Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

အဆိုတော်စိုင်းထီးဆိုင် ကွယ်လွန်

ရိုးမ ၃။ မတ် ၁၁၊ ၂၀၀၈

စတီရီယိုတေးသံရှင် အဆိုတော်စိုင်းထီးဆိုင် အစာအိမ်ရောဂါ ဖြင့် ယမန်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့ သည်။

အဆိုတော် စိုင်းထီးဆိုင်သည် ရန်ကုန်ဆေးရုံကြီးတွင် လွန်ခဲ့ သည့် သုံးပတ်လောက်က အစာအိမ်ရောဂါဖြင့် တက်ရောက် ဆေးကုသမှု ခံယူနေစဉ် မတ်လ (၁၀) ရက်နေ့ နံနက် (၅း၄၅) မိနစ်ခန့်တွင် အစာအိမ်သွေးကြောပေါက်ကာ ရန်ကုန်ဆေးရုံကြီး မှာပင် သေဆုံးခဲ့ခြင်းဖြစ်သည်။ ကွယ်လွန်ချိန်တွင် စိုင်းထီးဆိုင် သည် အသက် ၅၈ နှစ်ရှိပြီဖြစ်သည်။ 

ထိုကဲ့သို့ ဂီတလောကတွင် အောင်မြင်ကြော်ကြားခဲ့သော တေးသံရှင် စိုင်းထီးဆိုင် ကွယ်လွန်ခဲ့ခြင်းနှင့်ပတ်သက်၍  “အရမ်းဝမ်းနည်းတာပေါ့ဗျာ။ မြန်မာ့ အနုပညာရေစီးကြောင်းမှာ တအားလျှော့သွားတဲ့ သဘောဖြစ်သွားတာပေါ့လေ။ ခိုင်ခိုင်မာမာ ရပ်တည်လာရတဲ့ သဘောတွေပါ။ သူ့သီချင်းတွေက အမြဲတမ်း ရိုးမသွားမဲ့ သဘောမျိုးတွေပေါ့ လေ။ ခိုင်တဲ့ သီချင်းတွေပေါ့လေ။ အဲဒါကြောင့် သူ့သီချင်းတွေပေါ်မှာ အမြဲတမ်း သတိရနေမှာ ပါ” ဟု တေးသံရှင် အဆိုတော်ခင်မောင်တိုးက ပြောသည်။

အဆိုတော်စိုင်းထီးဆိုင်၏ ဈာပနကို လာမည့်ဗုဒ္ဓဟူးနေ့ (၁၂-၃-၀၈) နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်သန်းစိုးနှင့်အတူ အသက် ၂၂ နှစ်အရွယ် သားတစ်ယောက်၊ ဆယ်ကျော်သက် အရွယ်သမီးနှစ်ယောက် ကျန်ရစ်ခဲ့သည်။

မြန်မာ့စတီရီယို အဆိုတော်သမိုင်းတွင် စိုင်းထီးဆိုင်သည် နှစ်ပေါင်း ၃၀ ကျော်ကြာ အောင်မြင် ကျော်ကြားခဲ့သည့် ရှမ်းတိုင်းရင်းသား အဆိုတော်ဖြစ်ပြီး ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဒုဥက္ကဌတာဝန်ကို ကွန်လွန်ခါနီးအထိ ထမ်းဆောင်ခဲ့သည်။

အဆိုတော်စိုင်းထီးဆိုင်ကို ၁၉၄၉ ခုနှစ်၊ စက်တင်ဘာလမှာ အဖ ဦးနန္ဒ၊ အမိ ဒေါ်မြရင်တို့က ရှမ်းပြည်နယ်၊ လင်းခေးမြို့၊ ၀မ်ဟပ်ကျေးရွာတွင် မွေးဖွားခဲ့ပြီး တေးရေး စိုင်းခမ်းလိတ် ရေးသား ခဲ့သည့် မန္တလေးရောက် ရှမ်းတယောက် တေးစီးရီးဖြင့် စတင်အောင်မြင်လာခဲ့ပြီး ကွယ်လွန်ချိန် အထိ တေးသီချင်းပေါင်းများစွာကို သီဆိုခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org