Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ကုလသမဂ္ဂမှ မြန်မာနိုင်ငံတွင် အရေးပေါ်ဆက်သွယ်ရေးဌာန တည်ထောင် 

ဉာဏ်မောင်။ ဇူလိုင် ၇၊ ၂၀၀၈ 

ရန်ကုန်မြို့တွင် ကုလသမဂ္ဂမှ အရေးပေါ်ဆက်သွယ်ရေးစင်တာ (ETC) တခုဖွင့်လှစ်လိုက်သည် ဟုဆိုသည်။ 

သဘာဝဘေးဒုက္ခသည်များအတွက် ကယ်ဆယ်ရေးလုပ်သားများနှင့် ပြန်လည်တည်ဆောက် ရေး လုပ်ငန်းများလုပ်ဆောင်ရာတွင် ပိုမိုအဆင်ပြေစေရန်အတွက် ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း အပတ်စဉ်ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံမှ ဝန်ထမ်းများကို ကုလသမဂ္ဂပညာရှင်များက ဆက်သွယ်ရေးလုပ်ငန်းများ လျှင်မြန် စွာ လုပ်ကိုင်နိုင်ရန်အတွက် ယခုလက်ရှိသင်တန်းများပေးနေသည်ဟု ဖော်ပြထားသည်။ 

ဘန်ကောက်အခြေစိုက်လူမှုရေးအဖွဲ့များနှင့် မုန်တိုင်းဒဏ်အများဆုံးခံခဲ့ရသည့် ဧရာဝတီတိုင်း နှင့် ရန်ကုန်တိုင်းတို့တွင် ရောက်ရှိနေသော ကယ်ဆယ်ရေးလုပ်သားများအတွက် ကုလသမဂ္ဂမှ စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်ဟုဆိုသည်။ 

ထို့အပြင် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၊ UNDP နှင့်အခြားနိုင်ငံတကာ NGO အဖွဲ့များက လပွတ္တာ၊ ဘိုကလေး၊ ဖျာပုံ၊ မော်လမြိုင်ကျွန်းနှင့် ပုသိမ်မြို့နယ်များသို့ အစားအသောက်နှင့် ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်ဖြန့်ဖြူးရန်အတွက် ရည်ရွယ်ထားသည်ဟု အဆိုပါဂျာနယ် တွင် ဆက်လက်ဖော်ပြထားသည်။ 

နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း သေဆုံးသူ ၈၄,၅၃၇ ဦး၊ ပျောက်ဆုံးသူ ၅၃,၈၃၆ နှင့် ၁၉,၃၅၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု စစ်အစိုးရ ဖွားသေစာရင်းဌာနက တရားဝင် နောက်ဆုံးထုတ်ပြန် ကြေညာထားသည်။ 

စစ်အစိုးရပိုင် မီဒီယာများက လေဘေးဒုက္ခသည်များအတွက် ထိရောက်သည့်အကူညီများ၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည်များနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ကို လုပ်ဆောင်နေသည်ဟု ကြေညာနေသော်လည်း မည်သည့်အကူအညီမှ ရောက်ရှိခြင်း မရှိသေးကြောင်း ဘိုကလေးမြို့နယ်အတွင်းမှ လယ်သမားတဦးက ပြီးခဲ့သည့်နှစ်ရက်ခန့်က ပြောဆိုခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com