Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

၂၀၁၀ ရွေးကောက်ပွဲဝင်မည်မဟုတ်ကြောင်း ပူးတွဲကြေညာ 

ဗထူး။ ဇူလိုင် ၁၉၊ ၂၀၀၈ 

စစ်အစိုးရကျင်းပမည့် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် အင်န်အယ်ဒီ (NLD) ပါတီ တိုင်းစည်းရုံးရေးအဖွဲ့ဝင်များက ယမန်နေ့က ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေအား ဖိနှိပ်မှုအမျိုးမျိုးဖြင့် တဖက်သတ်အနိုင်ရကြောင်း ကြေညာပြီး နောက် စစ်အစိုးရက ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပပြုလုပ်ရန်ဆောင်ရွက်နေစဉ် နိုင်ငံ ရေးပါတီများအကြား အမြင်အမျိုးမျိုးရှိနေရာမှ အဆိုပါကြေညာချက်ထွက်ပေါ်လာခြင်း ဖြစ် သည်။ 

ဒီမိုကရေစီလိုလားသည့် ၁၉၈၈ ခုနှစ်လူထုအုံကြွမှုကြီးအား အကြမ်းဖက်နှိမ်နင်းခဲ့ပြီးနောက်ပိုင်း တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပပေးပြီးဖြစ်၍ တပ်မတော်၏တာဝန်ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ထိုအချိန်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း အဆိုပါရွေးကောက်ပွဲအား တရားမျှတသည်ဟု ပြောကြားခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်ကလည်း အသိအမှတ်ပြုခဲ့ပြီး ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း (၂၊ ၇၊ ၉၉) နေ့တွင် “၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်သ၍ နောက်ထပ်ပြုလုပ်မည့်ရွေးကောက်ပွဲကို စဉ်းစားစရာအကြောင်းမရှိဘူး” ဟု ပြောဆိုခဲ့သည့်အတိုင်း စစ်အစိုးရအနေဖြင့် နောက်ထပ် ရွေးကောက်ပွဲအသစ်ကို လုပ်ဆောင်ခွင့်မရှိသလို လုပ်ဆောင်ခဲ့လျှင်လည်း တရားမျှတမှုမရှိသလို တရားဝင်မှုမရှိကြောင်း ဖော်ပြထားသည်။ 

ထိုသို့သောအခြေအနေများကြောင့် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြောက်ခြင်း ခံရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၁၀ ခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို အသိအမှတ်ပြု လက်ခံခြင်းမရှိသလို ၀င်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း တိလင်းစွာကြေညာထားသည်။ 

အဆိုပါကြေညာချက်အား ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီဝင်များ(CRPP)၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့်တိုင်း စည်းရုံးရေးအဖွဲ့ဝင်များ(NLD) တို့က ပူးတွဲ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အနာဂတ်နိုင်ငံရေးပြဿနာများကို ပူးပေါင်းပါဝင်တွေ့ဆုံဖြေရှင်း၍ ပြည်သူ့ဆန္ဒနှင့်အညီ ဒီမိုကရေစီစနစ်ကျင့်သုံးသော ပြည်သူ့အစိုးရတရပ်ပေါ်ပေါက်လာသည် အထိ ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု ဖော်ပြထားသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com