Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ကုလ လူ့အခွင့်အရေးကောင်စီက မြန်မာစစ်အစိုးရကို ထပ်မံပြစ်တင်ဝေဖန်

ဉာဏ်မောင်။ မတ် ၂၉၊ ၂၀၀၈ 

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မြန်မာစစ်အစိုးရသည် အာရှစစ်ခေါင်းဆောင်များလုပ် ရပ်အတိုင်း နိုင်ငံရေးအကျဉ်းသားများစွာကို ဖမ်းဆီးထားဆဲဖြစ်ကြောင်း ပြောဆိုလိုက်သည်။ 

ပြီးခဲ့သည့် သောင်္ကြာနေ့က ဂျီနီဖာတွင်ပြုလုပ်သည့် လူ့အခွင့်အရေးကောင်စီအစည်းဝေးတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ 

လူ့အခွင့်အရေးကောင်စီဖော်ပြချက်တွင် “မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက် ပြီး ၂၀၀၇ စက်တင်ဘာလက ငြိမ်းချမ်းစွာဆန္ဒပြမှုကို အကြမ်းဖက်နှိမ်နှင်းခဲ့မှုများအပါအ၀င် အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်ခဲ့သူများကို တရားရုံးများတွင် စစ်ဆေးအရေးယူရန် လေး လေးနက်နက်စဉ်းစားစေလိုကြောင်း” ဖော်ပြထားသည်။ 

နိုင်ငံပေါင်း ၄၇ နိုင်ငံပါဝင်သော လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံတွင် ဆက်လက်စစ်ဆေး မှုများ ပြုလုပ်ပြီး အစီရင်ခံတင်ပြနိုင်ရန် ကိုယ်စားလှယ်ကို သက်တမ်းတနှစ် ထက်တိုးလိုက် သည်။ 

၎င်းအစည်းအဝေးတွင် ပါကစ္စတန်နိုင်ငံက မြန်မာနိုင်ငံအား လူ့အခွင့်အရေးကိစ္စထက် နိုင်ငံရေး ဆောင်ရွက်ချက် ညံ့ဖျင်းမှုများကိုသာ ဖေါ်ပြပြောဆိုခဲ့ပြီး အိန္ဒိယနိုင်ငံကတော့ ဆုံးဖြတ်ချက်ကို ခွဲခြားသတ်မှတ်ဖို့ပြောဆိုကာ တရုတ်နိုင်ငံက ပြောဆိုရာတွင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေ ဖြင့် စစ်အစိုးရ၏ လူ့အခွင့်အရေးတိုးတက်အောင် အကောင်းဘက်မှ ဆောင်ရွက်နေမှုများကို အသိအမှတ်ပြုသင့်သည်ဟု ပြောဆိုသည်။ 

ဆလိုဗေးနီးယားက မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုခဲ့သည်မှာ “ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံတွင် လွတ်လပ်စွာလှုပ်ရှားသွားလာနေထိုင်ခွင့်၊ လွတ်လပ်စွာ ရေးသားဖေါ်ပြခွင့်၊ လွတ်လပ်စွာ စုရုံးခွင့်၊ လွတ်လပ်စွာအသင်းဖွဲ့စည်း တည်ထောင်ခွင့်များကို ဟန့်တားနေခြင်း၊ ရိုးရာယဉ်ကျေးမှုများအား စော်ကားနေခြင်း၊ လူနဲစုတိုင်းရင်းသားများအား ပုံမှန်သတ်ဖြတ်နေခြင်း၊ ညှင်းပန်းနှိပ်စက်နေခြင်းများ၊ အဓမ္မအလုပ်ခိုင်းစေနေခြင်းများ၊ ကလေး သူငယ်များအား စစ်မှုထမ်းခိုင်းနေမှုများနှင့် ကာမအကြမ်းဖက်၊ မုဒိမ်းမှုများကို ဆက်လက်ပြီး သီးခြားစုံစမ်းဖေါ်ထုတ် အရေးယူရမှာဖြစ်တယ်” ဟု ပြောဆိုခဲ့သည်။ 

မြန်မာနိုင်ငံစစ်အစိုးရသည် လူ့အခွင့်အရေးကောင်စီအရေးပေါ် အစည်းအဝေးပြုလုပ်ပြီး ထုတ် ပြန်ကြေညာခဲ့သော ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလအတွင်း ငြိမ်းချမ်းစွာဆန္ဒပြမှုကို အကြမ်းဖက် နှိမ်နင်းခဲ့မှုအား စုံစမ်းစစ်ဆေးအရေးယူရန်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် တောင်း ဆိုချက်များကို လိုက်နာခြင်းမရှိကြောင်းကိုလည်း ထည့်သွင်းပြောဆိုသည်။

၎င်းအစည်းဝေးဆုံးဖြတ်ချက်တွင် စစ်အစိုးရ၏အခြေခံမူကြမ်းနှင့်ပတ်သက်၍ “မြန်မာပြည်သူ အားလုံး၏ သဘောအထားအမြင်ကို ကျယ်ကျယ်ပြန့်ပြန့်ကိုယ်စားပြုနိုင်သော အခြေခံဥပဒေဖြစ် နိုင်ရန်အလို့ငှာ (အခြေခံ ဥပဒေတွင်) ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲတွင် ပါဝင်နိုင်မှု၊ ပါတီ အားလုံးပါဝင်ပူးပေါင်းရေးဆွဲမှုနှင့် စည်းရုံးလှုံ့ဆော်နိုင်သော အသွင်ကူးပြောင်းရေးကာလ စသည်တို့ကို အခြေခံဥပဒေသစ်တွင် ထည့်သွင်းထားသင့်သည်” ဖြစ်ကြောင်း ပြောဆိုသည်။ 

လူ့အခွင့်အရေးကောင်စီသို့ တက်ရောက်သော မြန်မာနိုင်ငံကိုယ်စားလှယ်ကတော့ ၎င်းဆုံးဖြတ် ချက်သည် မြန်မာနိုင်ငံတွင်း နိုင်ငံရေးပြုပြင်ပြောင်းလဲတိုးတက်နေမှုကို မလေးမစားပြုမူသည့် အပြင် နိုင်ငံတခု၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org