Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

လူ့အခွင့်အရေးချိုးဖောက်ခံရသူများ တိုင်ကြားနိုင်ရန် AAPP က စာအုပ်ထုတ်ဝေ 

ရိုးမ ၃။ ဇူလိုင် ၂၈၊ ၂၀၀၈ 

AAPP book Coverမြန်မာနိုင်ငံတွင် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်နေခြင်းများ ကို ပြည်သူများအနေဖြင့် ကုလသမဂ္ဂသို့ တိုင်ကြားနိုင်ရန် နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောင့်ရေးအသင်း (AAPP) က စာအုပ်ထုတ်ဝေဖြန့်ချိ လိုက်သည်။ 

မြန်မာနိုင်ငံသားများ နေ့စဉ်နှင့်အမျှ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကို တစုံတရာ ကာကွယ်ပေးနိုင်ရန် ရည်ရွယ် ပြီး အဆိုပါစာအုပ်ကို ထုတ်ဝေခြင်း ဖြစ်ကြောင်း (AAPP) က ပြောဆိုသည်။ 

စာအုပ်အမည်မှာ “ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အဓိကလုပ်ငန်း ယန္တရားများ(၂၀၀၂)၊ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းဆောင်ရွက်ချက်များ” ဖြစ်ပြီး မူရင်းစာတမ်းကို လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI)နှင့် အင်္ဂလန်နှင့် ဝေးလ်စ် ဥပဒေရေးရာအဖွဲ့(The Law Society) တို့မှ ၂၀၀၂ ခုနှစ်တွင် ပူးတွဲထုတ်ဝေခဲ့ခြင်းဖြစ်သည်။ 

စာအုပ်တွင် အသစ်ဖွဲ့စည်းခဲ့သည့် ကုလလူ့အခွင့်အရေးကောင်စီအကြောင်းနှင့် အခွင့်အရေး ဆိုင်ရာ လုပ်ငန်းစံနစ် (၂၈) ခုနှင့် ဆိုးဝါးစွာ လူ့အခွင့်အရေးချိုးဖောက်သည့် နိုင်ငံများအား ကိုင်တွယ်အရေးယူနိုင်ရန် အထူးလုပ်ငန်းစံနစ် (၁၃) ခုပါဝင်ပြီး ယခုစာအုပ်အား လူ့အခွင့်အရေး လုပ်ငန်းများနှင့် ဆက်စပ်လုပ်ကိုင်နေသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် လူ့အခွင့်အရေး ကို စိတ်ဝင်စားသူများထံ အဓိက ဖြန့်ဝေခြင်းဖြစ်သည်။ 

(AAPP)အတွင်းရေးမှူး ကိုတိတ်နိုင်က“ လူ့အခွင့်အရေးကာကွယ်ဖို့ဆိုတဲ့ကိစ္စမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရသူကလဲ သူတို့ ဘာအခွင့်အရေးတွေရှိပြီး ဘာတွေချိုးဖောက်ခံနေရတယ်၊ ချိုးဖောက်သူ ဘယ်သူလဲ၊ ဘယ်လိုပုံစံနဲ့လဲ၊ အချက်အလက်ခိုင်လုံအောင် ဘယ်လိုစုဆောင်း မလဲ၊ ဘယ်ကိုတိုင်ရမလဲ၊ ဘယ်လိုတိုင်ရမလဲ၊ ကုလသမဂ္ဂအနေနဲ့ ဘယ်လိုအရေးယူဆောင်ရွက် မှုတွေ လုပ်ပေးနိုင်သလဲဆိုတာ သိထားဖို့လိုတယ်”ဟု ပြောသည်။ 

ယခုထုတ်ဝေလိုက်သည့်စာအုပ်တွင် လူ့အခွင့်အရေးချိုးဖောက်ခံရပါက လုပ်ကိုင်နိုင်ရန် အသေးစိတ်အချက်အလက်များအပြင် လူ့အခွင့်အရေချိုးဖောက်ခံရသည့် အခြေအနေအမျိုးမျိုး အတွက် တိုင်ကြားရန် လိပ်စာများကိုပါ ထည့်သွင်းထားသည်ဟု ၎င်းက ဆက်ပြောသည်။ 

တရားဥပဒေမဲ့စွာ သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ဘာသာရေးနှင့် လူမျိုးရေးအရ ခွဲခြားခံရမှု၊ အဓမ္မ လယ်ယာသိမ်းဆည်းမှု၊ မတရားဖမ်းဆီးထိန်းသိမ်းမှုများ ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ အတွင်းမှ နိုင်ငံသားများအနေဖြင့် မိမိတို့အခွင့်အရေးများ ဆုံးရှုံးမှုကို ကုလသမဂ္ဂသို့တင်ပြနိုင်ရန် ယခု (AAPP)မှ ထုတ်ဝေလိုက်သည့်စာအုပ်မှာ လေ့လာထားသင့်သည့် စာအုပ်တအုပ်ဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com