Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ငွေကြာယံတွင်အရိုက်ခံခဲ့ရသည့် အမျိုးသားတဦး သေဆုံး 

ဗထူး။ ဇွန် ၂၀၊ ၂၀၀၈ 

 

၂၀၀၇ စက်တင်ဘာလ သံဃာနှင့် ပြည်သူလှုပ်ရှားမှု မြင်ကွင်းတနေရာ

 

ယမန်နှစ် စက်တင်ဘာလအတွင်းက ရန်ကုန်မြို့၊ ငွေကြာယံဘုန်းကြီးကျောင်းရှေ့တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုအတွင်း ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရသူ အမျိုးသားတဦး  နေအိမ်တွင် ကွယ်လွန်သွားခဲ့သည်။ 

စစ်အစိုးရတပ်ဖွဲ့များမှ ဝါးရင်းတုတ်ဖြင့် ရိုက်နှက်ကာ ဖမ်းဆီးသွားခဲ့ပြီး ပြန်လည်လွတ်မြောက် လာခဲ့သူ ကိုကျော်ကျော်သည်  နေအိမ်တွင် ကာလရှည်ကြာစွာ ဆေးကုသခဲ့ပြီးနောက် ဦးခေါင်း တွင် ပြင်းထန်စွာရရှိခဲ့သည့် ဒဏ်ရာဖြင့် ယခုလ (၁၈) ရက်နေ့တွင် ကွယ်လွန်သွားခြင်းဖြစ် သည်။ 

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်တွင် နေထိုင်သူ ကိုကျော်ကျော်အား ပြီးခဲ့ သည့်နှစ် စက်တင်ဘာလ (၂၇) ရက်နေ့က ငွေကြာယံဘုန်းကြီးကျောင်းရှေ့တွင် သံဃာတော် များအား ဖမ်းဆီးရိုက်နှက်ခဲ့ပြီး ကျောင်းအား ဖျက်ဆီးသွားသည့်အပေါ် ဒေါသထွက်နေသည့် ဒေသခံပြည်သူများအား စစ်အစိုးရက ပစ်ခတ်နှိမ်နင်းခဲ့သည့်အချိန်တွင် စတင်ရိုက်နှက် ဖမ်းဆီး သွားခဲ့ခြင်းဖြစ်သည်။ 

“သူ့အသက်က (၃၂) နှစ်ပါ၊ အလုပ်အကိုင်က နွားမွေးတယ်၊ ဆန္ဒပြတဲ့အထဲမှာတော့ မပါဘူး၊ ဖြစ်တုန်းက သူက ငွေကြာယံဘေးနားက ဦးဖေသိန်းလျှပ်စစ်ဆိုင်နားမှာ ထိုင်နေတာ၊ ဆန္ဒပြ တော့ သူက အဲမှာပဲ ထိုင်နေတာ၊ နောက် ညနေ (၅) နာရီလောက်မှာ တော်တော်ဆိုးလာတယ်၊ သေနတ်တွေပစ်ဖောက်၊ မျက်ရည်ယိုဗုံးတွေခွဲပြီး လိုက်ဖမ်းပြီးတော့ ရိုက်တာ၊ အဲ့ဒီမှာတင် သူ့ကို ရိုက်ပြီး ဖမ်းသွားတာ”ဟု မိသားစုနှင့်နီးစပ်သူတဦးက ပြောသည်။ 

နောက်လ အောက်တိုဘာလ (၅) ရက်နေ့တွင် အမှတ် (၁၂) ရပ်ကွက်မှ ရယကဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များက ကိုကျော်ကျော် အရူးထောင်တွင်ရောက်နေကြောင်းနှင့် မိဘများ သွားရောက်တွေ့ဆုံ ကာ ပြန်လည်ခေါ်ယူနိုင်သည်ဟု အကြောင်းကြားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

စစ်အစိုးရတပ်ဖွဲ့များက ကိုကျော်ကျော်အား ဖမ်းဆီးသွားပြီးနောက် ကျိုက္ကဆံစစ်ကြောရေး စခန်း တွင် ပြင်းထန်စွာ ရိုက်နှက်ခံခဲ့ရသည့် ဒဏ်ရာကြောင့် ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်မြို့ စံပြဆေးရုံတွင် ကာလကြာမြင့်စွာ မိသားစုက ငွေကြေးကုန်ကျခံ ကုသခဲ့ရသည်။  

“သွေးတွေ ခဏခဏအန်တော့ ဆေးရုံခဏခဏပို့ထားရတယ်၊ အဲလိုဖြစ်နေရင်း (၁၈) ရက်နေ့၊ ည (၉) နာရီမှာ ဆုံးသွားတာပါ၊ ငွေလည်း တော်တော်ကုန်တယ်၊ ဆေးရုံက ဆရာဝန်တွေက နောက်ဆုံး မရတော့ဘူးပဲပြောပါတယ်၊ အတွင်းကြေကြေတယ်၊ ခေါင်းမှာလည်းထိတယ်လို့ပဲ ပြောတယ်၊ အရူးထောင်မှာလဲ (၇) ရက်လောက်ကြာတယ်၊ မိဘတွေကတော့ လုံးဝမကျေနပ် ဘူး၊ ကြောက်လဲကြောက်နေကြတော့ ဖြစ်ချင်တာဖြစ်ဆိုပြီး ရင်ထုမနာဖြစ်နေကြတယ်လေ”ဟု (၁၂) ရပ်ကွက်တွင်နေထိုင်သူတဦးက ပြောသည်။ 

အဖ ဦးစိုးသန်း၊ အမိ ဒေါ်မြမြသန်းတို့နှင့်အတူ အိမ်အမှတ် (၂၅၇)၊ အမှတ် (၁၂) ရပ်ကွက်တွင် နေထိုင်သူ ကိုကျော်ကျော်၏ရုပ်အလောင်းအား နေအိမ်တွင် ၅ ရက်ထားပြီးမှ မီးသင်္ဂြိုလ်မည်ဖြစ် သည်။ 

စစ်အစိုးရအနေဖြင့် ပြီးခဲ့သည့် နှစ်စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် သံဃာနှင့် ပြည်သူ များ၏ ဆန္ဒပြမှုအား အကြမ်းဖက်နှိမ်နင်းခဲ့ရာတွင် ဘုန်းတော်ကြီးကျောင်းများအား ညအချိန်တွင် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် သံဃာတော်နှင့် ပြည်သူအများအပြားကို ရိုက်နှက်ဖမ်းဆီး ထိန်းသိမ်းထားဆဲဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com