Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ဆိုင်ကလုန်းကိုအသုံးပြု၍ ပြုပြင်ပြောင်းလဲရေးလုပ်ရန် အင်ဒိုနီးရှားပြင်ဆင်

ဉာဏ်မောင်။ ဇွန် ၇၊ ၂၀၀၈

အင်ဒိုနီးရှားနိုင်ငံက ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဖြစ်ပေါ် နေသောအခြေအနေများကို အသုံးချ၍ စစ်အစိုးရအား ပြောင်းလဲစေရန် ပြင်ဆင်နေသည်ဟုပြောသည်။

အသွင်ကူးပြောင်းရေးကာလတခု သတ်မှတ်ကာ အတိုက်အခံခေါင်းဆောင်နှင့် စစ်အစိုးရတို့အကြား သဘောတူညီမှု ရှာဖွေပေးရန် ရည်ရွယ်၍ အင်ဒိုနီးရှား သမ္မတ ရုံးအဖွဲ့၏ အုပ်ချုပ်မှုအောက်မှ လုပ်ဆောင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ 

ယင်းကိစ္စအတွက် အတွေးအခေါ်ပညာရှင်များနှင့် အစိုးရ အရာရှိဟောင်းများ စုပေါင်း၍ အသေးစိတ်စီမံချက်တခု ကို ရေးဆွဲထားပြီး နိုင်ငံခြားရေးဝန်ကြီးဟောင်း အလီအလာတတ်(စ်) ပါဝင်သော မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖွဲ့ကိုလည်း ဖွဲ့စည်း သွားမည်ဖြစ်သည်။ 

နေအိမ်အကျယ်ချုပ်ချခံထားရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရခေါင်းဆောင်အကြား နားလည်မှုရရှိရန်အတွက် တရုတ်၊ ဗီယက်နမ်၊ ထိုင်းနှင့် စင်္ကာပူ နိုင်ငံတို့ပါဝင်သော ကော်မရှင်တရပ်ကို ဖွဲ့စည်းရန် ညီလာခံတခုကျင်းပပြုလုပ်သွားမည်ဟု အင်ဒိုနီးရှားက ပြောသည်။ 

ယခုအစီအစဉ်တွင် စစ်အစိုးရဘက်မှ အာမခံချက် (၃) ချက်ပေးရန် လိုအပ်ပြီး အသွင်ကူး ပြောင်းရေးကာလ အချိန်၊ အကြမ်းဖက်အုပ်ချုပ်ရေးမှ ပြောင်းလဲထားသည့် အုပ်ချုပ်ရေးနှင့် နယ်မြေလုံခြုံရေး၊ နယ်မြေတည်ငြိမ်မှုမရှိသည့် လူနည်းစုတိုင်းရင်းသားများနှင့် နားလည်မှုရရှိ ရေးတို့ ပါဝင်သည်ဟု အဆိုပြုချက်တွင် ဖော်ပြထားသည်။  

၂၀၀၄ ခုနှစ်အတွင်းကဖြစ်ပွားခဲ့သည့် ဆူနာမီကြောင့် လှိုင်းဒဏ်အပြင်းထန်ဆုံးခံခဲ့ရသည့် အင်ဒိုနီးရှားနိုင်ငံသည် ဆန့်ကျင်ဖက် အာချေး(Aceh)သူပုန်များနှင့် ငြိမ်းချမ်းရေးသဘောတူညီ ချက်ရယူကာ ပျက်ဆီးဆုံးရှုံးမှုများနှင့် ပြန်လည်တည်ထောင်ရေးလုပ်ငန်းများကို အတူတကွ လက်တွဲလုပ်ဆောင်နိုင်ခဲ့သည်။ 

အင်ဒိုနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝိရယုဒက “ကျနော်တကိုယ်တည်းအရပြောရရင် အင်ဒိုနီးရှား မှာ ဆူနာမီဖြစ်ပြီးနောက်ပိုင်း နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေကို အလုပ်လုပ်နိုင်ဖို့ တိုင်းပြည် ကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ပေးသလိုမျိုး အဆင့်ထိ လုပ်သင့်ပါတယ်”ဟု စစ်အစိုးရအား ရည်ရွယ်ပြောဆိုခဲ့သည်။ 

ယခုကိစ္စနှင့်ပတ်သက်၍ အာစီယံနိုင်ငံများအနေဖြင့် နိုင်ငံရေးရှုထောင့်အရ ၁၉၉၇ ခုနှစ်က ချမှတ်ခဲ့သည့် စစ်အစိုးရအပေါ် အပြုသဘောအရ ဆက်ဆံပြောင်းလဲရေးသာ ဆက်လက်ထားရှိ မည်ဆိုပါက နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှုနှင့် ဖိအားပေးမှုများမှာ အချည်းအနှီးဖြစ်ပြီး စစ်အစိုးရအနေဖြင့် ဘာမှပြောင်းလဲမှာမဟုတ်ကြောင်း သူက ဆက်လက်ပြောဆိုသည်။ 

တရုတ်၊ အိန္ဒိယ နှစ်နိုင်ငံနှင့် မြန်မာအစိုးရသည် ဆက်ဆံရေးကောင်းမွန်နေသည့်အတွက် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင်ကျင်းပခဲ့သည့် အာရှ-ပစိပိတ်ဆိုင်ရာ(APEC) အစည်းအဝေး တွင် အမေရိကန်သမ္မတ ဘုရှ်က မြန်မာ့အရေးနှင့်ပတ်သက်၍ မေးခွန်းထုတ်ခဲ့ရာ အင်ဒိုနီးရှား နိုင်ငံသမ္မတ ယူဒိုယိုနိုက တရုတ်နှင့် အိန္ဒိယကိုသာမေးရန် ပြောဆိုခဲ့သည်ဟု ဝိရာယုဒက ပြောဆိုသည်။ 

အင်ဒိုနီးရှား၏ ယခုအစီအစဉ်တွင် အသွင်ကူးပြောင်းရေးကာလအတွက် (၁၅) နှစ်ခန့် ကြာမြင့် နိုင်သည်ဟု ခန့်မှန်းတွက်ချက်ထားသည်။ 

နိုင်ငံရေးနှင့် လူ့အခွင့်အရေးကိစ္စကို ပြောပါက စစ်အစိုးရအနေဖြင့် လုံခြုံရေးနှင့် အချုပ်အခြာ အာဏာကိုသာ အကြောင်းပြမည်ဟု ဝိရာယုဒကပြောဆိုသည်။ 

ဆက်လက်၍ သူက “မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကြည့်ကြဖို့ ကျနော့်အနေနဲ့ အားလုံးကို တိုက်တွန်းချင်တယ်၊ အမှန်တကယ်ပဲ ချက်ချင်းကြီး အကုန်ပြောင်း လဲလိမ့်မယ်လို့ ကျနော် မမျှော်လင့်ဘူး၊ အသွင်ကူးပြောင်းရေးကာလဆိုတာ ရှိကိုရှိရမယ်၊ စစ်တပ်နဲ့တွဲပြီးတော့လည်း လုပ်ကိုင်ရပါလိမ့်မယ်”ဟု ပြောဆိုခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com