Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

မုန်တိုင်းသင့်ဒေသမှ ကိုယ်ဝန်ဆောင်မိခင်များ အရေးပေါ်စောင့်ရှောက်မှု လိုအပ်နေ 

ဗထူး။ ဇွန် ၁၂၊ ၂၀၀၈ 

ဆိုင်ကလုန်းမုန်တိုင်းသင့်ဒေသမှ ကိုယ်ဝန်ဆောင်မိခင် (၃၅,၀၀၀) ခန့် နိုင်ငံခြားအကူအညီများ အရေးပေါ် လိုအပ်လျှက်ရှိကြောင်း ယမန်နေ့က ကုလသမဂ္ဂမှ ကျွမ်းကျင်သူတဦးက ပြောဆို လိုက်သည်။ 

မေလဆန်းကတိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒေသများမှ နေ့စဉ် ကိုယ်ဝန် ဆောင်မိခင် (၁၀၀) ကျော်မှာ ကလေးမွေးဖွားလျှက်ရှိပြီး ကျန်းမာရေးစောင့်ရှောင့်မှု အရေးတကြီးလိုအပ်နေကြောင်း ကုလသမဂ္ဂ မိသားစုစီမံကိန်းဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝီလျှံရမ်က ဘန်ကောက်မြို့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

မုန်တိုင်းဒဏ်သင့်ခဲ့သည့် (၁၀) မြို့နယ်အတွက် သားဖွားလက်အိပ်များအပါအဝင် ကလေး သူငယ်များအတွက် ဆေးရုံသုံးပစ္စည်းများကို မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှတဆင့် ဒေသဆိုင်ရာ ဆေးခန်းများသို့အရောက် ထောက်ပံ့ပစ္စည်းများပေးပို့ရန် စီစဉ်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

မုန်တိုင်းဒဏ်သင့်ဒေသများတွင် ဒုက္ခသည်စခန်းများ ဖွင့်လှစ်ခဲ့ပြီးနောက် ဒုက္ခသည်များအား စစ်အစိုးရက အတင်းအကြပ် ပြန်လည်ပို့ဆောင်ခဲ့ရာ ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစ ကလေးငယ်များ အမြောက်အမြားပါဝင်သည်ဟု လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ ကွန်ယက်(HRDP)က ပြောသည်။ 

ကိုယ်ဝန်ဆောင်တွေအတွက် အရေးအကြီးဆုံးအချက်ကတော့ အိမ်လိုတယ်၊ အိမ်ပြီးရင် အဝတ်အစား၊ စောင်၊ ခြင်ထောင်၊ တတိယအချက်ကတော့ သားဖွားဖို့အတွက် ဆေးဝါး၊ ဆရာဝန်တို့ လိုအပ်တယ်၊ တောဘက်တွေမှာက အဲဒါတွေ လုံးဝမရှိဘူး”ဟု ကိုယ်ဝန်ဆောင် များကို ကူညီစောင့်ရှောက်နေသည့် (HRDP)အဖွဲ့ဝင်တဦးက ပြောသည်။ 

ကျေးရွာများသို့ လာရောက်သည့် အလှူရှင်များမှာလည်း ဆန်သာပေးနိုင်ပြီး အမိုးအကာမဲ့နေ သည့် ကိုယ်ဝန်ဆောင်မိခင်များအတွက် လုံလောက်သည့် အဟာရနှင့် မွေးကင်းစကလေးငယ် များအတွက် နွေးထွေးသည့် အနှီးကဲ့သို့ အဝတ်စများစွာ လိုအပ်နေသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။ 

(HRDP)အဖွဲ့အနေဖြင့်  ကိုယ်ဝန်ဆောင်မိခင်များအား မွေးဖွားချိန်တွင် အချိန်မှီကူညီဆောင်ရွက် နိုင်ရန် ဘိုကလေးမြို့ပေါ်တွင် နေရာထိုင်ခင်းများစီစဉ်ထားရှိပြီး ပင်စင်ယူထားသည့် သားဖွား ဆရာမများအား အကူအညီ တောင်းခံထားသည်။ 

ကုလသမဂ္ဂမှ မြန်မာနိုင်ငံရှိ ကိုယ်ဝန်ဆောင်မိခင် (၄၅၀,၀၀၀) ခန့်အတွက် နှစ်ကြိမ်ခွဲကာ ထောက်ပံ့ပစ္စည်းများ ဖြန့်ဝေမည်ဖြစ်ပြီး နောက်ထပ် (၅၀၀,၀၀၀) အတွက်လည်း ယခုအပတ် အတွင်း ဖြန့်ဝေမည်ဟု ဆိုသည်။ 

ဆိုင်ကလုန်းမုန်တိုင်းကြောင့် နေရာရွှေ့ပြောင်းနေထိုင်နေရသည့် အမျိုးသမီးများနှင့် ကလေး ငယ်များ ကျန်းမာရေးအတွက် ဆပ်ပြာ၊ အဝတ်အစား၊ ရေပုံးနှင့် အိမ်သာသုံးပစ္စည်းများ အပါအဝင် ကျန်းမာရေးပစ္စည်းများကို ကုလအေဂျင်စီမှ ဖြန့်ဖြူးရန် စီစဉ်ဆောင်ရွက်လျှက် ရှိသည်။ 

(HRDP)အဖွဲ့က ကိုယ်ဝန်ဆောင်မိခင်များအား ကူညီရန် ပြင်ဆင်ထားမှုနှင့်ပတ်သက်၍ အဖွဲ့ဝင် တဦးက “အစ်မတို့သွားတဲ့ ရွာတွေမှာတော့ ကိုယ်ဝန်ဆောင်မိခင်တွေကို မြို့ကို တက်လာဖို့ လိပ်စာပေးထားခဲ့တယ်၊ အစ်မတို့က ပင်စင်စား သားဖွားဆရာမတွေနဲ့ မွေးပေးမယ်၊ ခွဲစိတ်ရ မယ်ဆိုရင် ဆေးရုံပို့ဖို့ကိုလည်း စီစဉ်ထားတယ်၊ တချို့ရွာတွေမှာကျတော့ အရပ်လက်သည် တွေနဲ့ မွေးလိုက်တာတွေလည်း ရှိတယ်၊ ကိုယ်ဝန်ဆောင်တွေကို မီးဖွားဖို့အတွက် တာဝန်ယူ တယ်၊ မီးထွက်တဲ့အထိ ကျွေးမွေးထားမှာပါ၊ အားလုံးဆောင်ရွက်ပေးမှာပါ”ဟု ပြောဆိုသွားခဲ့ သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com