|
တက္ကသိုလ်ဝင်စာမေးပွဲအကျင့်ပျက်မှု
မိဘနှင့်ကျောင်းသားများက တိုင်ကြား
ဗထူး။ မတ်
၁၀၊ ၂၀၀၈
မတ်လအတွင်း
ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲ(၁၀)
တန်းစာမေးပွဲဖြေဆိုချိန်တွင် အကျင့်ပျက်ဆောင် ရွက်ရန်
ပြင်ဆင်နေမှုများကို မိဘနှင့်ကျောင်းသားများက ပညာရေးဝန်ကြီး ဌာနသို့
တိုင်ကြားလိုက်သည်။
ကျောင်းဆရာ/မများက ၎င်းတို့ဖွင့်ထားသည့်ကျူရှင်တက်ရောက်နေသည့်
ကျောင်းသား/သူများ အား စာမေးပွဲခန်းအတွင်း အဖြေများပေးပို့ရန်
စီစဉ်နေခြင်းအတွက် ယခုကဲ့သို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာ အထက်တန်းကျောင်းမှ
ဆရာ/မများက ၎င်းတို့ဖွင့်လှစ်ထားသည့် ကျူရှင်တက်ရောက်နေသူများ၊
ဆွေမျိုးတော်စပ်သူ ကျောင်းသား/သူ များ အားစာမေးပွဲအောင်ရန်
နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။
“၂၀၀၇
ခုနှစ်တုန်းကဆို အခန်းစောင့်တဲ့ ဆရာ/မ တွေက သူတို့တပည့်တွေ၊
ဆွေမျိုးတော်တဲ့ ကျောင်းသားတွေဆီကို အဖြေပို့ပေးတယ်၊ ကျောင်းအလှူရှင်က
ဦးစီးခေါ်ထားတဲ့ “စံဘော်ဒါ ဆောင်” ကျောင်းသားတွေဆီလည်း အဖြေတွေ
ပို့ပေးတယ်လေ၊ ဆွေမျိုးမတော်တဲ့သူတွေ၊ သူတို့ဖွင့်တဲ့ ဘော်ဒါနဲ့၊
ကျူရှင်မတက်တဲ့ ကျောင်းသားတွေ စိတ်ဓါတ်ကျ၊ စိတ်ပျက်ပြားကြတာ တွေ
ဖြစ်ခဲ့တယ်” ဟု ကျောင်းသားမိဘတဦးက ဆိုသည်။
ယခု ၂၀၀၈
ခုနှစ် စာမေးပွဲအတွက်လည်း အခန်းစောင့်ရမည့် ဆရာ/မများကို
ကျောင်းသားများ က တံစိုးလက်ဆောင်များဖြင့် ကန်တော့ခြင်း၊
ကျောင်းသားအများစုမှာ စာမေးပွဲတွင် ခိုးချရန်
ပြင်ဆင်လုံးပန်းနေခြင်းများကို ရုတ် ပျက်ဆင်းပျက်တွေ့မြင်နေရကြောင်း ၎င်းက
ဆက်လက် ပြောဆိုသည်။
ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာမှ မိဘများနှင့်ကျောင်းသားများက
ယခုကဲ့သို့ ပညာရေး ၀န်ထမ်းများ အကျင့်ပျက်ချစားရန် ပြင်ဆင်နေမှုများကို
နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်အဖွဲ့၊
တိုင်းနှင့်မြို့နယ် ပညာရေးမှူးရုံးများသို့ လိမ်မူပေးကာ ယခုလ ပထမပတ်
အတွင်းက တိုင်ကြားခဲ့သည်။
ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် အကျင့်ပျက်ခြစားရန်
ပြင်ဆင်မှုများနှင့်ပတ်သက်၍ ကျောင်း သားတဦးက ထပ်မံ၍ “
ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်နှစ်ဦးကလည်း ကြီးကြပ်ရေးမှူးကို
အပိုင်ကိုင်မယ်၊ စာမေးပွဲအခန်း ချောင်ဖို့ အာမခံတယ်ဆိုပြီး
ငွေကြေးအရှိန်အ၀ါနဲ့ လျှောက်ပြော နေတယ်၊ ကျောင်းသားတွေကလည်း
ခိုးချဖို့ပဲလုပ် နေကြတာ” ဟု ၎င်း၏ကိုယ်တွေ့ကို ပြောဆို သွားခဲ့သည်။
မြန်မာနိုင်ငံတ၀ှမ်းတွင် တက္ကသိုလ်ဝင်(၁၀) တန်းစာမေးပွဲကို ယနေ့
မတ်လ(၁၀) ရက်နေ့မှ စတင်ကာ ကျောင်းသား/သူများ စတင်ဖြေဆိုနေကြပြီ
ဖြစ်သည်။ |