Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ကယ်ဆယ်ရေး ပစ္စည်းများပေးပို့မည့် ရဟတ်ယာဉ်များကို စစ်အာဏာပိုင်များက တားမြစ်ထား 

ာဏ်မောင်။ ဇွန် ၅၊ ၂၀၀၈ 

မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသမှ နာဂစ်လေဘေးဒုက္ခသည် (၂.၄) သန်းအတွက် ကယ်ဆယ် ရေးပစ္စည်းများ ပေးပို့မည့် ဟယ်လီကော်ပတာများကို မြန်မာအာဏာပိုင်များက တားမြစ်ထား လျှက်ရှိသည်။ 

ယခုလက်ရှိ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ရဟတ်ယာဉ် (၁၀) စီးအပြင် နောက်ထပ် (၉) စီးကို စစ်အစိုးရက ဝင်ရောက်ခွင့်မပြုကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ပေါလ်ရစ်စ်လီက ဘန်ကောက်မြို့တွင် ယမန်နေ့က ပြောဆိုလိုက်ခြင်း ဖြစ်သည်။ 

မုန်တိုင်းတိုက်ခတ်စဉ်အချိန်ကတည်းက ဒုက္ခရောက်နေသည့် ဆိုင်ကလုံးဒုက္ခသည် တဝက်ခန့် အတွက်သာ ကယ်ဆယ်ရေးပစ္စည်းများရရှိပြီး ယနေ့ချိန်ထိ မည်သည့်အကူအညီမှမရသေးသူ ထက်ဝက်ခန့် ကျန်ရှိသေးသည်ဟု ၎င်းက ပြောသည်။ 

“လွန်ခဲ့တဲ့နှစ်ပတ်ကတည်းက ဟာကျူလီအုပ်စုက ရဟတ်ယာဉ် (၁၀) စီး ဘန်ကောက်ကို သယ်လာတာ၊ သူတို့နဲ့ဆို အလုပ်အများကြီး တွင်ကျယ်အောင်လုပ်နိုင်မယ်၊ မေလ (၂) ရက်နေ့ ကတည်းက (WFP) က ရဟတ်ယာဉ်တစီးပဲ ဝင်ရောက်ခွင့်ရပြီးတော့ ဇွန်လ (၂) ရက်နေ့ ရောက်မှ လပွတ္တာမြို့ကို ရောက်တယ်”ဟု ရစ်စ်လီက ပြောသည်။ 

စစ်အစိုးရအာဏာပိုင်များက အမေရိကန်ရေတပ်သင်္ဘောများကို မြစ်ဝကျွန်းပေါ် ကမ်းခြေများ အရောက် ကယ်ဆယ်ရေးပစ္စည်းများ ပို့ပေးမည့်အစီအစဉ်ကို ငြင်းပယ်ခဲ့သည့်အတွက် ယနေ့ ပြန်လည်ထွက်ခွာသွားကြပြီး ကုလစာရင်းများအရ သေဆုံးသူ (၇၇,၀၀၀) ကျော်နှင့် ပျောက်ဆုံး နေသူ (၅၅,၀၀၀) ကျော်ရှိသေးကာ လူပေါင်း (၅) သိန်းမှ (၆) သိန်းခန့်ထိ မြစ်ဝကျွန်းပေါ်ဒေသ မှ ပြောင်းရွှေ့ခံနေကြရသည်ဟု ဆိုသည်။ 

နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများကို မြစ်ဝကျွန်းပေါ်ဒေသသို့ သွားရောက်ခွင့်ပြုသဖြင့် ကယ်ဆယ်ရေးပစ္စည်းများရရှိမှု တိုးတက်လာသော်လည်း သယ်ဆောင်မည့် ပို့ဆောင်ရေး ယာဉ်များကြောင့် နှောင့်နှေးနေသည်ဟု ကုလသမဂ္ဂအရာရှိတဦးက ဆိုသည်။ 

စစ်အစိုးရ၏ ငြင်းပယ်မှုကြောင့် အမေရိကန်စစ်သင်္ဘော USS Essex ဦးဆောင်သော ကယ်ဆယ် ရေးပစ္စည်းများ တင်ဆောင်လာသည့် ရေတပ်သင်္ဘောအုပ်စုသည် ယနေ့ပြန်လည်ထွက်ခွာတော့ မည်ဖြစ်ကြောင်း ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးက မနေ့က ကြေညာ ချက်ထုတ်ပြန်ခဲ့သည်။ 

“မြန်မာအာဏာပိုင်တို့က ကယ်ဆယ်ရေးပစ္စည်းများ လက်ခံဖို့ ငြင်းပယ်လိုက်တဲ့အတွက် ဝမ်းနည်းပါတယ်၊ မုန်တိုင်းကြောင့် ဒုက္ခသည်တသန်းကျော်ကတော့ အခုအချိန်ထိ ကယ်ဆယ် ရေးပစ္စည်းများ မရတဲ့အတွက် လူတွေ ထောင်နှင့်ချီပြီး သေကြေပျက်စီးနေရတယ်၊ ဒီကိစ္စနဲ့ ပတ်သက်လို့ အချိန်သိပ်ဖြုန်းလို့မရဘူး”ဟု ယမန်နေ့က အိမ်ဖြူတော်၏ကြေညာချက်တွင် ဖော်ပြထားသည်။ 

မုန်တိုင်းကြောင့် လူပေါင်းတသန်းခွဲခန့် အစားအသောက်အကူအညီ လိုအပ်လျှက်ရှိပြီး အခြား ကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ တနေ့စာအတွက် အစားအစာ မက်ထရက်တန် (၄၀၀) ခန့် ဖြန့်ဝေဖို့ ရည်ရွယ်ထားကြောင်း ဇွန်လ (၂) ရက်နေ့တွင် ရစ်စ်လီက ပြောဆိုခဲ့သည်။  

မြစ်ဝကျွန်းပေါ်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်လျှက် ရှိပြီး ကုလသမဂ္ဂအနေနှင့်လည်း ပိုမိုပါဝင်ဆောင်ရွက်ရမည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာရုံး ညှိနှိုင်းရေးမှူး၏ ပြောရေးဆိုခွင့်ရှိသူ မစ္စစ်အမန်ဒါပစ်က ဘန်ကောက် မြို့တွင် ယမန်နေ့က ပြောဆိုခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com