Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ပုသိမ်တွင် ငွေမပေးလျှင် မှတ်ပုံတင်မလုပ်ပေး

ဗထူး။ မတ် ၇၊ ၂၀၀၈

ဧရာဝတီတိုင်း ပုသိမ်မြို့တွင် လာမည့်မေလ ပြည်သူဆန္ဒခံယူပွဲတွင်မဲပေးနိုင်ရန် မှတ်ပုံတင်များ ပြုလုပ်ပေးလျှက်ရှိရာ ငွေမပေးနိုင်သူများကို မှတ်ပုံတင်မလုပ်ပေးဟု ဆိုသည်။

လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများနှင့် ရယက အာဏာပိုင်များက မှတ်ပုံတင်ပြုလုပ်ရန် ဒေသခံ ပြည်သူများထံမှ ငွေကြေးတောင်းခံကာ မှတ်ပုံတင်လုပ်ပေးနေခြင်း ဖြစ်သည်။

လာမည့်မေလ ဆန္ဒခံယူပွဲအတွက် အသက် (၁၈)နှစ်ပြည့်ပြီးသူများကို  ယခုလ ၅ ရက်နေ့မှ စတင်ကာ ယနေ့အထိ သုံးရက်အတွင်းသာ ပြုလုပ်ပေးခြင်းဖြစ်ပြီး အာဏာပိုင်များက မှတ်ပုံတင် ကြေးပေးနိုင်သူများကိုသာ လုပ်ပေးလျှက်ရှိသည်။

အချို့ငွေကြေးမတတ်နိုင်သူများကို မှတ်ပုံတင်မလုပ်ပေးခဲ့ခြင်းနှင့် ပတ်သက်၍ ဒေသခံတဦးက  “အခု လုပ်ပေးတဲ့ကိစ္စက မေလမှာလုပ်မဲ့ ပြည်သူလူထုဆန္ဒခံယူပွဲအတွက် မဲပေးနိုင်ဖို့ လုပ်ပေး တာ။ အဲဒါကို ငွေခြောက်ထောင်ပေးရတယ်။ တချို့လေးထောင် ပေးတာကို လုပ်မပေးဘူးဆိုတာ တွေရှိတယ်။ ငွေမပေးလို့မလုပ်ပေးဘူး ဆိုတဲ့သဘောပါ။ ပူညံပူညံနဲ့ တချို့ကလည်း ပြောနေကြ တာပေါ့ ” ဟု ဆိုသည်။ 

ယခုကဲ့သို့ ငွေကြေးကောက်ခံကာ မှတ်ပုံတင်ပြုလုပ်ပေးနေခြင်းကို အထက်အာဏာပိုင် အဖွဲ့ အစည်းမှ တရားဝင် ပြုလုပ်ခိုင်းသည့်ပုံစံမျိုးအကြောင်းပြကာ ငွေကြေးတောင်းယူနေသည့်ပုံဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်အစိုးရက အပစ်ခတ်ရပ်စဲထားသည့်နယ်မြေများနှင့် အချို့ဒေသများတွင် ယာယီအိမ်ထောင်စု စာရင်းနှင့် ယာယီ နိုင်ငံသားစီစစ်ရေးကဒ်များကို အခမဲ့ပြုလုပ်ပေးနေချိန်တွင် ယခုကဲ့သို့ ပုသိမ် မြို့ပေါ်တွင် မှတ်ပုံတင်အတွက် ငွေကြေးတောင်းခံနေခြင်း ဖြစ်သည်။

အခြားဒေသများနှင့် ကွာခြားကာ ငွေကြေးတောင်းခံနေမှုအပေါ် ပုသိမ်မြို့ခံတဦးက “အဲဒါ ဘယ်လိုခေါ်မလဲ ဆိုတော့ ဒီကျနော်တို့ဒေသခံ ပြည်သူတွေ မသိနားမလည်မှုပေါ်မှာ သူတို့က နင်းပြီးတော့ လုပ်နေတယ်လို့ ကျနော်မြင်တယ်။ တဖက်လှည့်နဲ့ ဟုတ်သယောင်ယောင်လုပ်နေ တယ်လို့ပဲ ထင်တယ်” တချို့ကလည်း “ငါတို့က ပိုက်ဆံမပေးနိုင်လို့ မှတ်ပုံတင်မလုပ်ပေးဘူး ဆိုတော့ ငါတို့ကိုမလုပ်ပေးရင် မဲလည်း သွားမထည့်တော့ဘူးဆိုတဲ့အကြောင်း ပြောကြတယ်” ဟု ဆိုသည်။

ယခုလက်ရှိတွင် အိမ်ခြေ (၈၀၀၀)ခန့်တွင် ငွေကြေးမပေးနိုင်၍ မှတ်ပုံတင်မလုပ်နိုင်သူ (၁၀၀) ကျော်ခန့်ရှိပြီး ပုသိမ်မြို့ဒေသခံများက မှတ်ပုံတင်အား ငွေကြေးပေးလုပ်နေရသည့် ယခုအဖြစ် အပျက်အပေါ် မကျေမနပ် ဖြစ်နေကြသည်။ 

စစ်အစိုးရအနေဖြင့် နိုင်ငံသားစီစစ်ရေးကဒ်ပြားများ အစောတလျှင်ပြုလုပ်ကာ ဆန္ဒခံယူပွဲ အတွက် ပြင်ဆင်နေခြင်းဖြစ်ရာ ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာလူမျိုးများကိုလည်း မှတ်ပုံတင် များ ပြုလုပ်ပေးခြင်းများရှိခဲ့ပြီး သက်ဆိုင်ရာဝန်ထမ်းများ လာဘ်ပေးလာဘ်ယူမှုများကို နေရာ တိုင်းတွင် လုပ်ဆောင်နေလျှက်ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org