|
၁၈ နှစ်အောက် မိန်းခလေးငယ်များ
လိင်လုပ်ငန်းလုပ်ဆောင်ခြင်း ပိုမိုများပြားလာ
ဗထူး။ ဇွန်
၁၇၊ ၂၀၀၈

ဆင်းရဲကြပ်တည်းလာသည့် စားဝတ်နေရေးအခြေအနေများကြောင့် ရန်ကုန်မြို့တွင်
(၁၈) နှစ် အောက် အမျိုးသမီးငယ်လေးများ လိင်လုပ်ငန်းလုပ်ဆောင်ခြင်းများ
ပိုမိုများပြားလာနေသည်။
အမျိုးသမီးငယ်လေးများမှာ မိသားစုစီးပွားရေး ပိုမိုကြပ်တည်းလာနေသဖြင့်
နိုက်ကလပ်အချို့ နှင့် လမ်းဘေးများတွင် ခန္ဓာကိုယ်ရင်းနှီးကာ
ဝင်ငွေရှာဖွေနေရခြင်းဖြစ်သည်။
စစ်အစိုးရအရာရှိတဦး ဖွင့်လှစ်ထားသည့် အင်ပါယာအမည်ရှိ နိုက်ကလပ်နှင့်
ဘီယာရောင်းချ သည့် နေရာများတွင် (၁၇) နှစ်နှင့် အသက် (၂၀) ကြား
မိန်းခလေးငယ်အများအပြားကို တွေ့မြင် နေရသည်ဟု ရန်ကုန်မြို့ခံတဦးက
ပြောသည်။
“သိမ်ကြီးဈေးအပေါ်ထပ်က အင်ပါယာနိုက်ကလပ်၊ ပန်းဆိုးတန်းက
အင်ပါယာဘီယာစတေရှင်နဲ့ ကန်တော်လေးက အင်ပါယာဘီယာစတေရှင်မှာ
မိန်းခလေးငယ်လေးတွေ နည်းတာမဟုတ်ဘူး၊ အပြင်ကလာတာ မဟုတ်ပဲ သူတို့ဆီမှာပဲ
အယောက်(၃၀) လောက်ရှိတယ်၊ အပြင်ကလာတာနဲ့ ဆိုရင် (၁၀၀) လောက်ရှိမယ်၊
အဲ့ဒီဆိုင်တွေက ဗိုလ်မှူးစိုးမင်းထက်ဆိုတဲ့ လူပိုင်တာ၊ သူ့ အမျိုးသမီးက
ရန်ကုန်တိုင်းအမျိုးသမီးရေးရာအဖွဲ့က ဒေါ်ခင်စောရီပါ” ဟု
ရန်ကုန်မြို့ခံတဦးက ပြောသည်။
ဒေါ်ခင်စောရီမှာ ရန်ကုန်တိုင်းအမျိုးသမီးရေးရာအဖွဲ့မှ
ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ၏ ဇနီး အနီးတွင် လိုက်ပါနေရသူဖြစ်ပြီး
ယခုကဲ့သို့ လုပ်ငန်းလုပ်ဆောင်ခြင်းကို အရေးယူခြင်းမရှိ ကြောင်း
၎င်းကဆက်လက်ပြောဆိုသည်။
အမျိုးသမီးငယ်အများစုမှာ ဆင်ခြေဖုံးရပ်ကွက်များဖြစ်သည့် လှိုင်သာယာ၊
တောင်ဒဂုံ၊ မြောက် ဒဂုံနှင့် သာကေတ မြို့နယ်များမှအများစုဖြစ်ကြပြီး
ညနေပိုင်းအချိန်များတွင် ရန်ကုန်မြို့လယ်ရှိ
အများပြည်သူသွားရာလမ်းပေါ်တွင် တွေ့မြင်နေရသည်ဟု ဆိုသည်။
“ညနေ
(၅)
နာရီ (၆) နာရီလောက်ဆိုရင် တက္ကစီနဲ့လာကြပြီ၊ အင်ပါယာကလပ်က ကာရာအိုကေ
အရင်ဖွင့်တယ်၊ ကာရာအိုကေမှာ ထိုင်ကြတယ်၊ ကိုးနာရီကျော်တာနဲ့
နိုက်ကလပ်ဖြစ်သွားပြီး လာတဲ့ဧည့်သည်တွေ ခေါ်တဲ့နောက်ကို
လိုက်သွားကြတာပဲ” ဟု မျက်မြင်အမျိုးသမီးတဦးက ပြောဆိုသည်။
စီးပွားရေးပိုမိုကြပ်တည်းလာသည့် အခြေအနေများကြောင့် ယခုလပိုင်းအတွင်း
ရန်ကုန်မြို့ပေါ်ရှိ လူနေအိမ်တိုက်ခန်းအချို့တွင်လည်း
အမျိုးသမီးငယ်လေးများဖြင့် လိင်လုပ်ငန်းလုပ်ကိုင်မှု ပိုမို
များပြားလာနေသည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။
စစ်အစိုးရအနေဖြင့် အမျိုးသမီးရေးရာအဖွဲ့ကိုဖွဲ့စည်း၍
စွမ်းဆောင်ရည်မြင့်မားအောင် ပြုလုပ်နေ ကြောင်း ပြောဆိုနေသော်လည်း
ယခုကဲ့သို့ ဖြစ်ပွားနေခြင်းများကို ကာကွယ်တားဆီးပေးခြင်း မရှိကြောင်း
အမျိုးသမီးတဦးက “အမျိုးသမီးရေးရာက ဒါတွေ တကယ်တမ်း စိုးရိမ်တယ်သာ
ပြောတာ၊ ဘယ်ကလပ်သွားကြည့်လိုက် သွားကြည့်လိုက် (၁၇) နှစ်
(၂၀)နှစ်အရွယ်လေးတွေ ထွက်လာတာတွေ့နေရတယ်၊ ဒီလိုဖြစ်နေတာ
နိုင်ငံတော်အစိုးရမှာ အများကြီးတာဝန်ရှိတယ်” ဟု ပြောသည်။
အချို့အမျိုးသမီးငယ်များမှာ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ဘက်မှ
လာရောက်ကြသည့်သူများ ဖြစ်ပြီး စီးပွားရေးကြပ်တည်းမှုကြောင့်
ခန္ဓာကိုယ်ရင်းနှီး လုပ်ကိုင်စားသောက်နေရသည်ကို စိတ်မကောင်းစွာ
မြင်တွေ့နေရသည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။
“ဒီတပတ်အတွင်းကြားနေရတာတွေက အဲဒီအကြောင်းတွေဘဲ ကြားနေရတယ်၊ ရန်ကုန်မှာ
ကလပ်ပေါင်းကလည်း မနဲဘူး၊ သိသလောက်တောင် (၁၀) ခုလောက်ရှိတယ်၊ အခုဆို
ပေါ်တင်ဘဲ ဈေးစကားကို လမ်းမှာဘဲ ပြော၊ ကားပေါ်တင်သွား၊ လမ်းမှာတင်ဘဲ
မြင်တဲ့သူ တောင် ရှက်တယ်၊ အဲလိုဖြစ်နေတာ၊ အလွန်ဆုံးရှိမှ (၂၀) လောက်ဘဲ
ငယ်ငယ်လေးတွေ၊ စိတ်ထဲမကောင်းလိုက်တာရှင်” ဟု ရန်ကုန်မြို့မှ
အမျိုးသမီးတဦးက ပြောဆိုသွားခဲ့သည်။
ရန်ကုန်မြို့တွင် အမျိုးသမီးငယ်များဖြင့် စားသောက်ဆိုင်၊
နိုက်ကလပ်နှင့်၊ ဘီယာဆိုင်များ အများအပြားဖွင့်လှစ်ထားပြီး
အဆိုပါလုပ်ငန်းလုပ်ကိုင်သူအများစုမှာ စစ်ဘက်ဆိုင်ရာ အရာရှိ များနှင့်
၎င်းတို့နှင့်နီးစပ်သူများပင်ဖြစ်သည်။ |