစ်အစိုးရအတွင်း ကွဲလွဲနေသည့်နှစ်ဖွဲ့မှာ အဓိကစီးပွားရေး
ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်နေ သည့် ၀န်ကြီးများနှင့်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖွဲ့စည်းထားသည့် ကြံ့ဖွံ့အုပ်စုနှင့်
ဒုတိယထိပ် တန်းအကြီးအကဲ ဒုတိယ
ဗိုလ်ချုပ်မှူးကြီးမောင်အေးအုပ်စုဖြစ်သည်ဟု ဆိုသည်။
ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးသည် တပ်မတော်အခန်းကဏ္ဍအား ပြည်သူလူထုကို
ကာကွယ်စောင့်ရှောင့်မည့်တပ်မတော်အဖြစ် ဖြစ်စေချင်ပြီး
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်အုပ်စု၏ အစိုးရအဖွဲ့အတွင်း
လာဘ်ပေးလာဘ်ယူ ချစားမှုများအား ကြည့်ရှုပြီး တနေ့တခြားကြောက်ရွံ့
လာနေသည်ဟု ဆောင်းပါရှင်က ဆိုသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်စစ်အုပ်စုသည် မေလဆန္ဒခံယူပွဲ၏
နောက်ဆက်တွဲ ၂၀၁၀ ရွေး ကောက်ပွဲတွင် အစိုးရအသွင်တရပ်အဖြစ်
ကူးပြောင်းသွားခဲ့ပြီး အစိုးရအာဏာကို ဆက်လက် ချုပ်ကိုင်မည်ကို
အခြားအုပ်စုက စိုးရိမ်နေသည်ဟု ဖော်ပြထားသည်။
ဆောင်းပါးရှင်က တပ်မတော်တွင်းစည်းရုံးနေသယောင် စစ်ရေးပြအခမ်းအနားကို
နှစ်စဉ်ပြုလုပ် နေခြင်းသာဖြစ်ပြီး ယခုတပ်တွင်း တိုက်ပွဲမှာ
ယခင်နှစ်ကကဲ့သို့ စစ်တပ်နှင့်သံဃာထုအကြား ပဋိပက္ခမဟုတ်ပဲ စစ်တပ်အတွင်း
အုပ်စုနှစ်စုကြားတွင် ဖြစ်မည့်တိုက်ပွဲဟု ဆောင်းပါး၏ အဖွင့်
တွင်ဖော်ပြထားခဲ့သည်။ |