Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ အခမ်းအနားကျင်းပ

ရိုးမ ၃။ မတ် ၁၃၊ ၂၀၀၈

မြန်မာနိုင်ငံလူ့အခွင့်ရေးနေ့ အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ယနေ့ ကျင်းပခဲ့ သည်။

ထိုအခမ်းအနားကို စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းများက ဦးဆောင်ပြုလုပ်ခြင်းဖြစ်ကာ ကျဆုံးသွားသော ဒီမိုကရေစီအရေးလှုပ်ရှားခဲ့သူများကို ရည်စူး၍ သံဃာငါးပါးကို ဆွမ်းကပ် လှူဒါန်းခဲ့ပြီး အမှတ်တရစကားဝိုင်း ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် စက်မှုတက္ကသိုလ်ကျောင်းသားဟောင်း ကိုသံဒုတ်က “ဒီစစ်အာဏာရှင် အုပ်ချုပ်မှုစနစ်ချုပ်ငြိမ်းဖို့ဆိုရင် ကျောင်းသားထုတရပ်လုံးက လူထုနဲ့ တသားတည်းလက်တွဲ ပေါင်းစပ်ပြီး စစ်အာဏာရှင်တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေမှာ တက်ကြွစွာနဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်” ဟုဆိုသည်။

၁၉၈၈ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် လုံထိန်းတပ်သားများ၏ ပစ်ခတ်မှုကြောင့် စက်မှု တက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ကျဆုံးခဲ့ရသည့်နေ့ကို ဂုဏ်ပြု၍ ဒီမိုကရေစီလိုလားသည့် အဖွဲ့စည်းများက မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

ယနေ့ကျင်းပသည့် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့သည် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နှင့်ကိုစိုးနိုင်တို့ ကျဆုံးခဲ့သည့် နှစ်(၂၀)မြောက်ဖြစ်ပြီး ရှစ်လေးလုံး လူထုအရေးတော် ပုံကြီးကို ဖြစ်ပေါ်လာစေရန် အစပြုဖန်တီးခဲ့သည့်နေ့လည်း ဖြစ်သည်။

အနှစ်(၂၀)မြောက် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့တွင် နအဖစစ်အုပ်စု၏ တိုင်းပြည်ကို စစ်ကျွန် ပြုရေး အတုအယောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တိုက်ဖျက် သွားမည်ဖြစ်ကြောင်းနှင့် အာဏာရှင်စနစ်ကို အကြွင်းမရှိချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်သွား မည်ဖြစ်ကြောင်းကို ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများအဖွဲ့က ကြေညာခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org