|
မိဘမဲ့ကလေးငယ်များ လုပ်အားခနည်းနည်းဖြင့် ခိုင်းစေခံနေရ
ဉာဏ်မောင်။
ဇွန် ၉၊ ၂၀၀၈

နာဂစ်မုန်တိုင်းကြောင့် မိဘမဲ့ဖြစ်သွားသည့် ကလေးငယ်များကို
လုပ်အားခအနည်းငယ်မျှပေး၍ ခိုင်းစေမှုများ ကျယ်ကျယ်ပြန့်ပြန့်
ဖြစ်နေသည်။
မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဧရာဝတီမြစ်ဝကျွန်းပေါ်မှ ကလေးငယ်များမှာ
ပျောက်ဆုံးသွားသည့် မိဘဆွေမျိုးများကိုလိုက်ရှာစဉ် ယခုကဲ့သို့
လုပ်အားခအနည်းငယ်သာပေး၍ ခိုင်းစေခံနေရခြင်း ဖြစ်ကြောင်း
ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်မှုများ
လှုပ်ရှားသူ မာဗင်ပါဗက်က ပြောဆိုလိုက်ခြင်းဖြစ်သည်။
မိဘမဲ့ကလေးများ ခိုင်းစေခံရမှုနှင့်ပတ်သက်၍မာဗင်ပါဗက်က
“နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းတွေ က တက်နေပေမဲ့ လူတွေအသက်ရှင်ရတဲ့
ဘဝတခုပဲ ဈေးပေါနေတယ်၊ အားလုံးထဲမှာ ဈေး အပေါဆုံးကတော့ ကလေးတွေပဲ၊
နေရာအတော်များများမှာ သူတို့လေးတွေ မီးခြစ်ဂက်စ်ထည့် ပေးရတာ၊
သစ်သီးရောင်းနေတာတွေ၊ လ္ဘက်ရည်ဆိုင်၊ အစားအသောက်ချက်ပြုတ်ပေးနေရတဲ့
စားသောက်ဆိုင်တွေမှာနဲ့ နောက်ဆုံးဘုန်ကြီးကျောင်းမှာ
သန့်ရှင်းရေးလုပ်နေတဲ့နေရာမကျန် အောင် သူတို့အလုပ်လုပ်နေကြရတယ်”ဟု
ပြောသည်။
မြန်မာတနိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းရင်းသားလူမျိုးစုစစ်ပွဲများ၊
မိသားစုစားဝတ်နေရေး အခက်ခဲများ၊ ကလေးစစ်သားအသုံးပြုမှုများကြောင့်
ကလေးအများစုသည် လူကုန်ကူးခြင်းခံ နေရပြီး ၎င်းတို့၏မိဘများမှာ တရက်လျှင်
တဒေါ်လာအောက် (ကျပ်တထောင်အောက်) ဝင်ငွေ သာ ရရှိနေကြသူများဖြစ်သည်။
“မြစ်ဝကျွန်းပေါ်ဒေသက ကလေးတွေက ဆင်းရဲသားတွေထဲမှာ
အဆင်းရဲဆုံးတွေဖြစ်ကုန်ပြီ၊ ဆိုင်ကလုန်းမတိုင်ခင်ကတောင်မှ သူတို့ဆီမှာ
အစာရေစာငတ်မွတ်ရှားပါးနေကြတာ၊ ခုတော့ ဆိုင်ကလုန်းက သူတို့ကို
ရာစုနှစ်တခုလောက် နောက်ပြန်ပို့လိုက်ပြီ၊ အခုဆိုရင်မိသားစုတွေက လည်း
တကွဲတပြားစီဖြစ်နေကြတော့ သူတို့ရဲ့သားသမီးတွေကို မိဘတွေကိုယ်တိုင်
စွန့်လွှတ် စတေးလိုက်ကြရပြီ၊ ဒီအချိန်မှာတော့ ကလေးတွေဟာ
ထိခိုက်ပျက်စီးလွယ်နေပါပြီ”ဟု သူက ဆက်လက်ပြောဆိုသည်။
အထူးသဖြင့် ကလေးငယ်အများစုသည် မှတ်ပုံတင်မရှိ၊
ရွာနာမည်ပြောနိုင်ခြင်းမရှိသည့်အပြင် ကလေးသူငယ်များကို
အကာအကွယ်ပေးရန်နှင့် မိသားစုဆွေမျိုးများနှင့် ပြန်ဆက်သွယ်ပေးနိုင် ရန်
လုပ်ကိုင်ပေးနေကြသော်လည်း မြန်မာပြည်အသိုင်းအဝိုင်းတွင်
မိသားစုနာမည်များ ထည့် သွင်းမှည့်ခေါ်လေ့မရှိသဖြင့် ခက်ခဲနေကြောင်း
၎င်းကဆက်လက်ပြောသည်။
ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့များ၏အဆိုအရ မြစ်ဝကျွန်းပေါ်ဒေသမှာ
မုန်တိုင်းမကျမီ က အသက် (၁၈) နှစ်အောက် ကလေးဦးရေသည် လူဦးရေ၏ (၄၀)
ရာခိုင်နှုန်းရှိပြီး UNICEF ၏အဆိုအရ ကလေးသူငယ် ၁.၁ သန်း တက်ရောက်နေသည့်
စာသင်ကျောင်း (၄,၀၀၀)ကျော် ပျက်စီးသွားသည်ဟု ဆိုသည်။
မုန်တိုင်းဒဏ်ကြောင့် ကလေးငယ်အနည်းဆုံး (၂,၀၀၀) ကျော်သည်
မိဘများသေဆုံး၊ ပျောက် ဆုံးသွားသည့်အတွက် မိဘမဲ့ကလေးများဖြစ်နေပြီး
ဒေသခံများက ၎င်းအရေအတွက်ထက် ပိုကြောင်း ခန့်မှန်းပြောဆိုကြသည်။
မြစ်ဝကျွန်းပေါ်ဒေသရှိ မိသားစုများတွင် ကလေးငယ်ဦးရေ ပိုမိုများပြားပြီး
လပွတ္တာတမြို့မှာပင် မိဘမဲ့ကလေး (၅၀၀၀)ကျော်ရှိနိုင်ကြောင်း
ခန့်မှန်းပြောဆိုသည်။
စစ်အာဏာပိုင်များက ဒုက္ခသည်စခန်းများကို ပိတ်လိုက်ပြီး ကျေးရွာများသို့
အတင်းအကြပ် ပြန်လွှတ်နေကြောင်း ကယ်ဆယ်ရေးအေဂျင်စီများ၏
ပြောဆိုမှုများနှင့်ပတ်သက်၍ ငြင်းဆန်နေ လျှက်ရှိပြီး အစိုးရအနေဖြင့်
ကလေးငယ်များကို မိဘများထံရောက်အောင် ဆောင်ရွက်ပေးကာ
တနိုင်ငံလုံးကျောင်းများကိုလည်း ဇွန်လ(၂) ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်ဟု
ဆိုသည်။
ကလေးသူငယ်များကယ်ဆယ်ရေး ညွှန်ကြားရေးမှူး အင်ဒရူး ကပ်ဝုဒ်က “ကလေးတွေ
စာသင် ခန်းထဲ ပြန်ရောက်ပြီဆိုရင် ဘယ်ကလေးဟာဖြင့်
စိတ်ခံစားမှုချို့ယွင်းနေတယ်၊ ဘယ်ကလေး ဟာဖြင့် အဟာရချို့တဲ့နေတယ်
စသည်ဖြင့်ပေါ့ ကွာဟချက်တွေကို ဖြည့်ဆည်းပေးရဦးမယ်” ဟု ပြောသည်။
UNICEF က မြစ်ဝကျွန်းပေါ်ဒေသတွင် ကလေးသူငယ်စောင့်ရှောက်ရေးဂေဟာ (၈၀)
ခန့် ဖွင့်လှစ်ထားပြီး ဂေဟာတခုတွင် ကလေး (၅၀) မှ (၃၅၀) ထိရှိကာ
သီချင်းဆိုခြင်း၊ စာဖတ်ခြင်း၊ ကစားခြင်းနှင့်
အုပ်စုလိုက်ဖျော်ဖြေမှုများပြုလုပ်၍ ၎င်းအတွက်လိုအပ်သည့် စာအုပ်များ၊
အထောက်အကူပြုပစ္စည်းများအပြင် အမိုးအကာဆောက်လုပ်ရေး လုပ်ငန်းများကို
လုပ်ကိုင် လျှက်ရှိသည်။
ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးအစီအစဉ်တွင် လုပ်ကိုင်နေသူ
အမျိုးသမီးတဦး က ကလေးသူငယ်များကို လူကုန်ကူးခြင်းနှင့်
မိဘမဲ့လေးတွေအား မြို့သူမြို့သားများက ပြန် လည်မွေးစားပေးကြခြင်းဖြင့်
ကာကွယ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းပြောဆိုသည်။
“လူတွေကတော့လာပြီး ဒီကလေးတွေကို ပြုစုစောင့်ရှောက်ပြီး
မွေးစားပါမယ်လို့တော့ ပြော တယ်၊ သူတို့မှာ အခြားအကြောင်းအရာတွေလည်း
ရှိချင်ရှိနေပါဦးမယ်၊ ကျမတို့ကတော့ ခွင့်မပြုနိုင်သေးပါဘူး၊
ကလေးတွေကို သူတို့ရဲ့မိသားစုတွေနဲ့ နေနိုင်ဖို့နဲ့ အထူးသဖြင့် ကလေး
တွေကို ကာကွယ်ပေးဖို့အတွက် အလွန်ကိုအရေးကြီးနေပါတယ်” ဟု သူမက
ဆက်လက်ပြော ဆိုသည်။ |