Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ပဒေါင်အမျိုးသမီးများကိုကယ်တင်ရန် တရားရေးအဖွဲ့ ဖွဲ့စည်း 

ာဏ်မောင်။ ဇူလိုင် ၉၊ ၂၀၀၈ 

ကမ္ဘာလှည့်ခရီးသည်များအားပြသရန် ပဒေါင်အမျိုးသမီးနှင့် ကလေးများအားလူကုန်ကူးခံရမှုမှ ကာကွယ်ရန် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခိုင် ဒုတိယခိုင်မှူးဦးစီးသည့် တရားရေး ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့သည်။ 

ကရင်နီလူမျိုး၊ ပဒေါင်မျိုးနွယ်စုဝင် (၁၁) ဦးအား အခြားခိုင်သို့ ဖြားယောင်းခေါ်ဆောင်ခံခဲ့ရပြီး နောက် ဒုတိယခိုင်မှူး သွန်ချိုင်ဝမ်ဂရိယမ်သွန်ဦးဆောင်သည့် တရားရေးကော်မတီတရပ်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ 

စစ်အစိုးရက ကရင်နီပြည်နယ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ထိုင်း-မြန်မာနယ်စပ် သို့ ရောက်ရှိလာသည့် ပဒေါင်မျိုးနွယ်စုလူမျိုးများကို ချငိးုင်ခိုင်နှင့် ခွန်ဘူရီခရိုင်များသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည်များအားပြသ၍ စီးပွားရေးလုပ်ကိုင်သူများထံ ရောင်းချရန် လူကုန်ကူးသူများက ယခုလ (၃) ရက်နေ့တွင် ပဒေါင်လူမျိုး (၁၁) ဦးအား ခေါ်ဆောင်သွားခဲ့သည်။ 

အဆိုပါ လူမှောင်ခိုပြုလုပ်သူများအနေဖြင့် ထိုင်းနိုင်ငံ၏ လူကုန်ကူးမှု၊ အလုပ်အကိုင်ခိုင်းစေမှု ဆိုင်ရာ ဥပဒေအရ လူဝင်မှုအကြမ်းဖက်ခြင်းနှင့် အာဏာပိုင်တို့၏ ထုတ်ပြန်ထားသော အမိန့်များ ကို အာခံမှုတို့ဖြင့် ယခုဖွဲ့စည်းထားသည့် တရားရေးအဖွဲ့၏ တရားစွဲဆိုခြင်းခံရမည်ဖြစ်သည်။  

ကလေးငယ်(၄) ဦးအပါအ၀င် ပျောက်ဆုံးနေသော ပဒေါင်လူမျိုး(၁၁) ဦးနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မသိရှိရသေးသော်လည်း အခြားရွာများသို့ ပြောင်းရွှေ့ခေါ် ဆောင်သွားသည်ဟုသာ သိရသည်။ 

ကရင်နီလူမျိုး၊ ပဒေါင်မျိုးနွယ်စု အမျိုးသမီးများ၏ လည်ပင်းတွင် ကြေးကွင်းများစွပ်၍ ၀တ်စား ဆင်ယင်ခိုင်းပြီး ခေါင်းပုံဖြတ် အမြတ်ကြီးစားလုပ်ငန်းများကို ဆန့်ကျင်တိုက်ခိုက်ရန် ချငိးုင်၊ ချင်းမိုင်၊ ခွန်ဘူရီနှင့် အခြားခိုင်များရှိ လုပ်ငန်းချင်းဆက်စပ်လျှက်ရှိသော အေဂျင်စီများသို့ လည်း ယခုတရားရေးအဖွဲ့မှ အကြောင်းကြားထားလိမ့်မည် ဖြစ်သည်။ 

အဆိုပါတရားရေးအဖွဲ့အနေဖြင့် လည်ပင်းရှည်ပဒေါင်အမျိုးသမီးများအား မယ်ဟောင်ဆောင်ရှိ ဒုက္ခသည်စခန်းများတွင်လည်း ထည့်သွင်းထားမည်မဟုတ်ပဲ မုန်းခိုင်ရှိ ဟွေးဆွာတောင်နှင့် ဟွေးပူက ကျေးရွာများတွင် ထိမ်းသိမ်းစောင့်ရှောင့်ထားပြီး ခရီးသွားလုပ်ငန်းအေဂျင်စီများ၏ အစီအစဉ်ဖြင့်ရောက်ရှိလာသည့် ကမ္ဘာ့လှည့်ခရီးသည်များထံမှ ၀င်ငွေရရှိရန်ဖန်တီးပေးမည်ဟု လည်းဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com