Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ပဲခူးတိုင်းက ကျွဲကောင်ရေ (၂၀၀၀) အဓမ္မကောက်ခံ

ဗထူး။ ဇွန် ၄၊ ၂၀၀၈ 

မုန်တိုင်းဒဏ်ခံရသည့် ဒေသများသို့ ပို့ဆောင်ရန် ကျွဲအကောင်ရေ (၂၀၀၀) အဓမ္မကောက်ခံ မည်ဟု စစ်ဘက်နှင့်နီးစပ်သူတဦးက ပြောသည်။ 

လေဘေးဒဏ်သင့်ခဲ့သည့် ဒေသများတွင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ စတင်ရန်ဟု ဆိုကာ ပြည်နယ်တိုင်းအချို့မှ ခိုင်းကျွဲများကို စစ်အစိုးရက အဓမ္မကောက်ခံ စုဆောင်းနေခြင်း ဖြစ်သည်။ 

ယမန်နေ့ကစတင်ကာ ရန်ကုန်မှ ဧရာဝတီတိုင်းသို့ ကျွဲများ တင်ပို့နေရာ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးကားများဖြင့် သယ်ဆောင်ခဲ့ခြင်းဖြစ်သည်။ 

မနေ့က အကောင်ရေ (၂၀၀) စပို့နေတာပါ၊ ထောက်ပံ့ပို့ဆောင်ရေးတပ်ရင်းက ကားတွေနဲ့ ကားတစီးကို (၅) ကောင်နှုန်းတင်ပြီး ပို့နေတာ၊ မေးကြည့်တော့ ပဲခူးတိုင်းဘက်က ကောက်လာ တဲ့ ကျွဲတွေလို့ပြောတယ်”ဟု စစ်ဘက်နှင့်နီးစပ်သူတဦးက ဆိုသည်။ 

အဆိုပါကျွဲများကို သက်ဆိုင်ရာ မြို့နယ်ကျေးရွာအုပ်စုအလိုက် ကောင်ရေသတ်မှတ်နှုန်းဖြင့် အတင်းအဓမ္မ ကောက်ခံခဲ့ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဘက်သို့ ပို့ဆောင်နေသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

ပြီးခဲ့သည့် မေလ (၂၀) ရက်နေ့ကလည်း စစ်အစိုးရက မွန်ပြည်နယ်ဘက်မှ ခိုင်းကျွဲများကို ညအရောက် ပုသိမ်မြို့သို့ ရန်ကုန်မှပို့ဆောင်ခဲ့ပြီး မွန်ပြည်နယ်မှ ကျွဲသတ်မှတ်ကောင်ရေမှာ (၅၀၀၀) ဖြစ်သည်။ 

စစ်အစိုးရက အခြားပြည်နယ်တိုင်းများမှလည်း  လေဘေးကူညီရန် အလှူငွေ၊ မျိုးစပါး၊ ခိုင်းကျွဲ များကို အဓမ္မကောက်ခံနေကြောင်း သတင်းများဖြစ်ပေါ်နေသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com