|
အကူအညီများ အပြည့်အဝဆောင်ရွက်ပေးမည်ဟု
အာစီယံပြော
ဉာဏ်မောင်။
ဇွန် ၁၂၊ ၂၀၀၈
အာစီယံနှင့်
ကုလသမဂ္ဂမှ ကျွမ်းကျင်သူများပါဝင်သော ကယ်ဆယ်ရေးအဖွဲ့သည်
ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် ဒေသများတွင်
အကူအညီများ အပြည့်အဝ ဆောင်ရွက်ပေးလိမ့်မည်ဟု အာစီယံအကြီးအကဲက ယနေ့
ပြောဆိုလိုက်သည်။
မုန်တိုင်းဒဏ်ကြောင့် သန်းနှင့်ချီကာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ ပြီးနောက်
နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်ငန်း အနည်းငယ် မျှကိုသာ စစ်အစိုးရက
လမ်းဖွင့်ခဲ့ပြီးနောက် အာစီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်
ပစ်ဆူဝမ်က ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
“အခုဆိုရင်
ကျနော်တို့ လူ (၂၅၀) ကျော် ပါဝင်တဲ့ နာဂစ် နောက်ပိုင်း
ကယ်ဆယ်ရေးအဖွဲ့ဟာ မုန်တိုင်းဒဏ်ခံရတဲ့ မြစ်ဝကျွန်းပေါ်ဒေသ၊ ရန်ကုန်နဲ့
ရန်ကုန်တောင်ပိုင်းဒေသ တွေကို သွားပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို
လုပ်ကိုင်ဆောင်ရွက်နိုင်ပါပြီ”ဟု အတွင်းရေးမှူးချုပ် ပစ်ဆူဝမ်က
စင်္ကာပူနိုင်ငံ တွင် သတင်းထောက်များကို ပြောဆိုသည်။
ကုလသမဂ္ဂ
စားနပ်ရိက္ခာအစီအစဉ်(WFP)မှ ရဟတ်ယာဉ်များနှင့် ကယ်ဆယ်ရေးလုပ်သားများ
ဆောင်ရွက်နေသည့် တိုးတက်မှုအစီရင်ခံစာကို ယခုလ (၂၄) ရက်နေ့
ရန်ကုန်မြို့တွင် ပြုလုပ်မည့် အာစီယံနိုင်ငံများအစည်းအဝေးတွင်
တင်ပြမည်ဟု ၎င်းက ဆက်လက်ပြောဆို သည်။
သို့သော်
ကုလသမဂ္ဂမှ မြန်မာနိုင်ငံတွင် ခန့်မှန်းခြေ ဒုက္ခသည် (၂.၄) သန်းခန့်
အရေးပေါ် အကူအညီ လိုအပ်လျှက်ရှိပြီး ယခုအချိန်ထိ
ဒုက္ခသည်တသန်းကျော်ခန့်မှာ မည်သည့်နိုင်ငံခြား အကူအညီကိုမှ
လက်ခံရရှိခြင်းမရှိသေးကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ |