|
ကုလခရီးစဉ် ခြေလှမ်းမှားသည်ဟုဆို
ဉာဏ်မောင်။
မတ် ၁၁၊ ၂၀၀၈
လွန်ခဲ့သည့်နှစ် စက်တင်ဘာလ လှုပ်ရှားမှုအား စစ်အစိုးရက
နှိမ်နင်းခဲ့ပြီးနောက်ပိုင်း ယခု နောက်ဆုံးသွားရောက်ခဲ့သည့်
ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာဂန်ဘာရီ၏ခရီးစဉ် မအောင်မမြင် ဖြစ်ခဲ့ရသည်ဟု
ဆိုသည်။
နိုင်ငံရေးဖြစ်ထွန်း တိုးတက်မှုများအတွက် သံတမန်နည်းဖြင့်
ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းခဲ့ သော်လည်း မစ္စတာဂန်ဘာရီ၏
ခရီးစဉ်မှာမအောင်မြင်ပဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန်ပင်
ပျက်ကွက်ခဲ့သည်ဟု အေအက်(ဖ်)ပီ (AFP) သတင်းတွင် ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံအား လွန်ခဲ့သည့်အပတ် ကြာသာပတေးနေ့မှ သွားရောက်ခဲ့သည့်
ကုလကိုယ်စား လှယ်သည် စစ်အစိုးရ ၀န်ကြီးအချို့၊ ဦးအောင်ခမ်းတီ
ဦးဆောင်သည့် ပအို့အဖွဲ့၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီ၊
ကြံ့ဖွံ့အဖွဲ့၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ တာဝန်ရှိသူများနှင့်
တွေ့ဆုံခဲ့သည်။
ထိုသို့
တွေ့ဆုံရာတွင် စစ်အစိုးရပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက
မစ္စတာဂန်ဘာရီ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်(NLD) ပါတီဘက်မှ
ရပ်တည်ကြောင်း စွပ်စွဲပြောဆိုခံခဲ့ရ သလို လာမည့်လူထုဆန္ဒခံယူပွဲတွင်
ကုလသမဂ္ဂမှ ပညာရှင်များနှင့် နိုင်ငံတကာမှ စောင့်ကြည့်
လေ့လာသူများထားရှိရန် အဆိုပြုချက်ကို စစ်အစိုးရက
ငြင်းပယ်ခြင်းခံခဲ့ရသည်။
မစ္စတာ
ဂမ်ဘာရီသည် တနင်္လာနေ့က မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာလာပြီး
လွန်ခဲ့သောနှစ် စက်တင်ဘာလက ဗုဒ္ဓဘာသာ မြန်မာဘုန်းတော်ကြီးများ
ဦးဆောင်သည့် ဆန္ဒပြပွဲကို စစ်အစိုးရ မှ
အကြမ်းဖက်နှိမ်နင်းပြီးနောက်ပိုင်း ကမ္ဘာကိုပတ်ပြီးနောက်
တတိယအကြိမ်ခရီးစဉ်တွင် တင်ပြ မှု(၂)ကြိမ် ရှုံးနိမ့်ခြင်းဖြစ်သည်ဟု
သတင်းက ဆိုသည်။
မြန်မာ့နိုင်ငံအား ဒီမိုကရေစီစံနစ်ပြောင်းလဲရန်အတွက် တခုတည်းသော
စစ်မှန်သည့်နည်းလမ်း မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ တညီတညွှတ်တည်း
ခမ်ကြမ်းကြမ်း အရေးယူဆောင်ရွက် ရန်ဖြစ်ပြီး ထိုကဲ့သို့ ပြုလုပ်မှသာ
မြန်မာစစ်ဗိုလ်ချုပ်များက နားထောင်လိမ့်မည်ဟု မြန်မာ့အရေး လေ့လာသူ
ကိုဝင်းမင်းက (AFP)သို့ ပြောဆိုသည်။
ကုလသမဂ္ဂတွင်
ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း ကုလအတွင်းရေးမှူးချုပ် က
မစ္စတာ ဘန်ကီမွန်းက ၎င်း၏ အထူးကိုယ်စားလှယ်ခရီးစဉ်မှာ မျှော်လင့်ထားသလို
မအောင် မြင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
မစ္စတာဂန်ဘာရီအနေဖြင့် ယခုသတင်းအပတ်အတွင်း ၎င်းခရီးစဉ်အတွက်
ကုလအတွင်းရေးမှူး ချုပ်ထံ အစီရင်ခံ တင်ပြရမည်ဖြစ်ကြောင်း
အတွင်းရေးမှူးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာ့အရေးလေ့လာသူ ကိုဝင်းမင်းကမူ “အားလုံးက ဒီဟာက
ငွေတောင်ကြီးပါဆိုတာတောင်မှ စစ်အစိုးရက သူတို့အတွက်
အကျိုးစီးပွားဖြစ်နေပါစေ ကုလသမဂ္ဂရဲ့ အပြုသဘောဆောင်တဲ့
လုပ်ငန်းစဉ်ဆိုရင် ကြေညာမှာမဟုတ်ဘဲ အသေသာခံသွားမယ်၊ ကြိုဆိုမှာ
မဟုတ်ပါဘူး” ဟု (AFP)သို့ ပြောဆိုခဲ့သည်။ |