Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

မုန်တိုင်းတလပြည့်ဆုတောင်းပွဲ (HRDP)က ပြုလုပ်ကျင်းပ

ရိုးမ ၃။ ဇွန် ၃၊ ၂၀၀၈  

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP) အဖွဲ့က မုန်တိုင်းဒဏ်ခံရပြီး တလ ပြည့်မြောက်သည့် ယမန်နေ့တွင် ဧရာဝတီတိုင်း၊ ဘိုကလေးနှင့် ပုသိမ်မြို့တို့တွင် ဆုတောင်းပွဲ တရပ် ကျင်းပ၍ သေဆုံးသွားသူများအတွက် အမျှပေးဝေကာ အလှူဒါနပြုလုပ်ခဲ့သည်။

နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက် လူသိန်းချီသေဆုံးခဲ့သည့် တလပြည့်မြောက်သည့်နေ့တွင် အဆိုပါအဖွဲ့က သေဆုံးသွားသူများအတွက် ဘုန်းကြီးကျောင်းများတွင် အလှူဒါနပြုလုပ်ကာ အမျှတမ်းဝေခဲ့ကြခြင်းဖြစ်သည်။

“မုန်တိုင်းအတွင်းမှာသေဆုံးသွားတဲ့ ကျနော်တို့အမျိုးသားတွေအတွက် ဘိုကလေးမှာတဝက်၊ ပုသိမ်မှာတဝက် သံဃာတော်တွေကို ဆွမ်းကပ်တယ်၊ သင်္ဃန်းအစုံတရာစီ ကပ်လှူတယ်၊ ကုသိုလ်ကောင်းမှုပြုပြီးတော့ ဘာသာရေးထုံးစံအရ အမျှဝေကြတယ်”ဟု (HRDP)အဖွဲ့ဝင် ဦးမြင့်အေးက ပြောသည် 

ပုသိမ်မြို့၊ မြောင်းမြဆရာတော်ဘုရားကြီးကျောင်းနှင့် ဘိုကလေးမြို့၊ မဟာဝိသုဒ္ဒါရာမ ရတနာပုံ စာသင်တိုက်ကြီးများတွင် (HRDP)အဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများက မုန်တိုင်းဒဏ်ခံခဲ့ရသည့် သံဃာတော်များအတွက် သင်္ဃန်းများကပ်လှူကာ လူပရိတ်သတ်များအား ကျွေးမွေးခဲ့ကြသည် ဟု ၎င်းက ဆက်လက်ပြောဆိုသည် 

ဆွမ်းနှင့်သင်္ဃန်းများ ကပ်လှူပြီးနောက်ပိုင်းတွင် ကျောင်းတိုက်အသီးအသီးမှ ဆရာတော်များနှင့် တိုင်ပင်ထားသည့်အတိုင်း ဘိုကလေးနှင့် ပုသိမ်မြို့တို့၌ နေ့လည် (၁၂) နာရီတိတိတွင် သေဆုံး သွားသူများအတွက် အမျှတမ်းဝေခြင်းကို တပြိုင်နက် ပြုလုပ်ခဲ့ကြသည်။ 

စစ်အစိုးရအနေဖြင့် နိုင်ငံတကာအကူအညီများကို လက်ခံ၍ မုန်တိုင်းကျရောက်ခဲ့သည့် ဒေသ များသို့ ကယ်ဆယ်ရေးလုပ်သားများနှင့် အလှူရှင်များကို လွတ်လပ်စွာ သွားလာခွင့်ပြုသည်ဟု သတင်းများတွင်ဖော်ပြထားသော်လည်း လက်တွေ့တွင် အခက်အခဲများစွာနှင့်ရင်ဆိုင်နေရ ကြောင်း အဆိုပါဒေသသို့သွားရောက်ခဲ့သည့် (HRDP)အဖွဲ့ဝင်တဦးက ပြောသည်။

မေလ (၂) ရက်နေ့တွင်ကျရောက်ခဲ့သည့် နာဂစ်ဆိုက်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ဧရာဝတီ တိုင်းနှင့် ရန်ကုန်တိုင်းတို့မှာ အကြီးအကျယ် ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး လူသိန်းချီကာ သေဆုံး ၍ သန်းနှင့်ချီသော ပြည်သူများမှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရသည်။ 

ယခုအချိန်အထိ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ပြည်သူများအား လုံလောက်သည့် ကယ်ဆယ်ရေး လုပ်ငန်းများ၊ အစားအစာနှင့် သောက်ရေများ ဖြန့်ဝေရန် များစွာလိုအပ်နေသေးကြောင်း ကုလနှင့် နိုင်ငံတကာမှ ကူညီသူများက ပြောဆိုနေစဉ် စစ်အစိုးရအာဏာပိုင်များက ကယ်ဆယ် ရေးလုပ်ငန်းများ ပြီးဆုံးသွားပြီဟု ဆိုသည်။ 

သေဆုံးသွားသူများအတွက် ဒါနအလှူပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ ဦးမြင့်အေးက “ကျနော်တို့ ကတော့ ထုံးတမ်းစဉ်လာအရ အမျှဝေတော့ သူတို့ ရောက်ရာဘုံဘဝက သာဓုခေါ်နိုင်ကြပါစေ၊ ကောင်းရာဘုံဘဝကို ရောက်ပါစေလို့ ဆုတောင်းတာ၊ ကျနော်တို့ဆန္ဒက အဲဒီမှာ သွားရိုက်ခတ် မယ်လို့ထင်ပါတယ်”ဟု ပြောဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com