Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် အလှူအတမ်းများပြုလုပ်

ရိုးမ ၃။ ဇွန် ၁၉၊ ၂၀၀၈ 

 

မဲဆောက်မြို့၊ တောရကျောင်းတွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ရဟန်းဘောင်ဝင်ခဲ့ကြသည့် သံဃာတော်များ

 

ယနေ့ကျရောက်သည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၃) နှစ်မြောက် မွေးနေ့အခမ်းအနားအဖြစ် အလှူအတမ်းများ ပြုလုပ်ကျင်းပခဲ့သည်။ 

အဆိုပါအခမ်းနားကို လူသားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးအစီစဉ်(HRDP)၊ အဝေးရောက် ဧရာဝတီအသင်းတို့က ဦးစီး၍ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ တောရဘုန်းတော်ကြီးကျောင်းတွင် ရဟန်း (၆၃) ပါးအား သာသနာ့ဘောင်သို့ သွပ်သွင်းပြီး အလှူအတမ်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

အခမ်းနားကျင်းပရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ အဝေးရောက် ဧရာဝတီအသင်း၏ ပြောရေးဆိုခွင့်ရှိသူက “ကျနော်တို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကို အချက်နှစ်ချက်နဲ့ လုပ်တာပါ၊ တခုက ဒေါ်အောင်ဆန်းစုကြည် သက်တော်ရာကျော်ရှည်ပါစေ၊ ဗမာပြည် ငြိမ်းချမ်းပါစေ၊ နောက်တချက်က အခုချိန်မှာ နေအိမ်အကျယ်ချုပ်ကျခံနေရတယ်၊ သူသာ အပြင်မှာရှိခဲ့မယ်ဆိုရင် နာဂစ်မှာ သေဆုံးသွာတဲ့ သူတွေအတွက် အလှူအတမ်းတွေ ပြုလုပ်ပြီး အမျှတမ်းပေးဝေမှာပဲဆိုတာကိုသိလို့ သူရဲ့ကိုယ်စား ကျနော်တို့က ပြုလုပ်ပေး တာပါ”ဟု ပြောသည်။ 

ယခုကဲ့သို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အခမ်းနား အလှူအတမ်း ပြုလုပ်ခြင်းကို ဂျပန်ရောက် မြန်မာအလုပ်သမားများကလည်း ကူညီပံ့ပိုးခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။   

(၆၃) နှစ်မြောက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို ထိုင်း-မြန်မာနယ်စပ်ရှိ အမျိုးသမီးအဖွဲ့အစည်းများ၊ အခြား အဖွဲ့အစည်းများနှင့် ကျောင်းများတွင်လည်း မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကာ အခမ်းအနားများနှင့် ဆုတောင်းပွဲများ ပူးတွဲကျင်းပပြုလုပ်ခဲ့ကြသည်။ 

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဒီပဲယင်းလုပ်ကြံမှုအပြီးနောက်ပိုင်းမှ စတင်၍ စစ်အစိုးရအာဏာပိုင်များက နေအိမ်အကျယ်ချုပ်ဖြင့် ထိမ်းသိန်းထားခဲ့ပြီး ဥပဒေအရ လွတ်ရက် စေ့ပြီဖြစ်သော်လည်း  ပြီးခဲ့သည့် မေလ(၂၇) ရက်နေ့တွင်  နေအိမ်အကျယ်ချုပ်သက်တမ်း တနှစ် ထပ်မံတိုးမြှင့်လိုက်သည်။

 
 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com