|
မြန်မာစစ်အစိုးရက မဏိပူရသူပုန်များကို
နယ်စပ်တွင် နေထိုင်ခွင့်ပေးနေ
ဖြိုးကြီး။
မတ် ၂၈၊ ၂၀၀၈
နယ်စပ်ဒေသ
စစ်အာဏာပိုင်များက အိန္ဒိယသူပုန်များအား မြန်မာပိုင်နယ်စပ်တွင်
ရုံးခန်းများဖွင့် နေထိုင်ခြင်းကို ခွင့်ပြုထားသည်။
အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပိုင်း၊ မဏိပူရပြည်နယ်မှ သူပုန်များကို
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် မောင်းတောမြို့တွင်
စီးပွားရေးလုပ်ငန်းများလုပ်ရန်အတွက် မြေနေရာအဆောက်အဦးများ
ဆောက်လုပ်ခွင့်များပေးထားပြီး နေထိုင်ခွင့်ပြုထားခြင်းဖြစ်သည်။
၎င်းအိန္ဒိယနိုင်ငံမှ ကသည်းသူပုန်များသည် မောင်းတောမြို့နယ်အတွင်းရှိ
ကျေးရွာများတွင် ရုံးခန်းများဖွင့်ထားပြီး မိုဘိုင်းဖုန်းများ၊
ကွန်ပျူတာများတပ်ဆင်ထားကာ ၎င်းရုံးတွင် လူ(၄-၅)ဦး ခန့် ပုံမှန်ရှိနေပြီး
ဘတ်စ်ကားများ၊ ဒိုင်နာကားနှင့် ဂျစ်ကားများဝယ်ထားပြီး ငှားရမ်းခြင်း၊
မောင်း တော-ဘူးသီးတောင် အဝေးပြေးလိုင်းကားများ
ပုံမှန်ပြေးဆွဲလျှက်ရှိသည်။
ယင်းသူပုန်များသည် မောင်းတောမြို့နယ်မြောက်ပိုင်း အမှတ်(၂)
နယ်စပ်လုံခြုံရေးတပ်ရင်း (နစက)ဧရိယာအတွင်း နေထိုင်ကာ
မောင်းတောမြို့ခံများအပြင် ဒေသခံရွာသားများ အဆိုအရ ၎င်းတို့သည် တောထဲတွင်
ဘိန်းနှင့်အခြားမူးယစ်ဆေးဝါးအပင်များ စိုက်ပျိုးထားကြောင်းနှင့် ၎င်း
နေရာများသို့ အခြားသူများသွားလာရန် တားမြစ်ထားပြီး ၎င်းသူပုန်များအတွက်
လိုအပ်သည် များကို နအဖစစ်အရာရှိများက ထောက်ပံ့ပေးနေသည်ဟု ဆိုသည်။
အိန္ဒိယအစိုးရက မြန်မာမြေပေါ်တွင်အခြေပြုနေသော အိန္ဒိယသူပုန်များကို
မြန်မာစစ်တပ်က တိုက်ခိုက်ပေးခဲ့သည်ဟု မကြာသေးခင်က ကြေညာခဲ့ပြီး
၎င်းအိန္ဒိယသူပုန်များကို တိုက်ခိုက်ရန် အတွက် မြန်မာစစ်တပ်သို့
စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ခဲ့သည်။
ယခုကဲ့သို့
အိန္ဒိယမဏိပူရ သူပုန်များကို မြန်မာစစ်အစိုးရကမည်သည့်အတွက်ကြောင့်
နေထိုင် ခွင့်ပေးထားသည်ကို မသိရပေ။ |