Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းပန်းဆက်သွယ်ရေးများအခက်ကြုံနေပြီး အခြားစီးပွားရေး လုပ်ငန်းများလည်းပျက်စီး 

ဖြိုးကြီး။ ဇူလိုင် ၁၀၊ ၂၀၀၈ 

ရခိုင်ပြည်နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းနေမှုများကြောင့် လမ်းတံတားများ ပျက်စီးသွားကာ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများ အခက်အခဲကြုံနေရပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လည်း ဆုံးရှုံးသွားသည်ဟု ဆိုသည်။  

ယခုလ (၃) နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မောင်းတောမြို့နယ်အတွင်းရှိ ဘောလီ ဈေးနှင့် လောင်းလုံကျေးရွာအုပ်စုများသို့ ဆက်သွယ်ထားသည့်တံတား ပျက်စီးသွားခဲ့ပြီး ပုဇွန် ကန်၊ ငါးကန်များနှင့် စပါးခင်း၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများပါ ပျက်စီးခဲ့ရသည်ဟု ဒေသခံ တဦးကပြောသည်။ 

“ဒီလ (၃) ရက်နေ့က ပြိုသွားတာ၊ တံတားက သစ်တွေဝါးတွေနဲ့ဘဲ လုပ်ထားတာ၊ ကိုယ်ထူ ကိုယ်ထလုပ်ထားတာ ပေ(၁၀၀) လောက်တော့ရှိတယ်၊ မောင်းတောနဲ့ ဘူးသီးတောင်သွားတဲ့ အဝေးပြေးလမ်းပေါ်ကတံတားတွေလည်း တော်တော်ပျက်သွားတယ်” ဟု ဒေသခံတဦးက ပြောသည်။ 

ထိုကဲ့သို့ လမ်းပန်းဆက်သွယ်ရေးများ အခက်အခဲနေစဉ် ဒေသခံအာဏာပိုင်များက ပြန်လည် ပြုပြင်ပေးခြင်းများမရှိသေးသည့်အပြင် ကိုယ်ကျိုးရှာအမြတ်ထုတ်နေကြောင်း အဆိုပါဒေသခံက ဆက်လက်ပြောသည်။ 

“အခုချိန်ထိ သူတို့(ရ.ယ.က) ဥက္ကဌရယ် နောက်သူတို့အဖွဲ့ဝင်တွေက တံတားပြန်ပြင်ဖို့ ပြောဆိုတာတောင်မရှိသေးဘူး၊ သူတို့က အခုအဲဒီမှာ ကူးတို့ဆွဲနေတယ်၊ လူတယောက်ကို (၁၀၀) တောင်းတယ်၊ ခရီးသည်တွေလည်း တော်တော်ဒုက္ခရောက်ကြတယ်၊ ကူးတို့ခ လျှော့ယူ ဖို့ပြောတော့လည်း မရဘူး၊ အဲလိုတွေဖြစ်နေတာ” ဟုပြောသည်။ 

မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ဘူးသီးတောင်မြို့နယ်မြောက်ဘက် မေယုမြစ်အနီးရှိ မြေနိမ့်ဒေသများမှာ ရေလွှမ်းမိုးမှုများဖြစ်နေပြီး အခြားပုစွန်ကန်၊ ငါးကန်နှင့် စိုက်ပျိုးရေး လုပ်ငန်းများ ပျက်စီးသွားသည်ဟု ဆိုသည်။ 

မြစ်ရေလျှံတက်လာမှု အခြေအနေသည် စိုးရိမ်ဖွယ်ရာဖြစ်နေပြီး အာဏာပိုင်များဘက်မှ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် စီစဉ်နေသည်ဟုဆိုသော်လည်း တစုံတရာ အကောင်အထည်ဖော်ခြင်း မရှိသေးကြောင်း ဒေသခံတဦးကပြောသည်။ 

“အဲဒီမြစ်က ရေစီးလဲတော်တော်ကြမ်းတာ၊ အခုအနိမ့်ပိုင်းတွေက ရေမြုပ်တာကုန်ပြီ၊ ရေကတော့ တက်နေတုန်းဘဲ၊ ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဖို့ ဘာမှပြောသံမကြားသေးဘူး၊ သူတို့ပြောတာ က စီစဉ်နေတယ်လို့ဘဲပြောတာ၊ ဟိုတလောက နာဂစ်ဖြစ်တုန်းကလည်း ခုထိဘာမှလုပ်ပေးတာ မတွေ့ဘူးဆိုတော့ လူတွေကတော့ သူတို့ပြောတာ ဘယ်သူ့မှယုံတဲ့သူ မရှိတော့ဘူးလေ” ဟု အဆိုပါရွာသားက ဆက်လက်ပြောဆိုသွားသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com