Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ကုလကိုယ်စားလှယ်အား စစ်အစိုးရဖိတ်ခေါ် 

ဉာဏ်မောင်။ ဇူလိုင် ၁၆၊ ၂၀၀၈ 

ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂန်ဘာရီအား ရှေ့လအလယ်ပိုင်းတွင် အလည်အပတ် လာရောက်ရန် စစ်အစိုးရက ဖိတ်ခေါ်လိုက်သည်။ 

အထူးကိုယ်စားလှယ်၏ ယခုလအတွင်းသွားမည့် မူလအစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ပြီးနောက် ယခုကဲ့သို့ စစ်အစိုးရဖိတ်ခေါ်ချက်ကို ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင့်ဆွေက ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ 

အထူးကိုယ်စားလှယ် မစ္စတာဂန်ဘာရီ သွားရောက်မည့်ကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ မစ္စ မာရီအိုကဘဲက “မြန်မာအာဏာပိုင်တွေဟာ မစ္စတာဂန်ဘာရီကို ပုံမှန် ဖိတ်တာထက် ပိုတိုးချဲ့ပြီးဖိတ်ကြားတာ ဖြစ်ပါတယ်၊ သူသွားလာမဲ့အချိန်ဇယားတွေ၊ အစီအစဉ်နဲ့ ခရီးစဉ်ရည်ရွယ်ချက်တွေကိုလဲ ဆက်လက် ထုတ်ပြန်ကြေညာပေးပါမယ်”ဟု ပြောသည်။ 

၂၀၀၇ ခုနှစ်စက်တင်ဘာလအတွင်း သံဃာနှင့်ပြည်သူတို့၏ လှုပ်ရှားမှုအား စစ်အစိုးရမှ အကြမ်းဖက် နှိမ်နင်းခဲ့သည့်အတွက် ကုလသမဂ္ဂမှ မစ္စတာဂန်ဘာရီအား အထူးကိုယ်စားလှယ် ခန့်အပ်ကာ မြန်မာ့နိုင်ငံရေးတိုးတက်လာစေရန် တာဝန်ပေးအပ်ခဲ့သည်။ 

မစ္စဂန်ဘာရီအနေဖြင့် ယင်းသို့သွားရောက်ပြီးနောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အစီရင် ခံစာ တင်သွင်းခဲ့ရာ ခရီးစဉ်မအောင်မြင်ကြောင်း ကုလအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က ထုတ်ဖော်ပြောဆိုခဲ့သည်။ 

မေလ (၂) ရက်နေ့ကတိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင်း လူဦးရေသိန်းချီသေဆုံးကာ သန်းချီသော မြန်မာလေဘေးဒုက္ခသည်များအား နိုင်ငံတကာမှ ကူညီထောက်ပံ့ပေးမည့် အစီအစဉ်အား စစ်အစိုးရက ကန့်သတ်ထားနေရာမှ လက်ခံလာစေရန် ကုလအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကိုယ်တိုင် မြန်မာနိုင်ငံသို့သွားရောက်ကာ စစ်အစိုးရထိပ်ပိုင်းခေါင်းဆောင် များကို ဖိအားပေးခဲ့သည်။ 

စစ်အစိုးရက ကုလကိုယ်စားလှယ်အား ဖိတ်ကြားစာကို လက်ရှိကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌဖြစ်သော ဗီယက်နမ်နိုင်ငံသံအမတ်ကြီး လီလျောင်မင်းထံတွင် အပ်နှံပေးပို့ ထားသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com