Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

မြန်မာနိုင်ငံမှ နာမည်ကျော်စီးပွားရေးလုပ်ငန်းရှင်ကို မူးယစ်ဆေးဝါးမှောင်ခိုမှုဖြင့် တရားစွဲဆို 

ာဏ်မောင်။ ဇူလိုင် ၁၀၊ ၂၀၀၈ 

စစ်အစိုးရအာဏာပိုင်များက မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် စီးပွားရေးလုပ်ငန်းရှင်တဦးနှင့် မလေးရှားနိုင်ငံသားတဦးတို့ကို တရားစွဲဆိုထားသည်။ 

အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများလုပ်သည့် မိသားစုစီပွားရေးလုပ်ငန်းပိုင်ရှင် မောင်ဝိတ်နှင့် မလေးရှားနိုင်ငံသား ပီတာတူးတို့ကို ဇွန်လ (၁၀) ရက်နေ့မှ စတင်၍ ရုံးထုတ်စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့အရာရှိတဦးက ယမန်နေ့က အတည်ပြုပြောကြားလိုက်ဖြစ်သည်။ 

အဆိုပါစီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်သည် စစ်အစိုးရထိပ်ပိုင်းခေါင်းဆောင်များ၏ သားသမီး များနှင့် အနုပညာရှင်အသိုင်းအ၀ိုင်းများကြားတွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်း များ ပြုလုပ်ခဲ့သည်ဟုဆိုသည်။ 

ထို့အပြင် ၎င်းတို့နှင့်အတူ အောင်မင်း၊ နေထွန်းလွင်၊ ကျော်ဖုန်းနိုင်၊ ကျော်လှိုင်၊ ကျော်ကျော်ဝင်း တို့အား ၂၀၀၃ ခုနှစ် မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်ဖောက်ကားမှုဖြင့် တရားစွဲဆိုထားပြီး ထောင်ဒဏ်တသက်တကျွန်းကျနိုင်သည်ဟု ရဲတပ်ဖွဲ့အရာရှိတဦးက ဆိုသည်။ 

မောင်ဝိတ်သည် စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့် ပေါင်းကာစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသူဖြစ်ပြီး ၎င်းအားမူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုဖြင့် မေလ (၃၀) ရက်နေ့ တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ အဆိုပါသတင်းနှင့်ပတ်သက်၍ စစ်အစိုးရသတင်းဌာနများက တရားဝင်ဖော်ပြခဲ့ခြင်း မရှိခဲ့ပေ။ 

ထို့အတူ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်၏သားဖြစ်သူ ရဲတံခွန်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် အောင်ဇော်ရဲမြင့်အား အဆိုပါမူးယစ်ဆေးဝါးရောင်းဝယ်မှုများနှင့် ပတ်သက်၍ ဖမ်းဆီးစစ်ဆေးမှု များ ပြုလုပ်ခဲ့သော်လည်း ယနေ့ထိတရားစွဲဆိုခြင်း မရှိသေးကြောင်း အဆိုပါရဲအရာရှိက ဆက် လက်ပြောသည်။ 

ယင်းကဲ့သို့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေမှုများသည် မြန်မာနိုင်ငံအတွင်း၌ ပျံ့နှံ့နေ လျှက်ရှိပြီး နအဖထိပ်သီးခေါင်းဆောင်ပိုင်း စစ်ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သောအသိုင်းအဝိုင်းမှ သူများလည်း ပါဝင်ပတ်သက်နေလျှက်ရှိသည်။ 

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် ဘိန်းအများဆုံးစိုက်ပျိုးထုတ်လုပ်သော နိုင်ငံတခုဖြစ်ပြီး ယခု ထပ်မံထုတ်လုပ်သည့် ဟီိးုးအင်းနှင့်မက်သဖက်တမင်း (Methamphetamines) မူးယစ်ဆေးဝါး များ အဓိကထုတ်လုပ်ရောင်းချနေသော နိုင်ငံတခုအဖြစ် ထင်ရှားလျှက်ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com