Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးအောင် ဥပဒေထုတ်ပြန်

ဗထူး။ ဇွန် ၁၃၊ ၂၀၀၈ 

မြန်မာစစ်အစိုးရက ကယ်ဆယ်ရေးပစ္စည်းများ အရေးပေါ်ဖြန့်ဝေလုပ်ကိုင်နေမှုများ ပို၍နှောင့် နှေးကြန့်ကြာအောင် လမ်းညွှန်ချက်အသစ်များ ထပ်မံထုတ်ပြန်လိုက်သည်။ 

လာမည့်တနင်္လာနေ့တွင် တရားဝင်ထုတ်ပြန်မည့် လုပ်ထုံးလုပ်နည်းအသစ်တွင် ကုလသမဂ္ဂနှင့် အခြားအဖွဲ့များသည် ကယ်ဆယ်ရေးပစ္စည်းများနှင့် ဒုက္ခသည်ဒေသများသို့ သွားမည်ဆိုပါက တရားဝင်ခွင့်ပြုချက် လက်ခံရရှိပြီးမှ သွားလာလုပ်ခွင့်ရှိမည်ဟု လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတဦးက ယမန်နေ့က ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

အဆိုပါတရားဝင်ထုတ်ပြန်မည့် ဥပဒေသစ်နှင့်ပတ်သက်၍ “ဥပဒေသစ်မှာ အကူအညီပေးဖို့နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ကြန့်ကြာမှုမရှိစေဘဲ အစိုးရကစင်းလုံးချော ပိုမိုမြန်ဆန်အောင် ဆောင်ရွက်ပေးသင့်ပါတယ်” ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာဘရက်အက်မန်က ပြောဆိုခဲ့သည်။ 

စစ်အစိုးရက မုန်တိုင်းဒဏ်အဆိုးရွားဆုံးခံခဲ့ရသည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ သွားရာ လမ်းကြောင်းများကို ပိတ်ဆို့ထားခြင်း၊ နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများအတွက် ပြည် ဝင်ခွင့်ဗီဇာထုတ်ပေးရန် ဗျူရိုကရက် အုပ်ချုပ်ရေးကြိုးနီစနစ်ဖြင့် အချိန်ဆွဲနှောင့်နှေးကြန့်ကြာ စေရန် ချုပ်နှောင်ထားခြင်းဖြစ်သည်ဟု ဆိုသည်။ 

“စစ်ဗိုလ်ချုပ်ကြီးတွေဟာ ပြည်သူလူထုရဲ့လိုအပ်ချက်တွေအပေါ်မှာ လူထုကိုထိန်းချုပ်ပြီး နေရာ ရွှေ့ပြောင်းပေးနေတာတွေ လုပ်ဆောင်နေတယ်၊ လူသားချင်းညှာတာထောက်ထားမှုဆိုင်ရာ ကိစ္စတွေလုပ်နေတဲ့ ကယ်ဆယ်ရေးလုပ်သားတွေ အတွက်လည်း ယခင်သုံးပွင့်ဆိုင်အုပ်စု(UN၊ အာစီယံနှင့် မြန်မာ)ရဲ့ ခွင့်ပြုချက်တင်မဟုတ်ဘဲ ဥပဒေသစ်အရ စစ်အစိုးရဝန်ကြီးဌာန ခွင့်ပြု ချက်ကိုပါယူပြီးမှ ဒုက္ခသည်ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခွင့်ရမှာဖြစ်တယ်” ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ ဆိုသည်။ 

ရန်ကုန်မြို့တွင်ရှိသည့် The Watchdog အဖွဲ့၏ အဆိုအရ ဒေသဆိုင်ရာစစ်တပ်အရာရှိကြီးများ၊  ဒေသတွင်း နယ်မြေလိုက် တပ်မှူးများ၏ ခွင့်ပြုချက်များ ပိုမိုလိုအပ်ပြီး နိုင်ငံခြားသား ကယ်ဆယ် ရေးလုပ်သားများ မြစ်ဝကျွန်းပေါ်ဒေသသို့ သွားမည်ဆိုလျှင် စစ်အစိုးရအရာရှိများက အနီးကပ် လိုက်ပါလိမ့်မည်ဖြစ်ကြောင်း ပြောဆိုသည်။ 

ကုလသမဂ္ဂ၏စာရင်းထုန်ပြန်ချက်အရ မုန်းတိုင်းဒဏ်ကြောင့် သေဆုံးသူ ၁၃၃,၀၀၀ ကျော်ရှိပြီး လူသန်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေသော မြစ်ဝကျွန်းပေါ်ဒေသများတွင် ယခုအချိန်ထိ နိုင်ငံတကာအကူအညီ လုံးဝမရသေးသူ တသန်းကျော်ရှိနေသေးသည်ဟု ဆိုသည်။ 

“အမှန်တကယ်ကျွမ်းကျင်တဲ့ ကယ်ဆယ်ရေးလုပ်သားတွေမှသာ စနစ်တကျနဲ့ ဒုက္ခပင်လယ်ဝေ နေတဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ အတွက် ခွင့်ပြုချက်တွေရထားပေမဲ့ တကယ်လုပ်ရတဲ့နေရာမှာ အများကြီးအခက်အခဲ ကွာဟ ချက်တွေရှိနေပါတယ်” ဟု ကုလသမဂ္ဂအရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများဌာနမှ ပြောရေး ဆိုခွင့်ရှိသူအမျိုးသမီး မစ္စက်အမန်ဒါပစ်က ပြောသည်။ 

နိုင်ငံတကာ သံတမန်များ၊ ကုလသမဂ္ဂနှင့် အာစီယံနိုင်ငံအစိုးရများက စစ်အစိုးရ၏ မမှန်မကန် ဝင်ရောက်စွက်ဖက်နေမှုများကို လျစ်လျူရှုထားကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com