Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ဗိုလ်ချုပ်ကြီးရဲမြင့်အခြေအနေ အရာရှိကြီးများစောင့်ကြည့် 

ဗထူး။ ဇွန် ၁၆၊ ၂၀၀၈ 

သားဖြစ်သူ အောင်ဇော်ရဲမြင့်အား မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့်ဖမ်းဆီးခဲ့ပြီးနောက် ဖခင်ဖြစ် သူ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်နှင့်ပတ်သက်၍ အထက်အရာရှိကြီးများက စိတ်ဝင်တစားနှင့် စောင့်ကြည့်နေကြသည်။ 

အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်သည် နေပြည်တော်စစ်ရုံးချုပ် တွင်ရှိနေပြီး ယခင်ကကဲ့သို့ နယ်မြေလှည်လည်စစ်ဆေးမှုများမတွေ့ရသဖြင့် စစ်တပ်အတွင်းရှိ အရာရှိကြီးများက သူနှင့်ပတ်သက်၍ နောက်ဆက်တွဲသတင်းများကို အထူးစိတ်ဝင်တစား စောင့်ကြည့်နေခြင်းဖြစ်သည်။ 

“သူ့ကိုနယ်မြေစစ်ဆေးတာ မတွေ့ရတော့တာကတော့ နာဂစ်မတိုင်ခင်ကတည်းကပဲ၊ သူ့သား ကိစ္စကနောက်မှ ဖြစ်တာလေ၊ သူ့သားကိစ္စနဲ့ပတ်သက်ပြီး အရေးယူခံမယ်၊ မခံရဘူးဆိုတာကို တော့ ဗိုလ်မှူးကြီးပိုင်းတွေအထိ တိတိကျကျမပြောနိုင်သေးဘူး” ဟု စစ်တပ်နှင့်နီးစပ်သူတဦးက ပြောသည်။ 

အောင်ဇော်ရဲမြင့်အား ကြည့်မြင့်တိုင်ရှိ ၎င်းပိုင် ရဲတံခွန်ဆောက်လုပ်ရေးပစ္စည်း ကုမ္ပဏီရုံးခန်း တွင် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) မှ ဦးဆောင်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

“(စရဖ) က (ရဲမြင့်လေး) ဗိုလ်ချုပ်ရဲမြင့်က တပ်ချုပ်ကြီးကို တိုက်ရိုက်အစီရင်ခံပြီး ဖမ်းလို့ တိုင်းမှူးနဲ့ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေတို့တောင် သိပ်မကျေလည်တဲ့ပုံဖြစ်နေတယ်၊ ဒီကိစ္စ ကြောင့်ပဲ ဧရာဝတီတိုင်းဘက်ရောက်နေတဲ့ (ဦးအေး) ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးတောင် နေပြည်တော်က ချက်ချင်းပြန်ခေါ်လို့ ခရီးစဉ်ကနေပြန်လှည့်သွားရတယ်” ဟု စစ်တပ်နှင့် နီးစပ် သူကပြောသည်။ 

အောင်ဇော်ရဲမြင့်အား ဖမ်းဆီးထားပြီး ရန်ကုန်မြို့ရှိ နေရာတခုတွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေပြီး သရုပ်ဆောင်နဝရတ်ကိုလည်း စစ်ဆေးနေသည်ဟု ၎င်းကဆက်လက်ပြောဆို သည်။ 

အဆိုပါသတင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့ခံတဦးက “လူတွေကတော့ဒီသတင်းကို သိပ်စိတ် မဝင်စားဘူး၊ လတ်တလောကတော့ တုပ်ကွေးတွေဖြစ်နေတယ်၊ ဥရောပဖလားပွဲတွေကလည်း လာနေတော့ စိတ်မဝင်စားပါဘူး၊ အားလုံးပြုတ်ကုန်သေကုန်ကြလည်းကောင်းတာပါပဲဗျာ” ဟု ပြောဆိုသွားခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com