Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

လယ်ယာထွန်ယက်မှုများကို လူ့အခွင့်အရေးအဖွဲ့က ကူညီဆောင်ရွက်ပေးနေ

ရိုးမ ၃။ ဇွန် ၂၅၊ ၂၀၀၈ 

မုန်တိုင်းဒဏ်သင့် ဒေသများတွင် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လယ်ယာထွန်ယက်မှုများနှင့် ရေတွင်းတူးပေးခြင်းများကို လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက် (HRDP) က လုပ်ဆောင်ပေးနေလျှက်ရှိသည်။ 

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်းမှ ကျေးရွာများနှင့် ငပုတောမြို့နယ် ကျေးရွာများတွင် လွန်ခဲ့သည့် တပတ်ခန့်က စတင်လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်ဟု အဆိုပါဖွဲ့ဝင်တဦးက ပြောဆိုသည်။ 

လယ်ယာထွန်ယက်စိုက်ပျိုးမှု အခြေအနေများနှင့်ပတ်သက်၍ “လယ်စိုက်ချိန်က အခုမှထွန်မယ် ဆိုတော့ နောက်ကြနေတယ်လို့ ပြောကြတာပဲ၊ ကျနော်တို့က ဒေသခံတွေနဲ့ ဆွေးနွေးတဲ့အခါ ကျတော့လည်း သူတို့က မှီပါတယ်၊ ကျနော်တို့ကို ထွန်သာပေးပါဆိုလို့၊ သူတို့လယ်တွေက စိုက်ခင်းမဟုတ်ဘူး ကြဲခင်းတွေဆိုတော့ ဖြစ်နိုင်သေးတယ်လို့ သူတို့ကပြောတယ်” ဟု ပြော သည်။ 

ဘိုကလေးမြို့နယ်တွင် ထွန်ယက်ရန် ဧက (၇,၀၀၀)၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် (၄၀၀)ကျော် ခန့်ရှိပြီး ကညင်ငူ၊ သင်္ဃန်းကုန်းကျေးရွာအုပ်စုများတွင် ထွန်ယက်မှုများလုပ်ဆောင်ရာတွင် လိုအပ်သည့် စက်ပစ္စည်းများကို လယ်သမားများကိုခေါ်၍ တတ်နိုင်သလောက် စိတ်ကြိုက် ၀ယ်ယူပေးခဲ့ကြောင်း သူကဆက်လက်ပြောသည်။ 

လယ်ဧက မည်မျှထွန်ယက်နိုင်မည်ကို မခန့်မှန်းနိုင်သော်လည်း၊ ထွန်စက်များ အခြေအနေ၊ လုပ်အားနှင့် လောင်စာဆီရရှိနိုင်မှုအပေါ် မူတည်သည့်အပြင် ဒေသအာဏာပိုင်များ၏ လုပ်ငန်း အပေါ်နားလည်ပေးမှုမှာလည်း အရေးကြီးကြောင်း ပြောဆိုသည်။ 

“အလှူရှင်တွေပေါ်မှာလည်း မူတည်ပါတယ်၊ ကျနော်တို့အခုကူညီပေးနေတာဟာ စိုက်ပျိုးနိုင်မဲ့ လယ်ဧကတွေရဲ့ တ၀က်လောက်ပဲလုပ်ပေးနိုင်မှာပါ၊ စက်အား လူအားထည့်ဖြည့်ပေးနိုင်ရင် တော့ ပိုပြီးလုပ်နိုင်မှာပါ” ဟု (HRDP) အဖွဲ့ကပြောသည်။ 

စိုက်ပျိုးရန်အတွက် မျိုးစပါးများကို အခြားပံ့ပိုးပေးသည့် အဖွဲ့များရှိနေသည့်အတွက် တောင်သူ အချို့မှာ မျိုးစပါးနှင့်လိုအပ်သည့် မြေသြဇာများကိုရရှိသည်ဟု ဆက်လက်ပြောသည်။ 

ထို့အပြင် ဘိုကလေးမြို့နယ်အတွင်းမှ တညင်းဖြူ၊ မုန်တိုင်းကြီး၊ အေးချမ်းသာယာ၊ ဧရာ အစရှိ သည့် ကျေးရွာ (၁၀) ရွာကျော်တွင် အခြားလိုအပ်သည့် အ၀ီစိရေတွင်းများကို တူးဖော်ပေးရန် ယနေ့ သွားရောက်နေပြီ ဖြစ်သည်။ 

ယခုကဲ့သို့ လုပ်ပေးနေမှုနှင့် ပတ်သက်၍ “ဒါကအားလုံးကို ကူညီရာ ရောက်ပါတယ်၊ လူထုကို ကူညီရာရောက်တဲ့အတွက် တက်နိုင်သလောက်ချဲ့ထွင်လုပ်ချင်ပါတယ်” ဟုပြောဆိုသွားခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com