Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ထောက်ခံမဲရရန် ယာယီမှတ်ပုံတင်ပြုလုပ်ပေးနေ

ဗထူး။ မတ် ၅၊ ၂၀၀၈

စစ်အစိုးရက လာမည့်မေလတွင်ပြုလုပ်မည့် လူထုဆန္ဒခံယူပွဲတွင် ထောက်ခံမဲရရှိရန် ရန်ကုန်မြို့ နေ လူအများကို ယာယီမှတ်ပုံတင်များ ပြုလုပ်ပေးလျှက်ရှိသည်။

နယ်မြို့ဒေသများမှ လာရောက်နေထိုင်သည့် ဧည့်စာရင်းတိုင်ကြားနေရသူများကို ယာယီ အိမ်ထောင်စု စာရင်းများ ပြုလုပ်ပေးနေခြင်းဖြစ်သည်။

“အရင်ဆိုဧည့်စာရင်းကြေးပေးရနေရတယ်၊ ခုက အိမ်အရောက်လာပြီးတော့ကို လူဦးရေစာရင်း လိုက်ကောက်ပြီး ယာယီအိမ်ထောင်စု စာရင်းအတင်းကိုလိုက်လုပ်ပေးနေတာ၊ ကြည့်ရတာတော့ ဆန္ဒခံယူပွဲအင်အားကို လိုချင်လို့ဖြစ်မယ်၊ ရယကတွေ ရာအိမ်မှူးတွေကိုယ်တိုင်ကိုယ် ခခယယနဲ့ လုပ်နေတာ”ဟု လှိုင်သာယာနေ နယ်မှ လာရောက်အလုပ်လုပ်ကိုင်သူတဦးက ဆိုသည်။

အခက်အခဲကြောင့် ယခုပြုလုပ်ပေးသည်ကိုလက်ခံလိုက်ရသော်လည်း သံဃာများသတ်သည့် အစိုးရကို  ထောက်ခံရန်ဆန္ဒမရှိကြောင်းနှင့် ဆန္ဒခံယူပွဲတွင်မဲပေးရပါက ကန့်ကွက်မဲသာ တမိသားစုလုံးကပေးရန်ဆုံး ဖြတ်ထားသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယခုအခါ ရပ်ကွက်များအတွင်း ရယကများက စစ်မှုထမ်းဟောင်းများ၊ ဌာနဆိုင်ရာအငြိမ်းစားများ နှင့် ၎င်းတို့ယုံကြည်ရသူများဖြင့် ဆန္ဒခံယူပွဲကော်မရှင်ကို ဖွဲ့စည်းရန် လိုက်လံစည်းရုံးနေကြောင်း သတင်းများကဆိုသည်။

မဲပုံးတောင် တပုံးထဲလို့ကြားတယ်၊ နောက်အဲ့ဒီမဲတွေကို မြို့နယ်ကော်မရှင်ဆိုတာကို ပို့ရမယ် ပေါ့၊ ထင်တာတော့ စာရင်းပဲရောက်မှာပါ၊ မဲတွေဘယ်ပျောက်မယ်ဆိုတာ မသိရသေးဘူး၊ ရှုံးလည်းနိုင် ဆိုတာမျိုးလုပ်ဖို့တော့ အဖက်ဖက်ကပြင်ဆင်နေတာတွေရှိလာမှာပါဟု  လှိုင်သာယာမြို့ခံတဦးက ဆိုသည်။

စစ်အစိုးရအနေဖြင့် အပစ်ခတ်ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေ အချို့တွင် လည်း နိုင်ငံသားစီစစ်ရေးကဒ်ပြားများ အစောတလျှင်ပြုလုပ်ကာ ဆန္ဒခံယူပွဲအတွက် ပြင်ဆင် ခြင်းများရှိသလို ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာလူမျိုးများကိုလည်း မှတ်ပုံတင်များ ပြုလုပ်ပေး လျှက်ရှိသည်။

“ခုက အံသြဖို့တောင်ကောင်းသေးတယ်၊ အိမ်ထောင်စု စာရင်းမရှိရင်လုပ်ပေးတယ်၊ မှတ်ပုံတင် ပျောက်ရင်ချက်ခြင်း လုပ်ပေးတယ်၊ မှတ်ပုံတင်မရှိရင်ရအောင်လုပ်ပေးနေတာ၊ ထောက်ခံမဲများ ရမလားပေါ့၊ လူတွေကတော့  မှတ်ပုံတင်ရတာလောက်စိတ်ဝင်စားတာပါ၊ ဒါရလို့ထောက်ခံမယ် ဆိုတာမျိုးတော့ မတွေ့ရပါဘူး” ဟု ဒေသခံက ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org