Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ရွာသားများကို အတင်းအကြပ် လုပ်အားပေးခိုင်းစေနေ

ဉာဏ်မောင်။ မတ် ၂၈၊ ၂၀၀၈ 

မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပရှိ ကျေးရွာများမှ ရွာသားများကို အတင်းအကြပ် လုပ်အားပေးခိုင်းစေခြင်းများ လုပ်ဆောင်နေလျှက်ရှိသည်။ 

မတ်လ (၂၀)ရက်နေ့မှစ၍ မြောက်ဦးမြို့နယ် စည်ပင်၊ ကျန်းမာရေး၊ ကြံ့ဖွံ့အဖွဲ့များ ပူးပေါင်း၍ ရေနှုတ်မြောင်းများ ပြုပြင်ရန်အတွက် ရွာသားများကို အခကြေးငွေမပေးဘဲ နေ့စဉ် အဓမ္မလုပ် အားပေးခေါ်ယူခိုင်းစေနေခြင်း ဖြစ်သည်။ 

၎င်းလုပ်အားပေးခိုင်းစေခြင်းခံနေရသော ကျေးရွာများမှာ ပယင်းရွာ၊ မောင်တရပ်ပြင်၊ ဥသြဓါတ်၊ ခြောက်တုတ်၊ ပေါင်းတူဝါး၊ ရွှေဂူတော်ရွာများဖြစ်ပြီး ပယင်းနှင့် ခြောက်တုတ်ရွာတို့သည် မြောက်ဦးမြို့စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပ (၅)မိုင်အကွာတွင် တည်ရှိသည်။ 

မြို့ပေါ်တွင် ငွေကြေးကောက်ခံပြီး အဓမ္မလုပ်အားပေးခိုင်စေမှုများနှင့်ပတ်သက်၍ မြို့ခံလူငယ် တဦးက “ပိုက်ဆံတော့ လိုက်ကောက်တယ်ဗျ၊ ကောက်ခံရတဲ့ဟာကို ရေမြောင်းပြင်ဆင်တဲ့ လုပ်ငန်းတွေမှာလဲ မသုံးဘဲ ရွာသားတွေကို အခမဲ့ခေါ်ခိုင်းနေတာ။ ရွာသားတွေက ကိုယ့်ထမင်း ထုပ်နဲ့ ကိုယ်လာပြီး အခမဲ့လုပ်ကိုင်ပေးနေရတာ၊ ရွာသားတွေက တော်တော်ကို ပင်ပင်ပန်းပန်း လုပ်ကိုင်နေရတယ်” ဟု ပြောသည်။ 

 မြို့ပေါ်ရပ်ကွက်များတွင် နေထိုင်သူများထံမှလည်း ရေနှုတ်မြောင်းများ ပြင်ဆင်စရိတ် ဟုဆို ကာ အိမ်ထောင်တစုလျှင် ၁၅၀၀၊ ၁၀၀၀နှင့် ဆင်းရဲသူမိသားစု တစုလျှင် ၅၀၀ နှုန်းဖြင့် လူတန်း စားအလိုက် ယခုလ (၁၅)ရက်မှ (၂၀)ရက်နေ့ထိ မြို့နယ်စည်ပင်ဦးစီးဌာနရုံးက ကောက်ခံခဲ့ခြင်း ဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org