Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

နေအိမ်ဆောက်ပေးမည်ဟုဆိုကာ အိမ်ရာများသိမ်းဆည်းပြီး ငွေကြေးတောင်းယူ

ဖြိုးကြီး။ ဇူလိုင် ၁၄၊ ၂၀၀၈ 

မုန်တိုင်းသင့်ဒေသများမှ မြေနေရာများကို အိမ်ပြန်ဆောက်ပေးမည်ဟုဆိုကာ သိမ်းယူပြီးနောက် နေရာသစ်များတွင် နေထိုင်လိုသူများကို ငွေ (၅) သိန်းပေးရမည်ဟု တောင်းခံနေသည့်အတွက် ဒေသခံများ အခက်အခဲဖြစ်နေသည်။ 

ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာ (၂) ရပ်ကွက်တွင် ထူးကုမ္ပဏီက အိမ်နေရာများကို အကုန်သိမ်းယူခဲ့ပြီး အခြားနေရာတွင် နေအိမ်များဆောက်လုပ်ထား၍ နေထိုင်လိုသူများထံမှ  ငွေအရစ်ကျ ပေးချေရမည်ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

ထိုကဲ့သို့ ငွေပေးသွင်းရန်မရှိသည့်အိမ်ထောင်စုများမှာ ယခင်နေရာများတွင် ပြန်လည်ဆောက် လုပ်ခွင့်ပေးရန်ပြောဆိုသော်လည်း ခွင့်မပြုသည့်အတွက် ဆန်စက်များဘေးတွင် ယာယီတဲများ ထိုး၍ နေထိုင်နေရကြောင်း ဒေသခံတဦးက ပြောသည်။ 

ကျနော်တို့ အရင်နေရာလေးမှာဘဲ အိမ်လေးဆောက်ပါရစေဆိုတာကို သူတို့က လက်မခံဘူး၊ မင်းတို့ပိုက်ဆံသွင်းနိုင်ရင် အိမ်ရမယ်၊ မသွင်းနိုင်ရင် မရဘူး၊ အဲလိုပြောလွှတ်လိုက်တာ၊ လုံးဝပြန် မရဘူး၊ အဲလိုဖြစ်နေတယ်” ဟုပြောသည်။ 

အဆိုပါအိမ်နေရာများ သိမ်းဆည်းခံရသူများမှာ စက်ဆန်း (၂) ရပ်ကွက်အတွင်းမှ ကိုရွှေဝင်း၊ သန့်ဇော်ဦး၊ ကိုမောင်ခင်ဝင်း၊ ကိုမျိုးဝင်း၊ ကိုမြင့်သောင်း၊ ကိုခင်မောင်အေး၊ ကိုသက်နိုင်၊ ခင်မောင်လတ်၊ ခင်မောင်ဇင်၊ ကိုခင်ဇော်တို့အပြင် စုစုပေါင်းအိမ်ထောင်စု (၃၈) စု ပါဝင်သည်။ 

သိမ်းဆည်းခံရသည့် မြေနေရာများတွင် ခြေမြန်တပ်မ (၆၆) မှ အလံများစိုက်ထူထားပြီး ရွာသား များက နေအိမ်များဆောက်လုပ်ခွင့်ပေးရန်ပြောဆိုရာ ပိုင်ဆိုင်ကြောင်းအထောက်အထား မြေဂရမ်များပြသရန် အရာရှိတဦးက ပြောဆိုခဲ့သည်။ 

ထူးကုမ္ပဏီမှ လက်ရှိဆောက်လုပ်ပြီးစီးသွားသည့် အိမ် (၅၇) လုံးတွင် အရစ်ကျ တနှစ်တသိန်း ပေးသွင်းကြရမည်ဖြစ်ပြီး ကျေးရွာအာဏာပိုင်များက ၎င်းတို့နှင့်နီးစပ်သည့် ရာအိမ်မှူး၊ ဆယ် အိမ်မှူးအား နီးစပ်သလိုခွဲတမ်းချထားပေးပြီး ၎င်းတို့မှာ ရွာတွင်အိုးအိမ်များရှိနေသူများဖြစ် သည်။ 

“မြေတွေအိမ်တွေအသိမ်းခံရတဲ့ အိမ်ထောင်စု (၃၈) စုက နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ တိုင်းမှူးဆီကို လိပ်မူပြီး အသနားခံစာ ပြီးခဲ့တဲ့ (၁၀) ရက်နေ့ပို့ထားတာလည်း အခုအထိ အကြောင်းမပြန်ဘူး” ဟု ဒေသခံတဦးကပြောသည်။ 

စစ်အစိုးရက မုန်တိုင်းသင့်ဒေသများ ပြန်လည်တည်ထောင်ရေးအတွက် စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့်ကုမ္ပဏီများအား ဒေသအလိုက်ခွဲတမ်းချလုပ်ကိုင်ခွင့်ပြုခဲ့ရာ ဦးတေဇပိုင် ထူးထရေး ရှင်းကုမ္ပဏီက ဘိုကလေးမြို့နယ်တွင် လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး စက်ဆန်း (၂) ရပ်ကွက်တွင် နေအိမ် အလုံး(၁၀၀) ဆောက်လုပ်နေခြင်းဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com