Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ဒုက္ခသည်များအတွက် ဂျပန်မှ ဒေါ်လာသုံးသန်းကူညီ

ာဏ်မောင်။ ဇူလိုင် ၁၁၊ ၂၀၀၈ 

မြစ်ဝကျွန်းပေါ်ဒေသမှ မုန်တိုင်းဒဏ်သင့်အဆောက်အဦအမိုးများ ပြန်လည်ပြုပြင်ရန်အတွက် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ သုံးသန်းကူညီသည်ဟု ဆိုသည်၊ 

နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားသည့် အိမ် (၆၇၀၀) လုံးအတွက် (CGL) သွပ်ပြားများ ၀ယ်ယူ ပြီး ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ရွှေ့ပြောင်းလုပ်သားများအဖွဲ့ (IMO)မှ ကြေညာချက်ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။ 

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံမှ လေဘေးဒုက္ခသည်များအတွက် ပြီးခဲ့သည့်လများအတွင်းက အဆောက်အဦများ ပြန်လည်တည်ဆောက်ရန်နှင့် အရေးပေါ်ဆောင်ရွက်နိုင်ရန်တို့အတွက်  အမေရိကန်ဒေါ်လာ (၁၀) သန်းဖိုးလှူခဲ့သည်ဟု အဆိုပါကြေညာချက်တွင်ဖော်ပြထားသည်။ 

(IMO) အဖွဲ့သည် လက်ရှိဘိုကလေး၊ ဖျာပုံနှင့် မွန်ပြည်နယ်တို့တွင် အိမ်အသုံးဆောင်ပစ္စည်းများ နှင့် ဆောက်လုပ်ရေးပစ္စည်းများကို ဖြန့်ဖြူးနေလျှက်ရှိကာ (IMO) လက်အောက်ခံ ဆေးအကူညီ ပေးရေးအဖွဲ့မှလည်း တာပေါ်လင် မိုးကာစများ၊ ရေသန့်ဆေးပြားများ၊ ခြင်ထောင်များ၊ ကလေး အသုံးဆောင်ဆေးဝါးများကို ပေးပို့ကူညီနေလျှက်ရှိသည်။ 

ထို့အပြင်(IOM) ရွေ့ပြောင်းဆေးကုသရေး (၉) ဖွဲ့သည် ကားများ၊ စက်လှေများကို အသုံးပြု၍ ကျေးရွာပေါင်း (၂၃၉) ရွာမှ လူဦးရေ (၁၇,၁၅၀) ဦးတို့အား ဆေးကုသပေးနိုင်ခဲ့သည်ဟုဆို သည်။ 

မုန်တိုင်းဒဏ်သင့်ဒေသများမှ ကျေးရွာဆေးခန်းများနှင့် ကျောင်းများသို့ လက်ဆွဲရေသန့်စက် (၁၄၅) လုံးဖြန့်ဖြူးခဲ့ပြီး ပြီးခဲ့သည့်နှစ်ပတ်ခန့်က အိန္ဒိယနိုင်ငံမှ လှူဒါန်းသည့် တာပေါ်လင်စ (၂၅,၀၀၀) ပေးပို့နိုင်ခဲ့ကာ ဆေးဝါးကုသရေးအဖွဲ့အတွက် လိုအပ်သည့် ဆေးဝါးများနှင့်အတူ ယာယီဆေးခန်း (၁၀) ခုအား တည်ဆောက်ပေးခဲ့သည်။

လေဘေးသင့်ဒေသတွင် လုပ်ငန်းစီမံချက် (၁၀၃) ခုအတွက် ငွေကြေးများလိုအပ်လျှက်ရှိ ကြောင်း ကုလသမဂ္ဂလူသားချင်းညာတာထောက်ထားမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူး ချုပ်(ဂျွန်ဟိုး မက်စ်) က ယမန်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

အဆိုပါကြေညာချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ကုလကိုယ်စားလှယ် ဒန်(မ်)ဘေကာက “ဒီကြေညာချက်ဟာ ဒုက္ခသည်ပြည်သူတွေဆီကိုအရောက် ကူညီဆောင်ရွက်နေတဲ့ ကျနော်တို့ အတွက် အမှန်တကယ် အခြေခံလိုအပ်ချက်တွေဖြစ်တယ်” ဟုထောက်ခံပြောဆိုလိုက်သည်။ 

မုန်တိုင်းကြောင့် သိုလှောင်ထားသည့် စားနပ်ရိက္ခာ၏ (၄၂) ရာခိုင်နှုန်း ခန့်ပျက်စီးခဲ့ပြီး ဒုက္ခသည် မိသားစု (၅၅) ရာခိုင်နှုန်းသည် တနေ့စာ စားသောက်ရန်အတွက်သာ ရှိသည်ဟုဆိုသည်။ 

ဒုက္ခသည် လူဦးရေ (၉၂၄,၀၀၀) ခန့်သည် လာမည့်နိုဝင်ဘာ စပါးမပေါ်ခင်ထိ အစားသောက် များ လိုအပ်လျှက်ရှိပြီး ကျန်လူဦးရေ (၃၀၀,၀၀၀) ကျော်မှာ ၂၀၀၉ ခုနှစ်၊ ဧပြီလအထိ ရိက္ခာများ ဆက်လက်လိုအပ်လျှက်ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com