|
ဆန္ဒခံယူပွဲလုပ်ငန်းစဉ်ပြောင်းရန်
အမေရိကန်သမ္မတက တရုတ်သမ္မတအား တိုက်တွန်းပြောဆို
ဉာဏ်မောင်။
မတ် ၃၁၊ ၂၀၀၈
မြန်မာနိုင်ငံအတွင်း စစ်အစိုးရမှ ပြုလုပ်မည့်ဆန္ဒခံယူပွဲလုပ်ငန်းစဉ်အား
ပြောင်းလဲရန် လိုအပ် ကြောင်း အမေရိကန်သမ္မတ ဘုရှ်က တရုတ်သမ္မတကို
ပြောဆိုဆွေးနွေးခဲ့သည်။
သမ္မတနှစ်ဦးအကြား တယ်လီဖုန်းဖြင့် ပြီးခဲ့သည့် (၂၆)ရက်နေ့က
ဆက်သွယ်ဆွေးနွေးခဲ့စဉ် ပြောဆိုခဲ့ခြင်းဖြစ်ပြီး
မြောက်ကိုရီးယားအရေးနှင့် တိုင်ဝမ်အရေးတို့ကိုလည်း ဆွေးနွေးခဲ့သည်ဟု
ဆိုသည်။
သမ္မတဘုရှ်က
ပြောဆိုရာတွင် မြန်မာစစ်အစိုးရအနေဖြင့် တိုင်းရင်းသားများနှင့်
ဒီမိုကရေစီ အင်အားစုများမပါသော အခြေခံဥပဒေကို
ဆန္ဒခံယူပွဲပြုလုပ်ရန်စီစဉ်နေခြင်းဖြစ်ပြီး မြန်မာ ပြည်သူများနှင့်
နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ယုံကြည့်မှုရရန် ဆန္ဒခံယူပွဲအစီအစဉ်အား
ပြုပြင် ပြောင်းလဲရန်လိုအပ်ကြောင်း တရုတ်သမ္မတ ဟူဂျင်တောင်အား
ပြောဆိုခဲ့သည်။
နှစ်နိုင်ငံသမ္မတနှစ်ဦး ပြောဆိုချက်ကို
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ နေ့စွဲဖြင့်
ထုတ်ပြန်ကြောညာခဲ့ပြီး တိဘက်အရေးနှင့်ပတ်သက်၍ တရုတ်အစိုးရအနေဖြင့်
ဘုန်းတော်ကြီး ဒလိုင်းလားမား၏ ကိုယ်စားလှယ်အဖွဲ့နှင့်
တွေ့ဆုံဆွေးနွေးရန်၊ သံတမန်နှင့် သတင်းသမားများ အား အခင်းဖြစ်ရာ
တိဘက်ဒေသသို့ သွားရောက်ခွင့်ပြုရန်တို့ကို ပြောဆိုခဲ့သည်။
မြောက်ကိုရီးယားကိစ္စရပ်တွင်လည်း သမ္မတနှစ်ဦးသည်
မြောက်ကိုရီးယားအစိုးရအနေဖြင့် နျှူကလီးယား လက်နက်အားလုံး
ဖျက်သိမ်းရေးကို မှန်မှန်ကန်ကန် ကြေညာရန်၊ နျှူကလီးယား နှင့်ပတ်သက်သော
ဆက်စပ်လုပ်ငန်းများအပါအဝင် သဘောတူညီချက်ရရှိရန် (၆)နိုင်ငံအုပ်စု အတွက်
ပိုမိုနီးကပ်စွာ ဆက်လက်ဆောင်ရွက်ရန်တို့ကို နှစ်ဘက်အကြား
ကတိပေးပြောဆိုကြ သည်။
တိဘက်ဘုန်းတော်ကြီးများအား တရုတ်လုံခြုံရေးတပ်ဖွဲ့များက
နှိမ်နင်းပုံသည် မြန်မာပြည်တွင် လွန်ခဲ့သောနှစ် စက်တင်ဘာလက
ငြိမ်းချမ်းစွာဆန္ဒပြမှုကို မြန်မာစစ်တပ်က အကြမ်းဖက်နှိမ်နင်း မှုကြောင့်
လူ(၃၁)ဦးသေဆုံးခဲ့ပုံနှင့် ပုံသဏ္ဍာန်တူသည်ဟု သံဃာ့တပ်ပေါင်းစု ဥက္ကဌ
ဦးပညာ ဇောတက ပြောဆိုသည်။
တရုတ်အစိုးရအာဘော်ဖြစ်သော ဆင်ဟွာသတင်းဌာနအဆိုအရ လာဆာတွင် လူ (၁၃)ဦးသာ
သေဆုံးသည်ဟု ကြေညာခဲ့ပြီး သောင်္ကြာနေ့က အကြမ်းဖက်မှုကြောင့်
လုံခြုံရေးတပ်ဖွဲ့ဝင်များစွာ ဒဏ်ရာရခဲ့ပြီး အချို့အိမ်နှင့်
ဈေးဆိုင်များကို ဖျက်ဆီးခဲ့သည်ဟုဆိုသည်။
သို့သော်
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဓမ္မစာလရှိ ပြည်ပရောက် တိဘက်အစိုးရကမူ
တိဘက်ပြည်မြို့ တော် လာဆာတွင် တရုတ်လုံခြုံရေးတပ်ဖွဲ့များ၏
နှိမ်နင်းမှုကြောင့် လူ (၈၀)ထက်မနည်း သေ ဆုံးခဲ့သည်ဟု ယမန်နေ့ကပြော
ဆိုခဲ့သည်။ |