|
စစ်အစိုးရက အာစီယံနိုင်ငံများ၏ကျန်းမာရေးဆိုင်ရာ
ပူးပေါင်းပါဝင်မှုကို အလေးထားသည်ဟုဆို
ဉာဏ်မောင်။
ဇွန် ၂၅၊ ၂၀၀၈
မြန်မာနိုင်ငံမှ
လေဘေးဒုက္ခသည်များအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက်
အာစီယံနိုင်ငံများ၏ ပူးပေါင်းပါဝင်မှုကို အလေးထား သည်ဟု ဆိုသည်။
မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများကြားတွင် အတွေ့အကြုံ၊
ဗဟုသုတများဖလှယ်၍ တိုးမြှင့်လုပ်ဆောင်နေ ကြောင်း စစ်အစိုးရ
ကျန်းမာရေးဝန်ကြီး ဒေါက်တာ ကျော်မြင့်၏ ပြောကြားချက်ကို ယမန်နေ့ထုတ်
မြန်မာ့ အလင်းသတင်းစာတွင် ဖော်ပြခြင်းဖြစ်သည်။
မြန်မာ၊
အာစီယံ၊ ကုလသမဂ္ဂသုံးပွင့်ဆိုင်အဖွဲ့များ အလုပ်ရုံဆွေးနွေးပွဲတွင်
အမျိုးသားသဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဗဟိုကော်မတီဝင်ဖြစ်သူ
ဒေါက်တာကျော်မြင့်က မုန်တိုင်း ကျရောက်ပြီးနောက်ပိုင်း
ကျန်းမာရေးအခြေအနေများနှင့်ပတ်သက်၍ ပြောကြားခဲ့ခြင်း ဖြစ်သည်။
မုန်တိုင်းကျရောက်ပြီးနောက် ပြည်တွင်းကျန်းမာရေးအသင်းအဖွဲ့များ၊
နိုင်ငံတကာ NGO အဖွဲ့ များ၊ ကိုယ်ပိုင်ဆေးရုံ၊ ဆေးခန်းများ၊
တိုင်းရင်းဆေးပညာရှင်များက မုန်တိုင်းသင့်ဒေသများသို့ သွားရောက်ကာ
အခမဲ့ကုသပေးခဲ့သည်ဟု ၎င်းက ဆက်လက်ပြောသည်။
မုန်တိုင်းဒဏ်ခံရသည့် ဒေသများတွင် ကူးစက်ရောဂါများ၊ ကပ်ရောဂါများ
ကျရောက်မှုမရှိဘဲ တလအတွင်း မုန်တိုင်းကြောင့်ဖြစ်ပွားသည့် လူနာ
(၂၀၆,၀၃၉) ဦးကို လက်ခံ၍ ဆေးဝါးကုသ ပေးခဲ့သည်ဟု ကျန်းမာရေးဝန်ကြီး၏
ပြောကြားချက်ကို ကိုးကား၍ သတင်းစာတွင် ဖေါ်ပြထား သည်။
ထိုင်း၊
အိန္ဒိယ၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ တရုတ်၊ တောင်ကိုရီးယားနိုင်ငံများမှ
ကျန်းမာရေးအဖွဲ့များ ကို မုန်တိုင်းကျရောက်ခဲ့သည့် ဒေသများသို့
သွားရောက်ခွင့်များပေးခဲ့ပြီး လေဘေးသင့်ပြည်သူ များ၏
ကျန်းမာရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည်ဟု
ဆိုသည်။
စစ်အစိုးရက
နိုင်ငံတကာမှ ကျန်းမာရေးအဖွဲ့များကို အဆိုပါဒေသများသို့
သွားရောက်ခွင့်ပြုခဲ့ သည်ဟု ဆိုသော်လည်း ဖိလစ်ပိုင်နိုင်ငံမှ
လာရောက်သည့် ကျန်းမာရေးအဖွဲ့များကိုမူ ပုသိမ်မြို့ မှပင်
ဆက်လက်သွားရောက်ခွင့် မပြုခဲ့သည့်အတွက် ပြန်လှည့်သွားခဲ့ရကြောင်း အခမဲ့
ကျန်းမာ ရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေသည့် ပုသိမ်မြို့မှ
ဒေါက်တာစစ်တင်က ပြောသည်။
စစ်အစိုးရအာဏာပိုင်များက မုန်တိုင်းဒဏ်ကြောင့် လူပေါင်း (၈၄,၅၃၇)
ဦးသေဆုံးပြီး (၅၃,၈၃၆) ဦး ပျောက်ဆုံးနေကာ (၂၀,၀၀၀) ဦး
ဒဏ်ရာရှိခဲ့သည်ဟု ပြောဆိုထားသည်။ |