|
ဥရောပပါလီမန်အဖွဲ့ကြေညာချက်ကို အာစီယံ
ပါလီမန်အတွင်းမှ ထောက်ခံကြိုဆို
ဉာဏ်မောင်။
ဇွန် ၂၅၊ ၂၀၀၈
ဥရောပ
ပါလီမန်အတွင်းမှ မြန်မာ့အရေး ဆောင်ရွက်နေသူများအဖွဲ့ကြေညာချက်ကို
အာစီယံ ပါလီမန်အတွင်းမှ ထောက်ခံကြိုဆိုလိုက်သည်။
ဥရောပ (၈)
နိုင်ငံမှ ပါလီမန်အမတ်များပါဝင်သည့် မြန်မာ့အရေးဆောင်ရွက်သူများ၏ ကြေညာ
ချက်သည် လက်ရှိမြန်မာနိုင်ငံအခြေအနေများကို
အချိန်ကိုက်ထုတ်ပြန်ကြေညာခြင်းဖြစ်၍ ထောက်ခံအားပေးကြောင်း အာစီယံ
ပါလီမန်အတွင်း မြန်မာ့အရေးဆောင်ရွက်နေသူများက ယခုလ (၁၉) ရက်နေ့က
ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မြန်မာစစ်အစိုးရအား ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့်အခြား အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့များမှ
ပြင်းထန်စွာအရေးယူမှုကို တွန်းအားပေးရန် အဓိကထား၍ ထည့်သွင်းထားပြီး
ဥရောပနှင့် အာစီယံနိုင်ငံများမှ ပါလီမန်အမတ်များ
ပူးပေါင်းဆောင်ရွက်ခြင်း ဖြင့် ပိုမိုအင်အားကောင်းသောလုပ်ငန်းများ၊
အခွင့်အရေးကောင်းများ လုပ်ကိုင်ဆောင်ရွက်နိုင် လိမ့်မည်ဟု
မျှော်လင့်ကြောင်း ဖေါ်ပြထားသည်။
နှစ်စဉ်မပြတ် မြန်မာ့ဒီမိုကရေစီပြောင်းလဲရေးအတွက် ဥရောပအမတ်များက
ဖိအားပေး ဆောင် ရွက်နေမှုအပေါ် အာစီယံအမတ်များက
အသိအမှတ်ပြုလေးစားကြောင်းလည်း ထုတ်ပြန်ချက် က ဆိုသည်။
ထို့အပြင်
ပြည်ပရောက် စင်ပြိုင်အစိုးရအဖွဲ့မှ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းက
တရုတ်နှင့် အိန္ဒိယအစိုးရ ကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေးရန်
တောင်းဆိုလိုက်သည်။
ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်းက “ကျွန်တော်အနေနဲ့ တရုတ်နဲ့
အိန္ဒိယနိုင်ငံသို့ သွားရောက်ပြီး သက်ဆိုင်ရာ နိုင်ငံပြည်သူများကဲ့သို့
လက်ရှိကျွန်တော်တို့ရဲ့ အမြင်တွေကို အစိုးရအရာရှိတွေနဲ့
တွေ့ဆုံဆွေးနွေးလိုပါတယ်” ဟုဆိုသည်။
အဆိုပါ
နိုင်ငံနှစ်နိုင်ငံသည် စစ်အစိုးရနှင့် ဆက်ဆံရေးထိခိုက်မည်ကို
စိုးရိမ်ကြောက်ရွံ့သည့် အတွက် မိမိတို့နှင့် တွေ့ဆုံဆွေးနွေးရန်ကို
ရှောင်ဖယ်နေသော်လည်း မြန်မာပြည်တည်ငြိမ်ရေး၊ အကျိုးစီးပွားကို
ရှေ့ရှု၍ ပြည်ပရောက် မြန်မာအစိုးရအဖွဲ့အနေဖြင့်
သက်ဆိုင်ရာအစိုးရနှစ်ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးလိုသည်ဟု
ဆက်လက်ပြောဆိုသည်။
“၁၉၉၀
ခုကတည်းက ကျွန်တော်ဟာ တရုတ်နဲ့ အိန္ဒိယတို့ကို မသွားနိုင်ခဲ့ပါဘူး၊
ကျနော်တို့ အစိုးရအဖွဲ့အနေနဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ
ရုံးထိုင်တာထက် အိန္ဒိယနိုင်ငံမှာ ပိုပြီး အခြေချလိုပါတယ် ” ဟု
ဒေါက်တာစိန်ဝင်းက တွေ့ဆုံမေးမြန်းခန်းတခုတွင် ပြောဆိုလိုက်သည်။
|