|
ဂမ်ဘာရီလုပ်ဆောင်မှုများ လုံခြုံရေးကောင်စီသို့ တင်ပြ
ဉာဏ်မောင်။ မတ် ၂၀၊ ၂၀၀၈
ကုလသမဂ္ဂအထူးကိုယ်စားလှယ်
မစ္စတာဂမ်ဘာရီသည် ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်တွင် လုပ် ဆောင်ခဲ့မှုများကို
လုံခြုံရေးကောင်စီသို့ တင်ပြခဲ့သည်။
၎င်းခရီးစဉ်တွင် စစ်အစိုးရကို
ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန်အတွက် တိုက်တွန်းရာ
မအောင်မြင်ခဲ့မှုများကို လုံခြုံရေးကောင်စီသို့ အင်္ဂါနေ့က
အကျဉ်းချုပ်တင်ပြခဲ့ခြင်းဖြစ်သည်။
၎င်းခရီးစဉ်နှင့်ပတ်သက်၍ မစ္စတာဂမ်ဘာရီက
“ဒီတခေါက်ကတော့ အလွန်စိတ်ပျက်ဖို့ ကောင်း ပါတယ်။ ဒီနောက်ဆုံးအခေါက်မှာ
ဘာကိုမှ ထိထိရောက်ရောက် လုပ်နိုင်ခဲ့တာ မရှိပါဘူး” ဟု ဆိုသည်။
ကုလအတွင်းရေးမှူးချုပ်
ဘန်ကီမွန်းကထိုလုပ်ဆောင်မှုအပေါ် “အထူးကိုယ်စားလှယ်၏ ခရီးစဉ်
နှင့်ပတ်သက်ပြီး ချောချောမွေ့မွေ့ဖြစ်လာလိမ့်မယ်လို့ ဘယ်တုံးကမှလည်း
မမျှော်လင့်ခဲ့ပါဘူး။ အမှန်တကယ်ကို အချိန်တွေ အများကြီးကုန်ခဲ့ပါတယ်။
ကျွန်တော့ရဲ့စေ့စပ်ဆက်သွယ်မှုတွေ၊ အတိုက်အခံလုပြီး ပြောဆိုခဲ့ရတာတွေဟာ
အလွန်ကိုခက်ခဲခဲ့ပါတယ်။ အလွန်ကိုရှုပ်ထွေးပြီး
အချည်းနှီးတွေလဲဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်
တိုးတက်မှုတွေရရှိအောင်လို့ ဆက် လက်ပြီးလုပ်ရပါဦးမယ်” ဟု ဆိုသည်။
ကုလအနေဖြင့်အကျိုးရလာဒ်
တစုံတရာမရရှိခဲ့သော်လည်း
မြန်မာစစ်အစိုးရနှင့် ဆက်လက်ပြီး
ဆက်သွယ်ဆောင်ရွက်ရဦးမည်ဖြစ်ကြောင်းနှင့် မြန်မာပြည်သူများနှင့် အစိုးရ
နှစ်ဦးနှစ်ဘက် စလုံး လုပ်ဖေါ်ကိုင်ဖက်များကဲ့သို့
အဆင်ပြေပြေပူးပေါင်းဆောင်ရွက်နိုင်ရန် UN အနေနှင့်
ဆက်လက်လုပ်ဆောင်ပေးရမည် ဖြစ်ကြောင်းကိုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။
လုံခြုံရေးကောင်စီအဖွဲ့ဝင်
ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီးက မြန်မာနိုင်ငံလွတ်လပ် ရေးနှင့်
အချုပ်အခြာအာဏာကို လေးစားကြရန်နှင့်
မြန်မာနိုင်ငံကိစ္စကိုင်တွယ်ဆောင်ရွက်နေ သော ကုလသမဂ္ဂ၏ အခန်းကဏ္ဍကိုလည်း
နိုင်ငံများအနေနှင့် ဆက်လက်ထောက်ခံ ဆောင်ရွက် သွားကြရန်
လိုအပ်ကြောင်းကို ပြောဆိုသည်။
မြန်မာစစ်အစိုးရနှင့်
ဒေါ်အောင်ဆန်းစုကြည်တို့အကြား တွေ့ဆုံဆွေးနွေးရေး ကဲ့သို့လုပ်ငန်းစဉ်
များ ဆက်လက်လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂကြား
ဆက်သွယ်လုပ်ဆောင် ရေးကို မစ္စတာဂမ်ဘာရီအနေနှင့်
ဆက်လက်လုပ်ကိုင်ဆောင်ရွက်ဖို့ တာဝန်ရှိသေးကြောင်း ပြောဆိုခဲ့သည်။ |