Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

မြန်မာ့စားနပ်ရိက္ခာပြဿနာကြီးထွားနေဟု အာစီယံအတွင်းရေးမှူးချုပ် ပြောဆို

ိုးမ ၃။ ဇူလိုင် ၉၊ ၂၀၀၈ 

နာဂစ်ဆိုင်ကလုံးမုန်တိုင်းတိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံတွင်းရှိ ဆန်စပါးရှားပါမှုပြဿနာသည် အာစီယံနိုင်ငံနှင့် အခြားနိုင်ငံများသို့လညိးုက်ခတ်နိုင်သည်ဟု အာစီယံအတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်ပစ်ဆူဝမ်က ယမန်နေ့က ပြောဆိုလိုက်သည်။ 

နိုင်ငံတကာအကူအညီများကို မြန်မာပြည်တွင်းရောက်ရှိစေရေး ကုလသမဂ္ဂနှင့် ပူးတွဲလုပ်ဆောင် နေသည့် အာစီယံဆိုင်ရာအဖွဲ့မှ အတွင်းရေးမှူးချုပ် မစ္စတာဆူဝမ်က ဖိလစ်ပိုင်နိုင်ငံမနီလာမြို့သို့ ရောက်ရှိစဉ် သတင်းထောက်များအား ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

သတင်းထောက်များနှင့်တွေ့ဆုံစဉ် မစ္စတာစူဝမ်က မြန်မာနိုင်ငံဆန်စပါးရှားပါးနေသည့် အချိန် တွင် အာစီယံနိုင်ငံများအနေဖြင့် ဆန်တင်ပို့ပေးနေခြင်းသည် အာစီယံ၏ စည်းလုံးညီညွှတ်မှုကို ပြသလိုက်ခြင်းဖြစ်သည်ဟု မှတ်ချက်ချပြောဆိုခဲ့သည်။ 

ဆက်လက်၍ သူက “ဒေသဆိုင်ရာတွင်း ဆန်စပါးလက်ကျန်ပြည့်ပြည့်ဝဝရှိနေစေမှုကို ဂရုစိုက်ရ မှာဖြစ်ပြီး လိုအပ်တဲ့အချိန်မှာလည်း ကမ္ဘာ့အခြားနိုင်ငံများက မျှဝေပေးရမှာဖြစ်ပါတယ်။ ဒီကြောက်မက်ဖွယ်ဘေးဆိုးကြီးကို ကျော်ဖြတ်နိုင်မယ်ဆိုရင် ဆန်ဈေးကလည်း ကျသွားမှာပါ” ဟု မစ္စတာဆူဝမ်က သတင်းထောက်များကို ပြောဆိုသည်။ 

မြန်မာနိုင်ငံအတွင်း လူသားချင်ညာတာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများအား ဆက်လက် လုပ်ကိုင်ရန် အစည်းအဝေးတရပ်ကို လာမည့်အပတ်တွင် စင်္ကာပူနိုင်ငံတွင် ပြုလုပ်ရန် စီစဉ်ထား ကြောင်းလည်း ကဆက်လက်ပြောဆိုသည်။ 

နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပြည်နယ်နှင့်တိုင်း (၄) ခုတွင် စိုက်ဧက (၆၀) ရာခိုင်နှုန်းခန့် ပျက်စီး ဆုံးရှုံးခဲ့သည်ဟု ပြီးခဲ့သည့်လ အလယ်ပိုင်းက အမေရိကန်ပြည်ထောင်စု လယ်ယာနှင့် စိုက်ပျိုး ရေးဝန်ကြီးဌာန အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီး ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (FAO) က မြစ်ဝ ကျွန်းပေါ်ဒေသတခုတည်းတွင် စိုက်ပျိုးမြေဧက ဟက်တာ (၁.၃) သန်းရှိရာ (၁၆) ရာခိုင်နှုန်းခန့် မှာ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားသည့်အတွက် ယခုနှစ် စိုက်ပျိုးနိုင်မည်မဟုတ်ဟု ထုတ် ဖော်ပြောဆိုထားသည်။ 

လေ့လာသူအများစုကမူ မြန်မာနိုင်ငံတွင် ဆန်ရှားပါးမှုပြဿနာနှင့် မကြာမီကြုံတွေ့ရမည်ဟု ခန့်မှန်းပြောဆိုနေကြသော်လည်း မုန်တိုင်းကြောင့် မစိုက်ပျိုးနိုင်သည့်လယ်မြေဧကမှာ တပြည် လုံးစိုက်ဧက၏ (၁) ရာခိုင်နှုန်းပင်မပြည့်ကြောင်းနှင့် ဆန်စပါးမလုံလောက်ကြောင်း ပြောဆိုနေမှု များသည် အခြေအမြစ်မရှိသော ကောလဟာလများသာ ဖြစ်သည်ဟု စစ်အစိုးရက ပြောဆို သည်။ 

လက်တွေ့တွင်မှု မုန်တိုင်းသင့်ဒေသမှ လယ်ယာလုပ်ငန်းလုပ်ကိုင်သူအများစုအနေဖြင့် မျိုးစပါး၊ စက်သုံးဆီမရရှိမှုနှင့် စိုက်ပျိုးရာသီအမှီ စပါးပြန်လည်စိုက်ပျိုးရန်အတွက် အခက်အခဲများစွာဖြင့် ကြုံတွေ့နေရပြီး တို့ထံသို့ ပေးပို့သည့်နိုင်ငံတကာမှ ဆန်နှင့်အထောက်အပံ့ပစ္စည်းများကို စစ်အစိုးရလက်အောက်ခံအဖွဲ့များမှ နည်းမျိုးစုံဖြင့် အကျင့်ပျက်ရောင်းချနေမှုကြောင့် လက်ရှိ စားဝတ်နေရေး အခက်အခဲများစွာ ကြုံတွေ့နေကြရသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com