|
လက်ရှိဖြစ်ပေါ်နေသောအခြေအနေကို
ပြန်သုံးသပ်ရန် စင်္ကာပူတိုက်တွန်း
ဉာဏ်မောင်။
မတ် ၁၅၊ ၂၀၀၈
မြန်မာနိုင်ငံတွင်းဖြစ်ပေါ်နေသော နိုင်ငံရေးအရ
လက်ရှိဖြစ်ပေါ်နေသောအခြေအနေကို စစ် အစိုးရအနေဖြင့် ပြန်လည်သုံးဖို့
တိုက်တွန်းရမည်ဟု စင်္ကာပူအစိုးရက ယနေ့ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံသို့သွားရောက်ခဲ့သည့် ကုလအထူးကိုယ်စားလှယ်မစ္စတာဂန်ဘာရီ၏
ခရီးစဉ်အပေါ် သုံးသပ်ကာ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန
ပြောရေးဆိုခွင့်ရှိသူက ပြောဆိုလိုက်ခြင်းဖြစ် သည်။
အာစီယံနိုင်ငံများ၏ အလှည့်ကျဥက္ကဌ တာဝန်ယူနေသော စင်္ကာပူနိုင်ငံနှင့်
အာဆီယံနိုင်ငံများ သည် မစ္စတာဂမ်ဘာရီကို
ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတကာ အသိုင်း
အ၀ိုင်းအနေနှင့်လည်း မစ္စတာဂမ်ဘာရီ၏ လိုအပ်ချက်များကို
ဆက်လက်ထောက်ခံပံ့ပိုးသွားရန် ပြောရေးဆိုခွင့်ရှိသူက
တိုက်တွန်းလိုက်သည်။
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက
“မြန်မာစစ်အာဏာပိုင်တွေနဲ့ ကုလ သမဂ္ဂအထူးကိုယ်စားလှယ်တို့အကြား ဆက်ဆံရေး
ခိုင်မာစေမဲ့ အခွင့်အလမ်းဆုံးရှုံးစေခဲ့သော် လည်း မြန်မာနိုင်ငံပြဿာနာဟာ
အလွန်ရှုပ်ထွေးတာကြောင့် စိတ်ရှည်သည်းခံစွာ တောင်းဆိုပြီး
အားထုတ်ကြိုးပမ်းရလိမ့်မယ်” ဟုဆိုသည်။
စစ်အစိုးရက
မစ္စတာဂန်ဘာရီမြန်မာပြည်လာရောက်စဉ် မေလတွင်ပြုလုပ်မည့် လူထုဆန္ဒခံယူပွဲ
အား ကုလနှင့်နိုင်ငံတကာမှ ကျွမ်းကျင်သူများနှင့်
လေ့လာသူများလာရောက်ခွင့်ကို ငြင်းပယ်ခဲ့ သော်လည်း စစ်အစိုးရ
တာဝန်ရှိသူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ထိပ်တန်း
ခေါင်းဆောင်များနှင့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား
တွေ့ဆုံခဲ့ခြင်းသည် အပေါင်းလက္ခဏာဆောင်သော တိုးတက်မှုဖြစ်သည်ဟု
အဆိုပါပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။
စစ်အစိုးရက
ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ဗုဒ္ဓဘာသာသံဃာတော်
များနှင့် ပြည်သူတို့၏ လှုပ်ရှားမှုအား အကြမ်းဖက်ဖြိုခွဲခဲ့ပြီးနောက်
ကုလသမဂ္ဂမှ အကြံပြုတင်ပြ ထားသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်
တွေ့ဆုံဆွေးနွေးကာ နိုင်ငံရေးပြဿနာ များကို အဖြေရှာရန်
တိုက်တွန်းပြောဆိုချက်ကို လျစ်လှူရှုခံပြီး တဖက်သတ်ရေးဆွဲထားသည့်
ဖွဲ့စည်းပုံကို ဆန္ဒခံယူပွဲဖြင့် အတည်ပြုရန်
အားထုတ်ကြိုးပမ်းလျှက်ရှိသည်။
“မစ္စတာဂမ်ဘာရီ လုပ်ဆောင်ခဲ့သော အရာများသည် အလွန်ခက်ခဲခဲ့သော်လည်း
ရှေ့ဆက်၍ နိုင်ငံရေးလုပ်ငန်းစဉ် လုပ်ကိုင်ဖို့အတွက်
အကောင်းဆုံးမျှော်လင့်ချက်ရှိခဲ့ကြောင်းနှင့် မြန်မာ နိုင်ငံတွင်
အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ် တိုးတက်စေချင်တယ်ဆိုရင် မြန်မာ
အာဏာပိုင်များနှင့် အပြုသဘောဆောင်သော ဆက်ဆံရေး ဆက်လက်လုပ်ကိုဖို့
လိုအပ်သည်” ဟု ၎င်းက မှတ်ချက်ပြုပြောဆိုသည်။ |