Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ဝေါ(လ်)ဗွီးရှင်း အကူအညီမရတော့သဖြင့် ကလေးများကျောင်းမတက်နိုင်

ဗထူး။ ဇွန် ၂၊ ၂၀၀၈ 

ရန်ကုန်လှိုင်သာယာမြို့နယ်မှ ကျောင်းသားအများစုမှာ ယခင်နှစ်များက ထောက်ပံ့ကြေးမရ တော့သည့်အတွက် ကျောင်းတက်နိုင်သူနည်းပါးလျှက်ရှိသည်။ 

ငွေကြေးချို့တဲ့သည့် မိသားစုဝင်ကလေးငယ်များအား ပညာသင်စရိတ် နှစ်စဉ်ထောက်ပံ့ပေးနေ သည့် ဝေါ(လ်)ဗွီးရှင်းအဖွဲ့အနေဖြင့် ယခုနှစ်တွင် ပညာသင်စရိတ် မထောက်ပံ့နိုင်တော့သည့် အတွက် ကျောင်းတက်နိုင်သူ နည်းပါးလာခြင်းဖြစ်သည်။ 

နေ့စားအလုပ်သမားများနှင့် ဆင်းရဲနွမ်းပါးသူ အများစုနေထိုင်သည့် လှိုင်သာယာမြို့နယ်တွင် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများဖြစ်ခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့် ဒေသခံများ မှာ ကျောင်းပြန်လည်ဖွင့်လှစ်ချိန်၌ သားသမီးများ ကျောင်းနေနိုင်ရေးအတွက် အခက်အခဲများ စွာဖြင့် ကြုံတွေ့နေရသည်။ 

“ကျနော်တို့မြို့နယ်ထဲက အ.ထ.က (၁) နဲ့ (၂) မှာ ဖောင်ဖိုး (၅၀၀) ကျပ်ပေးရတယ်၊ ကျောင်း အပ်တာတော့ အခမဲ့ပဲ၊ ကျောင်းသုံးစာအုပ်တွေကလည်း မထုတ်ပေးသေးတော့ အပြင်မှာဝယ်ရ တယ်၊ အနိမ့်ဆုံးမူလတန်းကျောင်းသားအတွက် ကျောင်းသုံးစာအုပ်တစုံကို (၂,၀၀၀) နဲ့ဝယ်နေ ရတယ်” ဟု လှိုင်သာယာမြို့ခံတဦးကပြောသည်။ 

ယခင်နှစ်များက ဝေါ(လ်)ဗွီးရှင်းအဖွဲ့မှ ကလေးငယ်များအား ကျောင်းအပ်ပေးခဲ့ပြီး ယခုနှစ်တွင် လေဘေးကူညီရေးလုပ်ငန်းများလုပ်ဆောင်နေ၍ ပညာသင်စရိတ်ထောက်ပံ့ပေးသည့် အစီ အစဉ်များမရှိတော့ကြောင်း ပြောဆိုသည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။ 

အတန်းလိုက်ပြဌာန်းစာအုပ်များ ဈေးကြီးပေးကာ မ၀ယ်နိုင်တော့သည့် မိသားစုမှာအများစု ဖြစ် သည့်အတွက် လှိုင်သာယာမြို့နယ်အတွင်း ကျောင်းတက်နိုင်သူဦးရေများစွာလျှော့ကျသွားမည် ဟုဆိုသည်။ 

စစ်အစိုးရက နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများပြီးဆုံး၍ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီဟုဆိုကာ ယခုလ (၂) ရက်နေ့မှ စတင်ကာ နိုင်ငံတ၀ှမ်းကျောင်းများကိုပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း မုန်တိုင်းဒဏ်ခံရသည့် မြို့နယ်များမှ ကျောင်းများမှာ ပြုပြင်နိုင်ခြင်းမရှိသေးပေ။ 

“အိမ်တွေကလည်း မပြင်ရသေးဘူး၊ လူတွေတောင်မှ သူများပေးတာ ကမ်းတာစားနေရတာ၊ အခုလို ကျောင်းဖွင့်လိုက်တယ်ဆိုတော့ ကျောင်းသားတွေအတွက် ပိုပြီးအခက်အခဲဖြစ်နေတယ်၊ ကိုယ်တိုင်နေစရာမရှိလို့ သူများဆီမှာ ခိုကပ်နေရတဲ့သူတွေအတွက်တော့ ပိုပြီးအခက်အခဲဖြစ် နေတယ်” ဟု ကျောင်းဖွင့်ချိန် လှိုင်သာယာမြို့နယ်ရှိ အခြေအနေကို ဒေသခံတဦးကပြောဆို သည်။ 

မူလတန်းကျောင်းသားအများစုမှာ ယခုနှစ်တွင် ကျောင်းမတက်နိုင်တော့သည့်အခြေအနေနှင့် ပတ်သက်၍ အဆိုပါဒေသခံက “အရင်ကကျောင်းသား ရာကျော်လောက်ရှိတဲ့ကျောင်းက (၆၀) လောက်ပဲရှိတော့မယ်၊ ဒါတကျောင်းတည်းပဲ၊ ကျနော်တို့ဆီမှာက ကျောင်းတွေအများကြီးဆို တော့ ရာခိုင်းနှုန်းတော်တော်များများကျောင်းတက်ဖို့ မလွယ်တော့ဘူး” ဟု ဆက်လက်ပြောဆို သွားသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com