Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဖမ်းဆီးခံကျောင်းသားခေါင်းဆောင်များကို ပုဒ်မအသစ်များဖြင့် တရားစွဲဆို

ရိုးမ ၃။ မတ် ၃၊ ၂၀၀၈

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်နေသူများနှင့် အဖမ်းဆီးခံကျောင်းသားခေါင်းဆောင် များကို ပုဒ်မအသစ်များ ဖြင့်စွဲချက်တင် တရားစွဲဆိုခဲ့သည်။

မင်းကိုနိုင်အပါအ၀င် မြန်မာဒီမိုကရေစီရေးလှုပ်ရှားဆောင်ရွက်နေသူ (၂၀)ခန့်အား ပုံနှိပ်ဥပဒေ ဖြင့် တရားစွဲဆို စွဲချက်တင်ထားပြီးမှ ယခုအကြမ်းဖက်လှုံ့ဆော်သည့် ဥပဒေဖြင့် ထပ်မံစွဲဆို လိုက်ခြင်းဖြစ်ကြောင်း ရှေ့နေကြီး ဦးအောင်သိန်းက သောကြာနေ့က ပြောကြားလိုက်ခြင်း ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများတွင် (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ် သည့် မင်းကိုနိုင်နှင့် ကိုကိုကြီးတို့အပါအ၀င် အဖမ်းဆီးခံလူ ၂၀ ကျော်ကို  “စက်တင်ဘာ လူထုဆန္ဒပြပွဲကြီး ဖြစ်ပေါ်လာအောင် ကြိုတင်ဖန်တီးပြီး ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြပွဲကို ဦးဆောင်ခဲ့ကြသူများဖြစ်တယ်ဆိုပြီး တရားခံဘက်က အကျိုးဆောင်ရှေ့နေနဲ့လည်း တွေ့ခွင့် မပေးဘူး၊ လုပ်ထုံးလုပ်နည်းအရ စနစ်တကျရုံးတင်စစ်ဆေးတာလည်း မရှိဘူး၊ ရုံးတင်မဲ့နေ့ကို တော့ အတိအကျမသိရသေးဘူး” ဟု ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

စစ်အာဏာပိုင်များက ထိုသူများကို တရားရုံးများတွင် လိုအပ်သလို တရားစွဲဆိုရုံးတင် စစ်ဆေး ရန်အတွက် ထောင်ထဲတွင် ဆက်လက်ချုပ်နှောင် ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ကျောင်းသားခေါင်းဆောင်များသည် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံတွင် ရှေ့တန်းမှ ဦးဆောင် ပါဝင်ခဲ့သည့်အတွက် စစ်တပ်မှ ရက်ရက်စက်စက် နှိပ်ကွပ်နှိမ်နင်းခဲ့ကာ ထောင်ထဲတွင် ဆယ်စုနှစ်ကျော်နှစ်ရှည် ညှင်းပန်းနှိပ်စက်ခံခဲ့ကြရသူများ ဖြစ်သည်။

၎င်းတို့အား လောင်စာဆီဈေးနှုန်း မတန်တဆ မြင့်တက်မှုကြောင့် ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြခဲ့သဖြင့် ၂၀၀၇ ခုနှစ် သြဂုတ်လ (၂၁)ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ဦးဆောင်၍ ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြမှုကိုလည်း စစ်အစိုးရ အာဏာပိုင်တို့က အကြမ်းဖက်နှိမ်နင်းခဲ့ပြီး ပါဝင်လှုပ်ရှားခဲ့သူများကို အကျဉ်းထောင်များထဲတွင် ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ထားခဲ့သည်။

မြန်မာစစ်အစိုးရက နိုင်ငံတော် တည်ငြိမ်အေးချမ်းသာယာရေးကို နှောက်ယှက်ဖျက်စီးရန် စည်းရုံးလှုံ့ဆော် ဟောပြောသူများ၊ ကြေညာချက်ဖြန့်ဝေရေးသားသူများနှင့် စီတန်းလှည့်လည် ဆန္ဒပြသူများကို ကြေညာချက် ၅/၉၆ အရ ထောင်ဒဏ်(၂၀)နှစ်ထိ ပြစ်ဒဏ်ချမှတ် တရားစွဲဆို နိုင်သည်ဟု ကြေညာထားသည်။

ထိုစက်တင်ဘာလှုပ်ရှားမှုအား နှိမ်နင်းခဲ့ရာတွင် အနည်းဆုံးလူ(၃၁)ဦးသေဆုံးပြီး စာနယ်ဇင်း သမားများ၊ သတင်းထောက်များနှင့် အင်တာနက်ဘလော့ဂါများကိုလည်း ဆက်လက်ဖမ်းဆီး နေဆဲပင် ရှိနေသေးသည်။

လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်နေ့သည့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က စစ်အစိုးရ အကျဉ်းထောင်ထဲတွင် စက်တင်ဘာလှုပ်ရှားမှုနောက်ပိုင်း ဖမ်းဆီးထိမ်းသိမ်းထားသူ အနည်းဆုံးလူ(၇၀၀)ကျော် ကျန်နေပြီး ယခင်နှစ်ရှည်လများ ဖမ်းဆီးထိမ်းသိမ်းထားပြီး ပြန် မလွှတ်သေးသည့် သတင်းစာဆရာကြီးဦးဝင်းတင် အပါအဝင် နိုင်ငံရေးအကျဉ်းသား (၁၁၅၀)ကျော်ရှိနေသည်ဟု ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org