Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင် အိန္ဒိယသို့သွားမည် 

ဖြိုးကြီး။ မတ်  ၃၁၊ ၂၀၀၈ 

စစ်အစိုးရ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးသည် လာမည့်ဗုဒ္ဓဟူးနေ့မှစ၍ အိန္ဒိယနိုင်ငံသို့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရန် သွားရောက်မည်ဖြစ်သည်။ 

၎င်းခရီးစဉ်တွင် ကုလားတန်စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း (၁၂၀)ဖိုး သဘောတူ လက်မှတ်ရေးထိုးမှုတခုကိုလည်း လုပ်ဆောင်မည်ဟု ယူဆရကြောင်း သံတမန်အသိုင်းက ခန့် မှန်းပြောဆိုသည်။

ကုလားတန်မြစ်တလျှောက် အဝေးပြေးလမ်းမကြီးများ၊ ရေကြောင်းခရီးလမ်းများကို ပြန်လည် ပြင်ဆင်ခြင်းနှင့် ရခိုင်ပြည်နယ်ရှိ စစ်တွေဆိပ်ကမ်းပြင်ဆင်စရိတ်များကို မကြာသေးမီက အိန္ဒိယ အစိုးရမှ ရူးပီး (၅၃၅.၉၁)ကုဋေကို ခွင့်ပြုချက်ကျပြီးဖြစ်သည်။ ကျန်ငွေများကို မီဇိုရမ်နယ်စပ် တလျှောက် တမူးမှ ကလေးဝသို့ လမ်းဖေါက်လုပ်ရာတွင်လည်း သုံးစွဲမည်ဖြစ်သည်။  

အစိုးရဖွဲ့ အစည်းအဝေးတွင် ပြောရေးဆိုခွင့်ရှိသူက “ဒီစီမံကိန်းကို မီဇိုရမ်က လက်ခံစီစဉ်မှာဖြစ် တယ်၊ ဒါ့အပြင် တခြားပြည်နယ်တွေကိုလည်း ပင်လယ်ထွက်ပေါက်ရရှိအောင်လုပ်ဆောင်ခြင်း ဖြစ်တယ်။ ဒီစီမံကိန်းကို အိန္ဒိယနိုင်ငံ ပြည်တွင်းရေကြောင်း အာဏာပိုင်အဖွဲ့က အဓိကလုပ်ကိုင် ဆောင်ရွက်ရမှာဖြစ်တယ်” ဟု ဆိုသည်။ 

အိန္ဒိယနှင့် မြန်မာနှစ်နိုင်ငံဆက်ဆံရေးသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီဆန္ဒပြမှုကို မြန်မာစစ်တပ် က အကြမ်းဖက်နှိမ်နင်းပြီးနောက်ပိုင်း နှစ်နိုင်ငံအကြား ဆက်ဆံရေးအေးနေရာမှ ၂၀၀၀ ခုနှစ် တွင် ပြန်လည်၍ ကောင်းမွန်လာခဲ့ခြင်းဖြစ်သည်။  

မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံမှ လက်နက်များတင်ပို့ရောင်းချရာ ဈေးကွက်တခုဖြစ်ပြီး အိန္ဒိယ နိုင်ငံအတွက် ပို၍အရေးကြီးသော မဟာဗျူဟာရှုဒေါင့်က ကြည့်မည်ဆိုလျှင် နယ်နိမိတ်ချင်း ထိစပ်နေသော တရုတ်၏လွှမ်းမိုးကြီး စိုးမှုကို  အလွန်စိုးရိမ်လျှက်ရှိသည်။ 

နှစ်နိုင်ငံအစိုးရများအနေနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ စွမ်းအင်၊ လုံခြုံရေးနှင့် ဆက်သွယ်ရေးကိစ္စများကိုသာ ပြောဆိုနေကြသော်လည်း မြန်မာနိုင်ငံအတွင်း ဧရာဝတီမြစ် အရှေ့ပိုင်းတလျှောက် တရုတ်၏ စီးပွားရေးဈေးကွက် ပိုမိုကျယ်ပြန့်လာသည်ကို အိန္ဒိယနိုင်ငံ အနေဖြင့် မလိုလားချေ။  

ယမန်နေ့ထုတ် စစ်အစိုးရသတင်းစာတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့်ဇနီး အိန္ဒိယနိုင်ငံ သို့ အလည်အပတ်သွားရောက်မည့်သတင်းကို ဖော်ပြထားသော်လည်း မည်သည့်ကိစ္စရပ်များ နှစ်နိုင်ငံအကြား ဆောင်ရွက်သွားမည်ဆိုသည်ကို ဖော်ပြထားခြင်းမရှိပေ။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org