|
ယမန်နေ့ကရောက်ရှိခဲ့သည့် မစ္စရိုက်က မြန်မာစစ်အစိုးရအား
ရည်ရွယ်ပြောဆိုခဲ့ရာ “သူတို့ ပြည်သူတွေအတွက် နိုင်ငံတကာအကူအညီတွေကို
ဖြစ်နိုင်သမျှ လက်ခံရမဲ့အစား ကယ်ဆယ် အကူအညီပေးမဲ့သူတွေကို
တားဆီးပိတ်ပင်နေတာကတော့ အလွန်ကို
ဝမ်းနည်းဖို့ကောင်းပါ တယ်”ဟု
ပြောဆိုခဲ့သည်။
ယခုနှစ်မေလ
(၁၂) ရက်နေ့က တရုတ်နိုင်ငံတွင် ပြင်းထန်သော
မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ယခုအချိန်ထိ သေဆုံးသူ (၈၀,၀၀၀)
နီးပါးရှိလာနေပြီဖြစ်ပြီး လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့
ဖြစ်ခဲ့ရသည်။
မြန်မာနိုင်ငံတွင် မေလ (၂) ရက်နေ့က တိုက်ခတ်ခဲ့သော
နာဂစ်မုန်တိုင်းဒဏ်ကြောင့် လူ (၈၄,၅၀၀) သေဆုံးပြီး သန်းနှင့်ချီသော
ပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ချိန်တွင် စစ်အစိုးရက နိုင်ငံတကာ
အကူအညီပေးရေးအဖွဲ့များကို နိုင်ငံတွင်းသို့ ၀င်ရောက်ခွင့်မပြုခဲ့ပေ။
ယခုအချိန်အထိ လေဘေးသင့်ပြည်သူများမှာ အစားအသောက်နှင့်
သောက်ရေသန့်ရရှိနိုင်ရေး အခက်အခဲများနှင့် ကြုံတွေ့နေရပြီး
လေဘေးဒုက္ခသည်များအား သွားရောက်ကူညီသူအချို့ကို ဖမ်းဆီးထိန်းသိမ်းခြင်း၊
ကန့်သတ်ပိတ်ပင်ခြင်းများကို ယခုတိုင်ပြုလုပ်နေဆဲဖြစ်သည်။
စစ်အစိုးရအနေဖြင့် မုန်တိုင်းတိုက်ခတ်ပြီးနောက် လေဘေးသင့်သူများအား
အကူအညီပေးရန် မြန်မာ့ရေပိုင်နက်အနီးသို့ ရောက်ရှိလာသည့် အမေရိကန်နှင့်
ပြင်သစ်စစ်သင်္ဘောများကို
ဝင်ရောက်ခွင့်မပေးခဲ့သဖြင့် အမေရိကန်၏
ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရသည်။ |