Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ညမထွက်ရ အမိန့်များထုတ်ပြန်၍ လုံခြုံရေးများ ပိုမိုတင်းကြပ်လာ

ဖြိုးကြီး။ မတ် ၂၆၊ ၂၀၀၈

စစ်အစိုးရအာဏာပိုင်များက ဘုရားဖူးဧည့်သည်များ အများအပြားလာရောက်ရာ တန်ခိုးကြီး ဘုရားများတွင် လုံခြုံရေးများချထားပြီး ညမထွက်ရအမိန့်များ ထုတ်ပြန်ထားသည်။ 

ယခုလ ၂၁ ရက်နေ့ တပေါင်းလပြည့်နေ့ညက အကြပ်မြို့တွင် စစ်အာဏာပိုင်လုံခြုံရေးတပ်ဖွဲ့ များနှင့် ဒေသခံဘုရားဖူးဧည့်သည်များ အချေအတင်စကားများကြပြီး ညနေ(၆)နာရီနောက်ပိုင်း ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ 

ဘုရားသို့သွားရောက်ခဲ့သည့် လူငယ်တဦးက “တပေါင်းလပြည့်နေ့က လောကနန္ဒာဘုရားမှာ ကျနော်တို့ လူငယ်တွေရော ဘုရားကိုလာတဲ့လူတွေတော်တော်များများက ပန်းစည်းတွေ၊ ပန်း ကုံးတွေ ယူဆောင်လာတာကို လုံခြုံရေးအဖွဲ့ဝင်တွေက ယူခွင့်မပြုဘူး။ အဲဒီမှာ စကားများကြ တာ၊ ပြသနာက ပြီးမသွားပဲ တမြို့လုံးပြန့်သွားတယ်။ မြို့နယ်အာဏာပိုင်တွေက ညနေ (၅)နာရီ လောက်မှာ အိမ်ကိုအတင်းအကြပ်ပြန်ခိုင်းပြီး လူစုခွဲလိုက်တာ၊ နောက် ညမထွက်ရ အမိန့်ကို ထုတ်လိုက်တာ” ဟု ဆိုသည်။ 

အကြပ်မြို့ လောကနန္ဒာဘုရား၊ ဘုရားကြီးဘုရား၊ အေးစေတီနှင့် အခြားဘုန်းတော်ကြီးကျောင်း များတွင်လည်း လုံခြုံရေးအပြည့်ချထားခဲ့ပြီးနောက် မတ်လ (၂၂)နှင့် (၂၃)ရက်များမှ စတင်၍ တမြို့လုံးအနှံ့ လုံခြုံရေးများ တိုးမြှင့်ချထားပြီး အိမ်ကနေလမ်းပေါ် ထွက်လာသူတိုင်းကို မေး မြန်း၊ စောင့်ကြည့်ခြင်းများ ပြုလုပ်နေကြောင်း မြို့ခံတဦးက ဆက်လက်ပြောဆိုသည်။ 

ပြီးခဲ့သည့် တပေါင်းလပြည့်နေ့က ရန်ကုန်မြို့ရွှေတိဂုံဘုရားတွင်လည်း အာဏာပိုင်များက လုံခြုံ ရေးများ ထူထပ်စွာချထားခဲ့ပြီး ဘုရားပေါ်တက်ရောက်ရာ မုဒ်ဦးအနီးပတ်ဝန်းကျင်များတွင် ရဲနှင့် လုံထိန်းများကိုတင်ဆောင်ထားသည့်ကားများအပြင် မီးသတ်ယာဉ်များကိုပါချထားကာ စောင့် ကြပ်ကြည့်ရှုခဲ့သည်ဟု ရန်ကုန်မြို့ခံများကဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org