Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

လယ်သမားများ ယခုနှစ်မိုးစပါး စိုက်ပျိုးနိုင်ခြင်း မရှိသေး 

ဖြိုးကြီး။ ဇွန် ၁၆၊ ၂၀၀၈ 

မုန်တိုင်းသင့်ဒေသများတွင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် လယ်သမားများမှာ အခက်ခဲအနှင့် ကြုံတွေ့နေရပြီး ယခုနှစ် မိုးစပါးစိုက်ပျိုးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ 

စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သည့် ကိရိယာများနှင့် မျိုးစပါးများမရှိသည့်အပြင် အစိုးရက ထောက်ပံ့မှုများ ထိရောက်မှုမရှိကြောင်း ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာမှ လယ်သမားတဦးက ပြောဆိုခြင်းဖြစ်သည်။ 

စိုက်ပျိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ “စပါးစိုက်ဖို့အခြေအနေက အခုထိတော့ ဘာမှမဖြစ် သေးဘူး၊ ဒီနှစ်မှာ လယ်တွေပြန်စိုက်နိုင်ဘို့ဆိုတာ တော်တော်ကို မျှော်လင့်ချက်နည်းတယ်၊ အများစုကတော့ မလုပ်နိုင်ဘူး၊ အစိုးရကလည်း ကူညီတာမရှိဘူးလေ”ဟု ပြောသည်။ 

စစ်အစိုးရအာဏာပိုင်များက စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သည့် ထွန်စက်များနှင့် လိုအပ် သည်များ ပို့ထားသည်ဟုဆိုသော်လည်း ၎င်းစက်ကိရိယာများမှာ လယ်သမားများထံသို့ ရောက်ရှိခြင်းမရှိဘဲ အာဏာပိုင်များနှင့်နီးစပ်သည့်သူများသာ ရရှိကြောင်း ဆက်လက် ပြောသည်။ 

“လယ်သမားကတော့ လမ်းလျှောက်နေရတုန်းဘဲ၊ စိုက်ပျိုးရေးဘဏ်က ပေးမယ်ဆိုလို့ သွား လိုက်၊ ထွန်စက်စခန်းက ပေးမယ်ဆိုလို့သွားလိုက်နဲ့ ဘာမှလဲမရပါဘူး၊ ဆန်စက်ပိုင်ရှင်တွေ၊ ကျေးရွာ(ရယက)တွေလောက်ဘဲ ရတယ်။ ကျန်တဲ့လယ်သမားတွေကတော့ မရပါဘူး”ဟု အဆိုပါလယ်သမားက ဆက်လက်ပြောသည်။  

နိုင်ငံခြားမှလှူထားသည့် ထွန်စက်များကို ဘိုကလေးမြို့ပေါ်တွင် တစီးလျှင် ကျပ်(၁,၀၀၀,၀၀၀) ကျော် ပေးဝယ်ရပြီး အရစ်ကျ ငွေပေးချေရကြောင်းနှင့် ယခုလက်ရှိ စိုက်ဘဏ်နှင့် ထွန်စက် စခန်းတို့က ထုတ်ပေးခြင်းမရှိသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။ 

စက်ဆန်းကျေးရွာအုပ်စုရှိ ရွာပေါင်း (၂၆) ရွာတွင်  စိုက်ပျိုးမြေဧက (၃၀,၀၀၀) ခန့်ရှိပြီး လက်ရှိ အခြေအနေအရ သုံးပုံတပုံပင် စိုက်ပျိုးနိုင်ခြင်းမရှိသေးဟု ဆိုသည်။  

လယ်သမားများအနေဖြင့် လက်ရှိနေထိုင်ရန်အတွက် မိုးကာများဖြင့် တဲထိုးနေရပြီး အစိုးရက ပေးသည့် ဆန် (၆) ပြည်နှင့် ငါးသေတ္တာသုံးဗူးသာ ရရှိကြောင်းနှင့် ပုဂ္ဂိကအလှူရှင်များက ပေးလှူသည်များဖြင့်သာ ဖြစ်သလိုနေနေရကြောင်း ၎င်းက ပြောသည်။ 

“ကိုယ့်လယ်လေးကိုယ်လုပ်ပြီး နေချင်တာပေါ့၊ လိုက်ပြီးတော့ ဟိုကပေး ဒီကပေးတာလေးတွေ စားပြီးတော့ ဘယ်နေချင်မလဲ၊ ကိုယ့်အလုပ်လေးနဲ့ကိုယ် နေချင်တာပေါ့၊ နိုင်ငံတော်က မကူညီ နိုင်ရင်လည်း နိုင်ငံတကာက ကူညီရင်တော့ ကောင်းတာပေါ့၊ ဒါပေမဲ့ မရတော့လည်း ဘာမှ မတတ်နိုင်ဘူး၊ ကျနော်တို့က ဘယ်သူကိုပြောရမှန်းလည်းမသိ၊ ဘာလုပ်ရမယ်ဆိုတာလည်း မသိတော့ဘူး”ဟု ဆက်လက်ပြောဆိုခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com