Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ဒုက္ခသည်အမျိုးသမီးများက ဝန်ကြီးချုပ်ကားကိုတား၍ အခက်အခဲများတင်ပြတောင်းဆို

ဖြိုးကြီး။ ဇူလိုင် ၂၉၊ ၂၀၀၈

လေဘေးသင့်ဒုက္ခသည်စခန်းမှ အမျိုးသမီးများက ဝန်ကြီးချုပ်စီးလာသည့်ကားကိုတား၍ လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲများကို တင်ပြတောင်းဆိုခဲ့ကြသည်။ 

ဧရာဝတီတိုင်း၊ လပွတ္တာမြို့ပေါ်ရှိ (၃) မိုင် ဒုက္ခသည်စခန်းမှ အမျိုးသမီးများက ယမန်နေ့ နံနက်ပိုင်း (၉) နာရီခန့်က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် စီးလာသည့်ကားကို လေယာဉ်ကွင်းအပြန်တွင် ရှေ့မှရပ်၍ တားမြစ်ပြောဆိုခြင်းဖြစ်သည်။ 

လပွတ္တာမြို့ပေါ်ရှိဒုက္ခသည်များကို စခန်းအာဏာပိုင်များက နေရပ်ရင်းပြန်ရန် အတင်းအကြပ် ဆောင်ရွက်နေသည့်အတွက် အခက်အခဲနှင့်ရင်ဆိုင်နေရသည့်အမျိုးသမီးများက ယခုကဲ့သို့ တင်ပြခဲ့ခြင်းဖြစ်သည်။ 

“ကျမတို့ပြန်ဖို့ဆိုတာက နေဖို့ထိုင်ဖို့ကလည်း အခက်အခဲရှိပါတယ်၊ ကျန်းမာရေးအတွက်လည်း စိုးရိမ်ရတယ်၊ အခုလည်းကြားနေရတယ်၊ လေတွေတိုက်မယ် ရေတွေကြီးမယ်လို့ ကြားနေရ တော့ ထိတ်လန့်နေတယ်၊ ကျမတို့ နေဖို့မြေနေရာလေးနည်းနည်းလောက်ရရင် ဖြစ်ပါတယ်၊ ကြုံရာလုပ်စားပြီးနေမှာပါလို့ ပြောတာပါ”ဟု ဒုက္ခသည်စခန်းမှ အမျိုးသမီးတဦးက ပြောသည်။ 

ဝန်ကြီးချုပ်အနေဖြင့် နောက်တကြိမ်ပြန်လာ၍ အခက်အခဲများကို ပြေလည်အောင်လုပ်ပေးမည် ဟု ပြောဆိုခဲ့ပြီး အဆိုပါနေ့က လုံခြုံရေးတာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝင်အချို့နှင့် အမျိုးသမီး မျာုးန်းရင်းဆန်ခတ်ဖြစ်နေချိန်တွင် အမျိုးသမီးတဦးက ဝန်ကြီးချုပ်ကားရှေ့မှရပ်ကာ တားမြစ် ခဲ့သဖြင့် ဗိုလ်ချုပ်ကြီးသိန်းစိန်က ၎င်းအမျိုးသမီးနှင့် စကားပြောဆိုခဲ့သည်ဟု မျက်မြင်တဦးက ပြောသည်။  

ယင်းနေ့မတိုင်မှီ အခက်အခဲများကို တင်ပြပြောဆိုရန် စခန်းအတွင်းရှိ အမျိုးသားများက စီစဉ် ထားသည်ကို သတင်းပေါက်ကြားသွားသဖြင့် အာဏာပိုင်များက စုန်းခွင့်မပေးဘဲ ဖမ်းဆီး ထိမ်းသိမ်းခြင်းများ ပြုလုပ်ခဲ့ကြောင်းနှင့် ရဲ၊ ရယကအဖွဲ့ဝင်များက သူတို့တင်ပြပေးမည်ဟု ပြောဆိုခဲ့ကြောင်း လေဘေးသင့်ဒုက္ခသည်တဦးက ပြောသည်။  

လပွတ္တာမြို့ပေါ်ရှိ လေဘေးဒုက္ခသည်စခန်းများမှ ရွာသားများကို မြို့နယ်အာဏာပိုင်များက နေရပ်သို့ပြန်ရန် အတင်းအကြပ် ခြိမ်းခြောက်ပြောဆိုမှုများပြုလုပ်ပြီး မိမိဆန္ဒအလျှောက် ပြန်သည်ဖြစ်ကြောင်းကို စာရွက်များထုတ်ပေး၍ လက်မှတ်ထိုးခိုင်းခြင်းများ ပြုလုပ်နေသည်။ 

လက်ရှိဒုက္ခသည်စခန်းများတွင် နေထိုင်ကြသူများမှာ သက္ကယ်သောင်၊ ပြင်စလူ၊ ကိုင်းသောင်၊ လွှစာကျေးရွာများမှဖြစ်ပြီး (၅) မိုင်စခန်းတွင် လူဦးရေ (၅၀) ခန့်၊ ဘောလုံးကွင်းစခန်းတွင် (၃၀)ခန့်လောက်သာကျန်ရှိပြီး၊ (၃) မိုင် စခန်းတွင် (၂,၀၀၀) နီးပါးကျန်နေသေးကြောင်း ဒေသခံ တဦးက ပြောသည်။ 

“ကျမတို့ကို ရဲမှူးက (၂၅) ရက်နေ့ကနေ (၃၀) ရက်နေ့ နောက်ဆုံးဆင်းပေးရမယ်၊ ဆင်းမပေး ရင် တူးချင်းတပ်ကိုခေါ်ပြီးတော့ ရိုက်ခိုင်းမယ်၊ ခင်ဗျားတို့က သူများလှူတာတမ်းတာတွေနဲ့ တောင်းရမ်းစားနေတဲ့ သူတောင်းစားတွေလို့ပြောတယ်၊ ဒီ (၃) မိုင်စခန်းမှာလည်း နေလို့မရဘူး၊ အနီးနားက ကျောက်ဖြူ၊ ကျောက်မှော်ရွာတွေမှာလည်း သွားနေခွင့်မပြုနိုင်ဘူး”ဟု ပြောဆိုခဲ့ ကြောင်း (၃) မိုင်စခန်းမှ အမျိုးသမီးတဦးက ပြောသည်။ 

အာဏာပိုင်များဘက်က ဒုက္ခသည်များကို လုံလောက်သည့် ထောက်ပံ့မှုများလုပ်ပေးနေသည် ဆိုသော်လည်း ဒုက္ခသည်တဦးအတွက် တရက်လျှင် ဆန်တဗူးခွဲ၊ ကုလားပဲ၊ ဆီနှင့် အိမ်ထောင်စု တစုအား ဆားတဇွန်းသာပေးသည်ဟု ဆိုသည်။ 

လေဘေးကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသူ အင်န်အယ်ဒီပါတီမှ ဒေါက်တာအေးကြူက “လတ်တလောကတော့ ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးအခြေအနေက သွေးလွန်တုတ် ကွေး၊ ငှက်ဖျားရောဂါတွေဖြစ်နေတယ်၊ ဝမ်းပျက်ဝမ်းလျှောရောဂါတော့ မရှိတော့ဘူး”ဟု ပြော ဆိုခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com