Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

တရုတ်အစိုးရ၏လုပ်ရပ်များကို ထောက်ခံသည်ဟုဆို 

ဖြိုးကြီး။ မတ် ၂၈၊ ၂၀၀၈ 

မြန်မာစစ်အစိုးရက တရုတ်အစိုးရ၏အကြမ်းဖက်မှုကို ထောက်ခံကြောင်းနှင့် ပီကင်းအိုလံပစ် ပွဲတော်ကို ထိခိုက်နိုင်မည့် မည်သည့်လုပ်ရပ်များမဆို ဆန့်ကျင်ကြောင်း ထုတ်ဖော်ရေးသားခဲ့ သည်။ 

တိဗက်၏ မတည်ငြိမ်မှုကို အကြောင်းပြ၍ သြဂုတ်လတွင်ပြုလုပ်မည့် ပီကင်းအိုလံပစ်ပွဲတော် ပျက်အောင် ချိတ်ဆက်လှုပ်ရှားနေမှုများအားလုံးကို ကန့်ကွက်ကြောင်း မြန်မာနိုင်ငံ၊ နိုင်ငံခြား ရေးဝန်ကြီးဌာန ကြေညာချက်ဖြင့် စစ်အစိုးရပိုင်သတင်းစာများတွင် ရေးသားဖော်ပြခဲ့ခြင်း ဖြစ် သည်။ 

၎င်းကြေညာချက်တွင် “တရုတ်အစိုးရသည် ပညာသားပါပါ အမျှော်အမြင်ရှိရှိဖြင့် စိန်ခေါ်မှုများကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို လည်း စွမ်းဆောင်နိုင်လိမ့်မည်ဖြစ်သည်။ အမေရိကန်၊ ဗြိတိန်နှင့် ဂျာမဏီတို့သည် တရုတ်အစိုးရ ၏ တိဗက်အပေါ်တုန့်ပြန်မှုကို ဆန့်ကျင်ကန့်ကွက်နေကြသော်လည်း သြဂုတ်လ (၈)ရက်နေ့ ပီကင်းအိုလံပစ်ပွဲတော်ဖွင့်ပွဲနှင့် အားကစားပွဲများကို သပိတ်မှောက်မည့် ခြိမ်းခြောက်မှုများ ရပ်တန့်နေသေးကြောင်း” တို့ကို ထည့်သွင်းဖော်ပြထားသည်။ 

မြန်မာနိုင်ငံအစိုးရက တရုတ်နိုင်ငံနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ရာတွင် “မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့သည် သမိုင်းတစ်လျှောက်လုံး အိမ်နီးချင်းကောင်း ပီသမှု၊ အပြန်အလှန် နားလည်မှုနှင့် ရင်းနှီးမှုတို့ကို အခြေခံသည့်အစဉ်အလာအရ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ကို ထိန်းသိမ်းထားရှိကြသည်ဖြစ်ကြောင်းနှင့် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၌ ဖြစ်ပွားခဲ့ သည့် ဖြစ်ရပ်များသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ကြောင်း” ဆက်လက်ရေးသား ဖော်ပြထားသည်။ 

ပြီးခဲ့သည့်နှစ်၊ စက်တင်ဘာလက ငြိမ်းချမ်းစွာဆန္ဒပြမှုကို အကြမ်းဖက်နှိမ်နင်းခဲ့သော  မြန်မာ စစ်အစိုးရက တိဗက်မြို့တော်၊ လာဆာမြို့တွင် ကန့်ကွက်ဆန္ဒပြသူများကို စစ်တပ်အင်အားသုံး ၍ ဖြေရှင်းခဲ့သော တရုတ်အစိုးရ၏ ခုခံကာကွယ်ပြောဆိုမှုအပေါ် ထောက်ခံအားပေးခဲ့သည်။ 

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အရေးကြီးသော မဟာမိတ်နိုင်ငံတခုဖြစ်သည့်အပြင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေးကင်းမဲ့ပြီး လူ့အခွင့်အရေးချိုးဖေါက်မှုများကြောင့် အနောက်နိုင်ငံ များက စစ်အစိုးရအား စီးပွားရေးပိတ်ဆို့နေစဉ် စစ်အသုံးအဆောင်ပစ္စည်းများနှင့် စီးပွားရေး အကူအညီအထောက်အပံ့များ အများဆုံးပေးခဲ့သည့် နိုင်ငံတခုလည်းဖြစ်သည်။ 

တရုတ်နိုင်ငံတွင် ကျင်းပမည့်ပီကင်းအိုလံပစ်ပွဲတော် ကော်မတီဥက္ကဌ ရှုကျိသည် အိုလံပစ် မီးရှူးတိုင်သယ်ဆောင်ရန် ဂရိနိုင်ငံသို့ မတ်လ (၂၃)ရက်နေ့က ထွက်ခွာသွားခဲ့ပြီး မတ် (၃၁)ရက်နေ့တွင် အခမ်းအနားကျင်းပ၍ အဆိုပါမီးရှူးတိုင်ကို လက်ခံရယူမည်ဖြစ်သည်။ 

၎င်းမီးရှူးတိုင်ကို ၁၈၉၆ ခုနှစ်တွင် ပထမဆုံး အိုလံပစ်အားကစားပွဲတော်ကျင်းပခဲ့သည့် အေသင်မြို့၊ ပနာသီနီယမ် အားကစားကွင်းမှ ဧပြီလ (၁)ရက်နေ့တွင်စတင်၍ ကမ္ဘာ့မြို့ပေါင်း (၁၃၅) မြို့ကို လှည့်လည်သယ်ဆောင်ကာ ရက်ပေါင်း (၁၃၀)ကြာမည်ဖြစ်ပြီး ၂၀၀၈ ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့တွင် ပီကင်းအမျိုးသားအားကစားကွင်းတွင် အိုလံပစ်ပွဲတော် ဖွင့်ပွဲအခမ်း အနားကို ကျင်းပမည်ဖြစ်သည်။  

စစ်အစိုးရအနေဖြင့် ၎င်းတို့၏လုပ်ရပ်အား နိုင်ငံတကာမှဖိအားပေးနေချိန်တွင် တရုတ်၊ အိန္ဒိယ နိုင်ငံကြီးများနှင့် ပိုမိုနီးကပ်အောင် ကြိုးပမ်းဆောင်ရွက်မှုများ ပြုလုပ်လျှက်ရှိရာ တိုင်ဝမ်အရေး နှင့်ပတ်သက်၍လည်း တရုတ်ပြည် တပြည်တည်းမူကို လက်ခံကြောင်း မကြာခဏထုတ်ဖော် ပြောဆိုလေ့ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org