|
ဗကသခေါင်းဆောင်များ
ကျန်းမာရေးစိုးရိမ်နေကြောင်း ကြေညာချက်ထုတ်ပြန်
ဖြိုးကြီး။
မတ် ၂၄၊ ၂၀၀၈
အဖမ်းဆီးခံ
ဗကသခေါင်းဆောင်များ၏ ကျန်းမာရေးအခြေအနေများနှင့်ပတ်သက်၍ စိုးရိမ်နေရ
ကြောင်း ဗကသ(နိုင်ငံခြားရေးရာ ကော်မတီ)က ကြေညာချက်တစောင်
ထုတ်ပြန်လိုက်သည်။
အစာအိမ်ရောဂါဝေဒနာကို ခံစားနေရသော ဗကသခေါင်းဆောင်
ကိုကျော်ကိုကိုနှင့်အတူ အခြား ကျောင်းသားခေါင်းဆောင်များကို
စစ်ကြောရေးစခန်းများတွင် ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ် လာပါက ၎င်းတို့
အသက်အန္တရာယ်စိုးရိမ်ရသောကြောင့် ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာ
လိုက်ခြင်း ဖြစ်သည်။
၎င်းကြေညာချက်တွင် ဗကသနိုင်ငံခြားရေးရာကော်မတီမှ ကိုမင်းနိုင်က
“ကိုကျော်ကိုကိုဟာ ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ပြီး
ကျောင်းသား ထုကို ဦးဆောာင်မှုတွေပေးနိုင်ခဲ့တယ်။ စက်တင်ဘာ
သံဃာ့လှုပ်ရှားမှုမှာလည်း ဘုန်းကြီးတွေနဲ့ အတူ လက်တွဲပါဝင်ခဲ့တယ်။
အာဏာပိုင်တွေ လိုက်လံဖမ်းနေတဲ့ကြားကတောင်မှ ဗမာပြည် ဒီမိုကရေစီရေး၊
လူ့အခွင့်အရေး၊ ကျောင်းသားထုအခွင့်အရေးတို့အတွက် ဆက်လက်တိုက်ပွဲဝင်
ခဲ့တဲ့သူဖြစ်တယ်။ သူကိုဖမ်းဆီးသွားတုန်းကလည်း ကြမ်းကြမ်းတမ်းတမ်းကို
ဖမ်းခေါ်သွားတာ ဆိုတော့ သူ့ကျန်းမာရေးအတွက် စိုးရိမ်ရတယ်” ဟု ဆိုသည်။
ကိုကျော်ကိုကိုသည် စစ်အာဏာပိုင်တို့၏လိုက်လံဖမ်းဆီးမှုကို
တိမ်းရှောင်နေစဉ် ကာလအတွင်း မှာပင် အစာအိမ်ရောဂါကို
ခံစားနေရခြင်းဖြစ်ကာ နှိပ်စက်ညှင်းပန်းစစ်ဆေးမှုများကြောင့် ရောဂါ
အခြေအနေ ယခုထက် ပိုမိုဆိုးရွားလာပါက နအဖတွင်
လုံးလုံးတာဝန်ရှိကြောင်းကို ထိုကြေညာ ချက်တွင် ဆက်လက်ဖော်ပြထားသည်။
စစ်အစိုးရအာဏာပိုင်များက ယခုလ ၁၆ ရက်နေ့တွင် ကိုကျော်ကိုကိုနှင့်
ကိုဉာဏ်လင်းအောင် တို့ကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး
မည့်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို မိသားစုအသိုင်း အ၀ိုင်းကလည်း
ယနေ့ထိ မသိရသေးပေ။ |