Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

သံဃာ့တပ်ပေါင်းစုခေါင်းဆောင်အရှင်ဂမ္ဘီရအား ရုံးမထုတ်ဖြစ်

ဗထူး။ ဇူလိုင် ၁၅၊ ၂၀၀၈ 

သံဃာ့တပ်ပေါင်းစု ခေါင်းဆောင်အရှင်ဂမ္ဘီရအား အာဏာပိုင်များက အပြင်ရုံးထုတ်ခြင်းမရှိဘဲ ထောင်တွင်း၌သာ ရမန်ဆက်လက်ယူထားသည်။ 

အရှင်ဂမ္ဘီရအား ရုံးထုတ်မည်ဆိုသည့်အတွက် ယနေ့ နံနက်(၆) နာရီကတည်းက သွားရောက် စောင့်ဆိုင်းနေခဲ့ပြီး နေ့လည် (၂) နာရီကျော်သည်အထိ ရုံးထုတ်ခြင်းမရှိသည့်အတွက် ပြန်လာရ သည်ဟု အစ်မဖြစ်သူ မခင်ဖြူထွေးက ပြောသည်။ 

ထိုကဲ့သို့ ရုံးမထုတ်ဖြစ်ခဲ့သည့် အခြေအနေနှင့်ပတ်သက်၍့ အစ်မဖြစ်သူက “ထောင်မှူးကို မေး လိုက်တော့ သူကဖုန်းဆက်သေးတယ်၊ စာရင်းကိုလည်းကြည့်သေးတယ်၊ အထူးရုံးမှာ ထုတ် တယ်ဆိုရင် စာရင်းထဲမှာ ကြည့်လိုက်တော့လည်း မပါဘူး၊ အဲဒါနဲ့ ဖုန်းဆက်ပေးပါဆိုတော့ ဒီနေ့ ရုံးချိန်းကတော့ ဟုတ်တော့ဟုတ်တယ်၊ ထုတ်မထုတ်ကိုတော့ မသိဘူးလို့ပြောတယ်” ဟု ပြော သည်။ 

ယမန်နေ့က ထောင်ဝင်စာသွားတွေ့စဉ်က အစားအသောက်များပေးပို့ခဲ့ပြီး အရှင်ဂမ္ဘီရနှင့်လည်း တွေ့ခွင့်ရခဲ့ကြောင်း၊ ၎င်းတို့အား ယခင်က စွဲဆိုထားသည့် ပုဒ်မ (၁၃/၁)၊ (၁၇/၁) တို့အစား ပုဒ်မ(၅) ညသို့ ပြောင်းလဲစွဲဆိုလိုက်သည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။ 

အရှင်ဂမ္ဘီရ၏ ထောင်တွင်းကျန်းမာရေး အခြေအနေနှင့်ပတ်သက်၍ “ကျန်းမာရေးအခြေအနေ ကတော့ ကောင်းတယ်၊ ဟိုတလောကတော့ အစာအိမ်ရောင်လို့၊ ကျန်တာကတော့ မွေးနေ့တုန်း က မွေးနေ့ကိတ်ပို့တာ မရဘူး၊ သူ့ဒကာမ တယောက်က ပန်းပင်ပေးတာလဲ ပို့လို့မရဘူး” ဟု ဆက်လက်ပြောသည်။ 

ထို့အပြင်အရှင်ဂမ္ဘီရ၏ အစ်ကိုဖြစ်သူ ကိုအောင်ကျော်ကျော်ကိုလည်း ရုံးမထုတ်ဖြစ်ကြောင်းနှင့် စွဲဆိုထားသည့်ပုဒ်မ အတူတူဖြစ်ကာ ကျောက်တံတားတရားရုံးမှာပင် ရုံးထုတ်မည်ဟုပြော သည်။ 

အာဏာပိုင်များက အရှင်ဂမ္ဘီရအား ယခင်က အလုံ၊ ရန်ကင်းတရားရုံးများတွင် ရုံးထုတ်စစ်ဆေး ခြင်းများ ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် မတ်လ (၁၇) နေ့မှစ၍ ရုံးထုတ်စစ်ဆေးမှုများ ရပ်တန့်ထားခဲ့ ကာ ယနေ့ပထမဆုံးပြန်လည် ရမန်ယူခြင်းဖြစ်၍ လက်ရှိအင်းစိန်ထောင် တိုက် (၁)၊ အဆောင် (၁) တွင် ထားရှိသည်။ 

အရှင်ဂမ္ဘီရသည် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလက  နိုင်ငံအ၀ှမ်း ပတ္တနိက္ကုဇနကံဆောင်ကာ သံဃာများ လမ်းလျှောက်ကြွချီမေတ္တာပို့ခဲ့သည့် လှုပ်ရှားမှုတွင် ဦးဆောင်သံဃာတော်တပါး အဖြစ်ပါဝင်ခဲ့ပြီး စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com